ဒီရက်ပိုင်း အိမ်က အတော်လေး တိတ်ဆိတ်နေ၏။ အိမ်၏ ဆည်းလည်း မှားလို့ ခေါင်းလောင်း ၂ လုံး တရားစခန်း ဝင်သွား သဖြင့် မကြုံစဖူး အလွန် တိတ်ဆိတ်လို့ နေတော့၏။ အိမ်မှာ အမေနဲ့ ကျနော်သာ ရှိ၏။ သားအမိ နှစ်ယောက် အေးအေးလူလူ စကားစမြည် ပြော၊ ဘာညာ လောက်သာ ရှိ၏။ အမေနဲ့ ကျနော်က နဂိုကကို စကားနည်းသူတွေ ဖြစ်ရာကား ခဏလောက် ပြောဆိုပြီးရင် ပြောစရာက မရှိတော့ပေ။ ရှေးဟောင်း နှောင်းဖြစ်တွေကလည်း တခါတလေမှသာ ပြောဖြစ်ကြသည်ကိုး။
ဒီရက်ပိုင်း သားအမိ နှစ်ယောက် စကားဝိုင်းက ကလေး ၂ ယောက် အကြောင်းသာ။ ဒီကောင်တွေ လုပ်နိုင်ရဲ့လား၊ အဆင်မှ ပြေရဲ့လား၊ ၇ ရက် မရရင်လည်း ၅ ရက်နဲ့ ပြောပြီး နားခိုင်းကြမလား အစရှိသဖြင့်ပေါ့။ ပြီး အမေက သင်္ကြန်တွင်း ဥပုသ် စောင့်သဖြင့် မွန်းလွဲ ညစာ စားမည့်သူက ကျနော် တယောက်သာ ရှိတော့၏။ အကြိုနေ့ မနက်က ဝယ်ထားသည့် ကြက်သား၊ ငါးကို ကြော်လှော်ထားပြီး ထမင်း ဆီစမ်း သို့မဟုတ် ထမင်းသုပ် စားဖို့သာ ရှိ၏။
ဆွမ်းလောင်းလှူနေကြ ကျောင်းတွေကလည်း သင်္ကြန်ပြီးမှ ပြန်ကြွကြမည် ဆိုသဖြင့် အိမ်ရှိ ဘုရား ဆွမ်းကပ်ဖို့သာ ဆွမ်းနှင့် ဆွမ်းဟင်း လိုမည် ဖြစ်၏။ လူကလည်း နှစ်ယောက်သာ ဒါတောင် တယောက်က ဥပုသ်နဲ့ဆိုတော့ ဟင်းကလည်း မယ်မယ်ရရ ချက်ဖြစ်ဖို့ မရှိသလို ချက်ဖို့လည်း မလိုနေပြန်ပေ။ ကလေး ရှိတဲ့ အိမ်နဲ့ ကလေး မရှိသည့်အိမ်က အတော်လေး သိသာ၏။ ၅ ရက် တပတ်လောက်တော့ တိတ်ဆိတ်နေပေလိမ့်မည်။
လုပ်စရာလည်း ထွေထွေထူးထူး မရှိနေသဖြင့် အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်တွေ လျှော်လိုက်၏။ အတက်နေ့၊ နှစ်ဆန်းတရက်နေ့တွေ လုပ်မနေ၊ ရွေးမနေတော့ဘဲ အကျနေ့ ဒီနေ့ ကတည်းက လျှော်ဖွပ်ထားလိုက်၏။ တလုပ်ပြီးသွားတာပေါ့။ စောင် အပါးဆိုတော့ အိမ်က အဝတ်လျှော်စက်နဲ့တင် ရ၏။ ထူရင်တော့ ပင်မင်း အပ်ပေါ့။
ဘာကြောင့်ရယ် မသိ သင်္ကြန်ကာလဆို တခြား အချိန်တွေထက် ပိုလို့ပင် ပျင်းနေ၏။ မပျော်တတ်သည့်ကြားထဲ ပျင်းပါ ပျင်းနေတော့ ကိုယ့်ကိုတောင် မည်သို့ နှစ်သိမ့်ရမယ် မသိပေ။ ပိုစ့် တင်ဖို့ အတွက် စာရေးပြီးရင်တော့ ရုပ်ရှင်ပဲ ကြည့်တော့မည်။
!hiqvote
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 3200 posts.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
ကျုပ်လည်း စောင်တွေ လျှော်အုံးမှ 😁
!LOLZ
!MEME
lolztoken.com
Which is why I still live with my parents.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: epic-fail
Earn Crypto for your Memes @ HiveMe.me!