
မိုးက မနက်ခင်း အစောကြီး ရွာနေ၏။ သင်္ကြန် တွင်းကြီး။ ပြီး နွေရာသီ။ မသိရင် မိုးရာသီ အလား ထင်မှတ်မှားလောက်၏။ မနက်ခင်းကိုမှ သံဃာတော်တွေ ဆွမ်းခံကြွချိန်ကြီး ထရွာခြင်း ဖြစ်၏။ တကယ့်ကို အချိန်ကိုက်ကြီး။
ခုတလော အမေ့ကို မနက်ဖက် ဆွမ်းထလောင်းကူနေတာ နှစ်လလောက် ရှိတော့မည်။ အမေက ချက်တာ ပြုတ်တာ ရနေသေးပေမယ့် တချို့ ပစ္စည်းတွေ သယ်ယူရာမှာ အနည်းငယ် အဆင် မပြေ ဖြစ်ရ၏။ လက်တွေက မမြဲတော့ပေ။ ဆွမ်းတော်ဗန်းကို သယ်ယူဖို့ အမေ့အတွက် ခက်လှ၏။ တုန်တုန် တုန်တုန်နဲ့ ဆိုတော့ ဆွမ်း၊ ဆွမ်းဟင်း ပန်းကန်တွေ ဖိတ်ကုန်တာမျိုးတွေ ရှိလာနိုင်၏။ ပြီး ဆွမ်းခံကြွသည့် သံဃာတော်နှင့် အိမ်သို့ ကြွသည့် ကိုရင်လေးတွေကို ဆွမ်းလောင်းလှူရသေး၏။
အနှီ ဆွမ်းလောင်းခြင်း အမှုကိုတော့ အဒေါ် နှင့်အတူ လောင်းလှူ ဖြစ်၏။ အဒေါ် တလှည့်လောင်း လှူလိုက်၊ ကျနော် တလှည့် လောင်း လှူလိုက်နှင့်ပေါ့။ အများအားဖြင့်တော့ သံဃာတော် ဆွမ်းတန်းကို အဒေါ် လောင်းလှူလေ့ ရှိ၏။ ဒီနေ့ကတော့ မိုးရွာနေသဖြင့် ထီးယူပြီး လိုက်ကူ ပေးခဲ့၏။ ရှေ့က ကြေးစည်တီးသည့် ကိုရင်လေးတွေ စတင်ကြွလာ ကတည်းက မိုးက စတင်ပြီး ရွာလာခဲ့၏။
တဖြည်းဖြည်းနဲ့ မိုးက ကြီးလာခဲ့၏။ စောင့်နေရင်း စောင့်နေရင်း ပိုပိုလို့ ရွာလာခဲ့၏။ အင်း ခက်ပြီ။ အဒေါ်က သံဃာတော်တွေ မကြွလာလောက်တော့ဘူး ဆိုပြီး ပြန်ကြရအောင် ပြော၏။ သံဃာတော်တွေ ဆွမ်းခံကြွသည့် လမ်းက ကျနော်တို့ အိမ်ကနေဆို နှစ်အိမ်ကျော် လမ်းကြားလေးထိ သွားရ၏။ မိုးကလည်း ပိုပြီး သဲလာ သဖြင့် အဒေါ့်ကို ပြန်လိုက်ပို့ပြီး ကျနော်က တခေါက် ပြန်သွား စောင့်လိုက်၏။
တအောင့်နေတော့ သံဃာတော်တွေ ကြွလာခဲ့၏။ မိုး စိုစိုကြီးနဲ့။ ဘုရားသားတော်တွေမှာလည်း ဘုရားရှင် မိန့်မှာ ခဲ့သည့် အတိုင်း လိုက်နာကြရသည် မဟုတ်လား။ မိုးတွင်းကာလကြီးမို့ မိုးရွာ၊ မိုးမိတာကို လက်ခံပါ၏။ ခုက နွေရာသီကြီး မဟုတ်လား။
နွေရာသီမှာ မိုးရွာတော့ အေးပေသိ
မလိုအပ်သူများအတွက် ဒုက္ခများစေသည်။
!PIZZA
!MEME
Credit: shaungerow
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Moon is coming - April 19th, 2025
!hiqvote