Mi Max (Chapter 3)

in HIVE-MYANMARlast year

တိုင်ပတ်ပြီး အကြာဆုံး နေရာက ဒီနေရာမှာ စတော့၏။ adb driver နဲ့ fastboot driver သွင်းထား၏။ install လုပ်လို့ ရသွားပေမယ့် adb driver က ! ပြနေ၏။ error ဖြစ်နေတာ ဖြစ်မည်။ error fix ဖို့ google ခေါက်၏။ တွေ့တဲ့ နည်းတွေ အကုန် စမ်းကြည့်သော်လည်း မရနေပေ။ adb သိမှ recovery flash လို့ ရနိုင်ပေမည်။ ဒါမှသာ custom rom သွင်းလို့ ရမည်။ ပြီး magisk root လည်း သွင်းလို့ ရမည်။

PC မလိုဘဲ twrp သွင်းဖို့ ဆိုရင် root အရင် လုပ်ထားဖို့ လိုမည်။ twrp app ကနေ twrp image ကို flash လို့ ရ၏။ သို့နှင့် root အရင် လုပ်ကြည့်၏။ kingo root နဲ့ စမ်းကြည့်၏။ မရပေ။ Magisk နဲ့ ဆိုရင်ကော၊ Magisk ကိုက ကျနော်က twrp recovery ကနေသာ သွင်းဖူး၏။ recovery အရင် သွင်းပြီးမှ rom flash, google apps တွေ flash နောက်ဆုံးမှ Magisk flash ခြင်း ဖြစ်၏။


screenshot from tta channel

recovery မရှိဘဲ magisk သွင်းလို့ မရဘူးလား ဆိုတော့ မဟုတ်၊ ရ၏။ ဒါပေမယ့် လက်ရှိ မိမိ သုံးနေသည့် rom ၏ system boot.img ရှိမှ ရမည် ဖြစ်၏။ မိမိ firmware ထဲကနေ ထို boot.img ကို တနည်းနည်းနဲ့ ယူထားပြီး ထို img file ကို magisk app ထဲမှာ ပြင်ဆင် လိုက်ရင်ရ၏။ ကျနော် လုပ်ဖူးနေကြ နည်းလမ်းမျိုးတော့ မဟုတ်၊ ကျနော် သိပ် မကျွမ်းကျင်သည့် ပုံစံ မျိုး ဖြစ်၏။ ဒါပေမယ့် အဆိုပါ original img ကို ပြင်ဆင်ထားသည့် magisk img ကို သွင်းဖို့ကြပြန်တော့ pc လို၏။ ဒါဆိုရင် adb fastboot drive သိဖို့လို၏။

ခုဟာက driver သွင်းမရတာ မဟုတ်၊ သွင်းထားပြီး (!) ပြနေတာ။ error fix ဖို့ နည်းလည်း ပေါင်းစုံနေပြီ။ windows 10 64 bits တွေမှာ အဲ့လို ပြဿနာတွေ ကြုံရလေ့ ရှိကြောင်း ခုလိုက်ရှာကြည့်ရင်း တွေ့မိ၏။ windows 10 ကိုမှ 32 bits ဆိုရင်တော့ အဲ့လောက် မခက်ကြောင်း သိရ၏။ ထို့ကြောင့် service ဆရာ အများစုက windows 7 ပဲ တင်ကြတာ များ၏။

pc ကော laptop မှာကော စမ်းကြည့် ပြီးပြီ၊ မရ။ laptop က windows 10, PC က windows 11 နှစ်မျိုးလုံးက 64 bits တွေ။ မရသည့် အဆုံး ph service လုပ်သည့် သူငယ်ချင်း ထံ သွားဖို့ ပြင်ရတော့၏။ twrp recovery လေး သွင်းလို့ ရရင် ရပြီ။

ဆက်ရန်

Sort:  

PIZZA!

$PIZZA slices delivered:
@uthantzin(6/10) tipped @donjaun (x1)

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/2) but the daily limit has been reached or the mana is too low. Try again later.

As a consolation, @donjaun gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more