Narrow Points

in HIVE-MYANMARyesterday

လိုက်လေ ဝေးလေက Aston Villa အသင်းကို ပြောတယ် ထင်ပါရဲ့။ ကြားရက် ကြိုကန်ထားတဲ့ ပွဲစဉ်မှာ Arsenal တို့ Wolves နဲ့ ၂-၂ သရေကျခဲ့ပါတယ်။ အမှတ်ကွာဟချက် လျော့ချနိုင်မယ့် အခွင့်အရေးရှိပေမယ့် အရ မယူနိုင်ခဲ့ပါတယ်။ ရှုံးတောင် ရှုံးသွားနိုင်ပါသေးတယ်။ Leeds က သူတို့အသင်းကို ကောင်းကောင်းကြီး ဒုက္ခ ပေးသွားခဲ့ပါတယ်။ ပထမပိုင်း ၃၁ မိနစ်မှာကတည်းက ဧည့်သည် Leeds အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၈၈ မိနစ် ရောက်မှသာ Aston Villa တို့ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး သရေ ၁ မှတ် ရယူနိုင်ခဲ့ပါတယ်။

Aston Villa အနေဖြင့် Tittle Challenger အဖြစ် သတ်မှတ်ထားဖို့ မဖြစ်နိုင်ပါဘူးလို့ပဲ ဆိုရမယ် ထင်ပါရဲ့။ အဆင့် ၁ မှ ၄ အတွင်း ဝင်ဖို့သာ ရှိပါတယ်။ နိုင်ပွဲတွေ ပျောက်နေတဲ့ Brighton အနေနဲ့ Brentford အသင်းကို အဝေးကွင်းမှာ ၀-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Chelsea vs Burnley ပွဲစဉ်မှာလည်း ၁-၁ သရေသာ အဖြေ ထွက်ပေါ်ခဲ့ပါတယ်။ ပထမပိုင်း ၄ မိနစ်မှာ ကတည်းက Chelsea တို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂ မိနစ်မှာ Chelsea ကစားသမား တ‌ဦး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၉၀+၃ မိနစ်မှာ Burnley အသင်း ချေပဂိုး ပြန်လည်လို့ သွင်းယူသွားခဲ့ပါတယ်။

West Ham အနေဖြင့် Bournemouth နဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ တန်းဆင်းဇုန်က လွတ်ဖို့ အရေးကတော့ အလှမ်းဝေးနေဆဲပါပဲ။ Aston Villa တို့ သရေ ၁ မှတ်သာ ရယူနိုင်ခဲ့ပေမဲ့ City ကတော့ ၃ မှတ် ရယူကာ Arsenal ကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ New Castle ကို ၂-၁ ဖြင့် အနိုင်ရယူပြီး Arsenal နဲ့ ၂ မှတ်ကွာ အနေအထားထိ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နောက်ထပ် ပွဲစဉ် ၄ ပွဲ ကစားသွားဖို့ ရှိနေပါသေးတယ်။ အဆိုပါ ၄ ပွဲထဲမှာမှ Super Sunday ၏ အကောင်းဆုံး ပွဲစဉ်လို့ ပြောရမယ့် Tottenham vs Arsenal တို့ရဲ့ London Derby ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။ ဆောင်းကုန်မှ ဆောင်းဝင်ပြီနော် ဂရုစိုက်လို့ ပြောရမလို ဖြစ်နေပါတယ်။ EPL မှာ ၂ ပွဲဆက် သရေကျထားပြီး အမှတ်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရပါတယ်။

တဖြည်းဖြည်း Man City က နောက်ကနေ ဖိအားပေးလာနေခဲ့ပါပြီ။ ကြားရက်က Wolves နဲ့ ပွဲစဉ်ကိုသာ အနိုင် ကစားထားနိုင်ခဲ့ရင် ပိုကောင်းသွားမှာ ဖြစ်ပေမယ့် သရေသာ ရခဲ့ဆာမို့ ခု Tottenham နဲ့ပွဲက ဖိအားတွေ ပိုများလာခဲ့ပါပြီ။ Tottenham က Arsenal ထက်ကို အခြေအနေဆိုးပါတယ်။ EPL မှာ ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ Arsenal နဲ့ ပွဲကြမှ ထကောင်းပြီး အမှတ်တွေ ယူသွားရင်တော့ ဆင်ပျံကြီးတို့ ရင်ခံသွားနိုင်ပါသေးတယ်။

(photos from Premier League Page)