နာ

in HIVE-MYANMAR28 days ago

မနေ့ ညနေက ဖိနပ် အသစ်နဲ့ Futsal ကန် ကြည့်၏။ သိပ်တော့ မဆိုးနေပေ။ ဒါပေမယ့် လုံးဝ အဆင်ပြေနေတာမျိုးတော့ မဟုတ်ပေ။ ဖိနပ်ဘေးသားတွေက အနည်းငယ် မာနေ၏။ တရက်ထဲ ရှိသေးတော့ ယတိပြတ် ပြောမရသေးပေ။ နောက်ရက်တွေ ထပ်စီးကြည့်ရင်တော့ ပိုသေချာ ပြောနိုင်မယ် ထင်ပါရဲ့။ ပိုပြီးလည်း အသားကျလာမယ်ပေါ့။

မနေ့က လူနည်း၏။ မအားကြလို့ ထင်ပါရဲ့ သိပ် မလာကြပေ။ ရှိတဲ့လူနဲ့ ကန်ကြ၏။ ကန်ပြီး ထုံးစံအတိုင်း ရေချိုးပေါ့။ မနေ့က တနေ့ကုန် မိုးအုံ့နေသဖြင့် နေရောင် မမြင်လိုက်ရပေ။ နေရောင်မရတော့ ရေကပိုအေး၏။ ဘောလုံးကွင်းက ရေလှောင်ကန်က ကုန်းမြင့်ပေါ် အရိပ်လွတ်သည့် နေရာမှာ ထားသည်မို့ နေသာသည့် နေ့တွေဆို ည ‌futsal ကန်ပြီးလို့ ရေချိုးချိန်ဆို ရေက ခပ်နွေးနွေး ဖြစ်နေလေ့ ရှိ၏။ မနေ့က နေမရတော့ အေးလေ၏။

အိမ်ပြန်ရောက်တော့ နေ့လည်က မုန့်ညှင်းအချဉ်ဟင်းနှင့် ထမင်းစား၏။ ည အတွက် ချက်ထားသည့် ဟင်း ရှိပေမယ့် ဟင်းတွေ ကျန်နေတော့ အမေ့လိုပဲ နှမြောလို့ ဟင်းကျန်နဲ့သာ စားလိုက်ခြင်း ဖြစ်၏။ အဲ့ဒီမှာ ဗိုက်က စတာပဲ။ ကျနော့် အစာအိမ်က မဖြစ်ရင် မဖြစ်၊ ဖြစ်ရင်လည်း မရပေ။ မနက် ၅ နာရီလောက် ဗိုက်နာလို့ နိုးလာ၏။ သန့်စင်ခန်း ပြေးရ၏။ ဖြေဆေး သောက်၏။ အရေးထဲ ဖြေဆေးဗူးက ပျောက်နေ၏။

အစာအိမ်က မနေ့ နေ့လည်ကတည်းက နည်းနည်း ပြန်နာချင်သလိုလို ဖြစ်နေ၏။ ခုကြ ပိုဆိုးပေါ့။ အစာအိမ် နာတာကော ဝမ်းသွားတာကော ရောသွားခဲ့လေ၏။ ဖြေဆေးသောက် မျက်နှာသစ်ပြီး ဆွမ်းတော်တင် ဆွမ်းလောင်း၏။ ထို့နောက် အိပ်ရာထဲ ပြန်လှဲနေရ၏။ ပြန်အိပ်မှ ရမယ်။ နို့ပေမယ့် ပိုစ့်က မတင်ရသေး။ ပိုစ့်တင်ဖို့ အတွက် စာရေးရဦးမည်။ ပိုစ့်တင်ပြီးမှ အိပ်တော့မည်။

ဒီနေ့တော့ လက်ဖက်သုပ်နဲ့ ထမင်း မစားနိုင်လောက်တော့ပေ။ ထမင်းကြော်ကောပေါ့။

Sort:  

အစားအသောက် ဂရုစိုက်ရမယ်ထင်သဗျို့။
!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun

Send $PIZZA tips in Discord via tip.cc!