
(ပန်း မလဲရသေးခင်)
ရာသီဥတု ပူလာမှု နှင့်အတူ နောက်ထပ် ကြုံရတာက ဘုရားပန်း ဖြစ်ချေ၏။ မမှန်သည့် လျှပ်စစ်မီး နှင့်အတူ ဘုရားပန်းတွေလည်း ကြာရှည် မခံတော့ပေ။ အေးသည့် အချိန်ထက် စာရင် ယခုလို ပူသည့်အချိန်မှာ ဘုရားပန်းက ညှိုးနွမ်းတာ ပိုပြီး မြန်လေ၏။ ဒါတောင် ရေကို ပုံမှန်လဲလှယ် ပေး၏။ ပြီး ကျနော်တို့က တောင်ပေါ်ဒေသ ဖြစ်နေလို့သာ၊ အပူပိုင်း ဒေသဆို ပိုဆိုးမလားပဲ။ ဒါပေမယ့်လည်း သူ့အရပ် သူ့ဒေသနဲ့ လိုက်သည့် ပန်းမျိုးတွေတော့ ရှိမှာပါပဲလေ။ အဆင်ပြေသလိုပေါ့။
အရာရာ ဈေးကြီးနေသည့် ခေတ်ထဲ ဘုရားပန်းတွေလည်း ဈေးကောင်းလှ၏။ လွန်လေပြီးသော နှစ်တွေတုန်းက ပန်းအမျိုးအစားပေါ် မူတည်ပြီး 500, 1000, 2000 လောက်သာ ရှိပေမယ့် ခုခါမှာတော့ 3500, 4000 က အနည်းဆုံး အောက်ထစ် ဖြစ်နေခဲ့၏။ ပိုပြီး ကြာကြာခံသည့် သပြေပန်းချည်း ဘုရားကပ်ရမယ့် ပုံပင်။ နို့ပေမယ့် အမေက ပန်းဆိုရင် အပွင့်အဖူးလေးတွေ ပါဦးမှ တွေးသူမို့ သပြေပန်းချည်း တင်ဖို့ရာမှာလည်း မဖြစ်နိုင်ပေ။
အိမ်မှာက ဘုရားပန်းအိုး 5 အိုးနဲ့ သပြေအိုး 1 အိုး ပေါင်း 6 ဦး ဖြစ်၏။ ပန်းအိုး 5 အိုးက ကြေးပန်းအိုးတွေ ဖြစ်ပြီး သပြေအိုးကတော့ ကြွေအိုး ဖြစ်၏။ သပြေအိုးက တအိုးသက်သက် ရှိနေပြီးပြီမို့ သပြေပန်းချည်း ကပ်လှူမယ့် ကိစ္စကို အမေက သိပ်သဘောမကျနေပေ။ ဒါဖြင့် အပွင့်တွေပါသည့် ဘွန်ဇိုင်း ပန်းအိုးလေးတွေ ကပ်လှူမလားမေးကြည့်တော့ ဘုရားစဉ်ပေါ်မှာ အဲ့လို ပန်းအိုးတွေ မတက်ချင်ပါဘူး ဆိုပြီး ပြောလေ၏။

(ဝယ်လာပြီ)
နောက်တော့ အို ဈေးတွေလည်း တအားကြီး များနေသေးတာမှ မဟုတ်ဘဲ ပန်းပဲ ကပ်ကြတာပေါ့ ဆိုသည့် အဖြေရ၏။ ဒါတောင် ကျနော်တို့က ဇော်လုံးနဲ့ ရောပြီး တင်လို့သာ။ ပန်းပွင့်ချည်း သက်သက်ဆိုရင်တော့ ဈေးပိုပေးရနိုင်၏။ ဘုရားပန်းကတော့ အမတွေ ကြုံရင် အမ၊ ကျနော် ကြုံရင် ကျနော် ဝယ်၏။ ဘုရားပန်းအိုးတွေ ဆေးကြောပြီး ပန်းကပ်လှူခြင်း အမှုကိစ္စကိုတော့ ကျနော် အများဆုံး လုပ်ဖြစ်၏။ ရသည့် ကုသိုလ်လေး ရသလို ယူပေါ့လေ။
ကြေးပန်းအိုးတွေဆိုတော့ မန်ကျည်းသီးမှည့်နဲ့ ပွတ်တိုက်ပြီးမှ ဆပ်ပြာနဲ့ တခါ ထပ်တိုက်ရ၏။ သို့မှသာ အရောင်လေး ဝင်းနေပေလိမ့်မည်။ ဘုရားကိုလည်း ရေသပ္ပာယ်ပေါ့။ ဒီနေ့ ဘုရားပန်း လဲလှယ် လှူဒါန်း ဖြစ်၏။ Hive မှာ မိတ်ဆွေများကို ကုသိုလ်မျှဝေပါ၏။

(ပန်း လဲလှယ် ပူဇော်ပြီး)
သာဓု သာဓု သာဓု။
!PIZZA
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
☺️
Hive.Pizza upvoted this post.
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Please vote for pizza.witness!
!LUV. !MEME
@donjaun, @chanmin(4/4) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: tanzil2024
Earn Crypto for your Memes @ HiveMe.me!