Match Day

in HIVE-MYANMAR18 days ago


(photo from Manchester United Facebook Page)

ဒီနေ့ည EPL Round 33 ပွဲစဉ်များ ကစားသွားဖို့ ရှိ၏။ အသည်းကျော် ယူနိုက်တက်၏ ပွဲစဉ်လည်း ရှိ၏။ ဘယ်လိုပင် စိတ်ကင်‌ဆာ ပေးပေး အချိန်တန်တော့လည်း ပြန်ပြန်ရောက်လာရတာပါပဲ။ ချစ်မိတော့လည်း ဆက်လက် အားပေးရုံပေါ့။ ဒီနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ Bournemouth နဲ့ Manchester United တို့ ကစားသွားမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်က မှေးမှိန်သွားခဲ့ ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်လေးတော့ မျှော်မှန်းထား၊ သေချာအောင် ကစားထားဖို့တော့ လို၏။

အဆင့် ၇ နဲ့ ၈ က West Ham & New Castle တို့က ကိုယ်တွေနဲ့ အမှတ် သိပ်မကွာပေ။ United က 49 မှတ်၊ West Ham က ၁ ပွဲအသာဖြင့် 48 မှတ်၊ New Castle က 47 မှတ် အသီးသီး ရပ်တည်နေ၏။ United တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးစားလိုက်တာ ကိုယ့် ရှေ့က နှစ်သင်း Tottenham & Aston Villa ကို ကျော်တတ်ဖို့ မပြောနဲ့ လိုက်လို့လည်း မမှီခဲ့ပေ။ ကိုယ့်ရှေ့က သူတွေကိုသာ မမှီတာ ကိုယ့်နောက်က လူတွေက ကိုယ့်ကို မှီလာနေခဲ့ပြီ။

ကိုယ်တွေ အသင်းက ရသင့်သည့် အမှတ်တွေ မရ၊ နိုင်သင့်သည့် ပွဲတွေ မနိုင်တာက အတော် ဆိုးလှ၏။ FA Cup Quarter Final အဆင့်မှာ Liverpool ကို 4-3 ဖြင့် နိုင်ခဲ့ပြီး နောက် ကစားခဲ့သည့် EPL ၃ ပွဲလုံး တပွဲမှ အနိုင်မရထားသေးပေ။ ဆိုးတာက နောက်ဆုံး မိနစ်တွေမှာ ချေပဂိုးတွေ အနိုင်ဂိုးတွေ ပေးလိုက်ရခြင်း ဖြစ်၏။ ယခင် Sir Alex လက်ထက်တုန်းက အချိန်ပိုဆို ကိုယ်တွေအသင်းက ဂိုးသွင်းပြီး အနိုင်ယူနေကြ ဖြစ်၏။ ခုတော့ ...။

ဒီနေ့ညတော့ နိုင်တန်ကောင်းပါရဲ့။ နိုင်လည်း နိုင်သင့်နေပြီလေ။ ယတိပြတ်က ပြောမရသေး။ Bournemouth က နောက်ဆုံး အိမ်ကွင်း ၄ ပွဲဆက် ရှုံးပွဲ မရှိသေးပေ။ ပြီး နှစ်သင်း နောက်ဆုံး ကစားထားသည့် ၅ ပွဲမှာ Bournemouth ကတောင် United ထက် နိုင်ပွဲ ပိုများနေသေး၏။ စောင့်ကြည့်ရုံပေါ့။

ဒီနေ့မှာ အခြား Manchester အသင်း တသင်း၏ ပွဲစဉ်လည်း ရှိနေသေး၏။ သူတို့ကတော့ ချန်ပီယံ ဖြစ်ဖို့ ကြိုးစားနေတာပေါ့၊ ကိုယ်တွေ အသင်းနဲ့တော့ ပြောင်းပြန်ပေါ့လေ။ City တို့ အိမ်ကွင်းမှာ Luton Town နဲ့ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်၏။ သင်္ကြန် ဆိုပေမယ့်လည်း ကိုယ်မှ မပျော်တတ်၊ ဆိုင်လည်း မဆိုင်သလို ဆိုတော့ ဘောလုံးပွဲ ကြည့်ရင်းပဲ အနားယူ ပေါ့။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !COFFEE from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻