ခင်း

in HIVE-MYANMAR15 days ago

မြန်မာစံတော်ချိန် နက်ဖြန် မနက် ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယကျော့ ပွဲစဉ် အချို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ Barcelona vs PSG and Dortmund vs Atletico Madrid တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ PSG အိမ်ကွင်းမှာတုန်းက Barcelona တို့ 2-3 ဖြင့် အနိုင်ရထားခဲ့၏။ ခု အိမ်ကွင်းမှာ သရေ ကစားရုံဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်း နိုင်မည် ဖြစ်၏။ Atletico ကတော့ အိမ်ကွင်းမှာ ကစားစဉ်တုန်းက Dortmund ကို 2-1 ဂိုးဖြင့် အနိုင်ရထားခဲ့၏။ Dortmund တို့၏ အိမ်ကွင်းမှာ ဖိအားပေး ကစားမည့်ဒဏ်ကို Atletico တို့ တောင့်ခံ နိုင်မလားကတော့ ဆက်လက် စောင့်ကြည့် ရပေ လိမ့်မည်။

ဒီနေ့ မနက် အစောမှာ ကစားခဲ့သည့် EPL Round 33 ၏ ပွဲကျန် တပွဲ ဖြစ်သည့် Chelsea vs Everton တို့ ပွဲမှာတော့ Chelsea အသင်းက 6-0 ဖြင့် ဂိုး ပြတ် အနိုင်ရသွားခဲ့၏။ အိမ်ကွင်းမှာဆို ပုံစံကောင်းတွေ ပြလေ့ ရှိသည့် Chelsea ယခုပွဲကိုလည်း ဂိုးပြတ်သွင်းကာ အနိုင်ယူ သွားခဲ့လေ၏။ Cole Palmer တဦးထဲက 4 ဂိုးသွင်းယူ သွားခဲ့၏။ Round 31 Man United နှင့် ပွဲတုန်းကလည်း hat trick သွင်းယူနိုင်ခဲ့သည့် Palmer ယခု Round 33 မှာလည်း hat trick ထပ်ရသွားခဲ့ ပြန်၏။

21 နှစ် အရွယ် ချာတိတ်လေးကတော့ အစွမ်းတွေ ပြနေခဲ့၏။ တချို့များဆို Chelsea FC ဟု မခေါ်တော့ဘဲ Palmer FC ဟုပင် ပြောင်းခေါ်နေကြပြီ ဖြစ်၏။ ပြောလည်း ‌ပြောချင်စရာပင်။ ဒီရာသီ Chelsea ကို ထမ်းတင်ထားပေးသူမှာ Palmer ဟု ပြောလျှင် ငြင်းကြမည် မထင်ပေ။ Man City အကယ်ဒမီထွက် ကစားသမား တယောက် Chelsea မှာ ထွန်းတောက်လို့ နေ၏။

ချန်ပီယံလိဂ် ပွဲတွေ ကြည့် ဖြစ်မလားတော့ မသိသေးပေ။ ဒီနေ့ အုတ်ကန်ဘေးနားက ချိုင့်ခွက်တွေ များနေသဖြင့် ရှိသည့် သဲ၊ ဘိလပ်မြေတို့နှင့် အကြမ်းလောင်းခြင်း ကိစ္စကို တတ်သလောက်လေး လုပ်ထား၏။ လုပ်နေကြ မဟုတ်တာရယ်၊ ရာသီဥတုက ပူတာရယ်နှင့် လုပ်လည်း လုပ်ပြီးသွားရော လူလည်း ညောင်းကိုက်နေတော့၏။ ဒါတောင် မနက်ခင်း အစောထပြီး လုပ်ခြင်း ဖြစ်၏။ လုပ်ရင်း ကိုင်ရင်းက နေမြင့်သွားခြင်း ဖြစ်၏။ နေ့လည်လာစားပြီးနောက် ဆေးတော့ ကြိုကြိုတင်တင် သောက်ထားလိုက်၏။

အမေကတော့ ပျော့ရန်ကောဟု ဆိုနေ၏။ အကြမ်းမခံဘူး ဘာညာပေါ့။ လုပ်နေကြ အလုပ်ဖြစ်မယ်ဆိုရင်တော့ အကျင့် ဖြစ်နေမှာမို့ ခု‌လိုမျိုးတော့ ဘယ် ကိုက်ခဲနေမှာလဲ။ နက်ဖြန် ဘောလုံး မကန် ဖြစ်လို့ တော်သေး၏။ သင်္ကြန်ပြီးရင် ပြိုင်ပွဲတွေ ရှိမည် ဆို၏။ Training လေး ဘာလေးတော့ သေချာ လုပ်ရပေလိမ့်ဦးမည်။ ယခု တကြိမ် ပြိုင်ပွဲမှာတော့ တခုခု အရယူချင်သေး၏။ ပထမဆုံး ပြိုင်ပွဲတုန်းက အုပ်စု အဆင့်၊ ဒုတိယတကြိမ် ပြိုင်ပွဲမှာတော့ ကွာတား ဖိုင်နယ် အဆင့်ထိ ရောက်ခဲ့၏။ ထို့ကြောင့် ယခုပြိုင်ပွဲမှာတော့ ထိုထက် မြင့်သည့် အဆင့်တခုခု ရယူနိုင်ဖို့ ကြိုးစားရမည် ဖြစ်၏။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻