Hive ဈေးက ကျလို့ ကောင်းနေဆဲပင်။ Hive က သွေးအေး လွန်းနေသလောက် Telegram Airdrop bot တွေက ခြေလှမ်း သွက်လို့နေ၏။ Telegram ၏ Ton network ပေါ်မှာ အခြေခံပြီး Tokens တွေ အများကြီး ပေါ်လာခဲ့၏။ တကယ် ရသည့် Airdrop တွေလည်း ရှိသလို fail သွားတဲ့ project တွေလည်းရှိ၏။ လက်ရှိ run နေသည့် project တွေလည်း ရှိ၏။ တချို့ကတော့ မကြာခင် list မည်ဟုလည်း ကြေငြာထားတာတွေလည်း ရှိ၏။
Hive ဈေးကျနေတုန်း ခုလို Telegram project လေးတွေ ထံကနေ ရသလောက်လေး ယူထား၊ ယူလို့ ရတာပဲ ဟုတ်နေပါပြီလေ။ Bot ဆွေကလည်း အများသားရယ်။ ကိုယ် စလုပ်တာကတော့ တခုထဲပါ။ ဒါပေမယ့် အဲ့တခုထဲကနေပဲ နောက်ထပ် အရာတွေကို ဆက်လက် ဆွဲခေါ် သွားခြင်း ဖြစ်၏။ ဘယ်ဟာကတော့ အမှန်အကန် ဘယ်ဟာကတော့ အကြံအဖန်ဆိုတာကို ဝေခွဲရတာကလည်း အတော် ခက်တဲ့ အလုပ်ပင်။
စာတွေ လိုက်ဖတ်၊ တခြားသူတွေ sharing လုပ်ပေးထားသည့် info တွေ လိုက်ကြည့် ပြီးမှ မိမိ ရှာတွေ့ထားတဲ့ အချက်အလက်တွေနဲ့ တိုက်ပြီး စစ်ကြည့်ရ၏။ အလွယ်ဆုံး အထင်သာဆုံး အချက်ကတော့ Airdrop bot လေးဘေးမှာ blue mark လေးပါနေရင် အဆိုပါ project က အထိုက်အလျောက် ယုံကြည်လို့ရ၏။ List ဖို့ အချိန် ကြာတာ၊ မြန်တာကတော့ project plan နဲ့ team အနေအထားပေါ် မူတည်ပေလိမ့်မည်။
ဥပမာ Hamster ကိုပဲကြည့်။ သူ့နောက်မှ လုပ်သည့် project တွေတောင် list သွားခဲ့ပြီ သူက ခုမှ တာစူလို့ ကောင်းဆဲ။ ဘယ်လိုပင် Airdrop လို့ ပြောပြော ငွေ မရင်းရရင်တောင် အချိန်တွေတော့ ရင်းထားရတာပဲ မလား။ တချို့ refer ဝယ်သူတွေဆိုရင် ပိုက်ဆံ ရင်းထားရသည်ဟု ပြောလို့ရ၏။ သေချာတဲ့ project ဆိုရင် တချို့က အရင်းအနှီး ထည့်ပြီးတော့ကို အဲ့လိုတွေ လုပ်ကြ၏။ ရရင်လည်း အချီကြီး၊ အကြီးကြီး ရပေါ့။ ကျနော်တို့သာ။
ကိုယ်တွေက refer လည်း မဝယ်နိုင် တခြား အရင်းအနှီးလည်း မထည့်နိုင်၊ အချိန်တခုသာ ပေးနိုင်၏။ ရသလောက်ပေါ့။ ကိုယ် လုပ်နိုင်သလောက်တော့ ကိုယ် ရမှာပဲ လေ။ စာလေး ရေးလိုက် Airdrop လေး ကောက်လိုက်ပေါ့။
!hiqvote
@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
လက်တို့အုံး။
!LOLZ
!MEME
lolztoken.com
It means a lot to them.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
ဘာတွေကောက်နေလည်း ဆရာဒွန်
!PGM
!LOLZ
!MEME
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!