Our Cap

in HIVE-MYANMAR7 hours ago

Super Sunday ၏ အစောဆုံး ပွဲစဉ် ဖြစ်သည့် Man United vs Nottm Forest ပွဲစဉ်မှာတော့ အိမ်ရှင် Man United က ၃-၂ ဖြင့် အနိုင်ရသွားခဲ့၏။ တိုက်စစ်ပိုင်းကသာ အဆုံးသတ် သေချာခဲ့မယ်ဆိုရင် ယခုထက် ဂိုးတွေ ပိုရနိုင်၏။ အသင်း ခေါင်းဆောင် Fernandes အတွက်တော့ Assist စံချိန် အကြိမ် ၂၀ ကို လိုက်မှီသွားခဲ့ပြီ ဖြစ်၏။ အမှန်ဆို အဆိုပါ စံချိန်ကိုပါ ချိုးနိုင်ခဲ့ရမှာ၊ ကိုယ့်ဆရာတွေက ဂိုးသွင်း မသေချာလို့။ ရာသီ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ Brighton နဲ့ ပွဲမှာသာ Assist ထပ်ရခဲ့ရင် စံချိန် ချိုးပါလိမ့်မယ်။ Keep moving on Brono.

ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မဲ့ Casemiro အတွက် အိမ်ကွင်းမှာ ကစားရတဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဂိုးတွေ ထပ်မရခဲ့ပေမဲ့ အနိုင်ရလဒ်လေး ရယူပေးနိုင်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ လာမယ့် ရာသီ အတွက် တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့ လိုပါလိမ့်မယ်။ ရောင်းထုတ်သင့်တဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်ဖို့ လိုပါလိမ့်မယ်။ UCL ဝင်ခွင့်ရထားပြီမို့ ကစားသမား ဖြည့်တင်းတဲ့ကိစ္စက မဖြစ်မနေကို လုပ်ရမှပါ။

ည ၈ နာရီခွဲ ပွဲစဉ် ၄ ပွဲမှာတော့ သရေ ၂ ပွဲ၊ အရှုံးအနိုင် အဖြေပေါ်တာ ၂ ပွဲ ရှိခဲ့ပါတယ်။ Brentford vs Crystal Palace က ၂-၂၊ Wolves vs Fulham က ၁-၁ သရေကျခဲ့ပါတယ်။ Sunderland က Everton ကို ၁-၃ ဖြင့် လည်းကောင်း၊ Leeds က Brighton ကို ၁-၀ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရသွားခဲ့ကြပါတယ်။

Super Sunday ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ New Castle vs West Ham ပွဲစဉ်မှာတော့ အိမ်ရှင် New Castle က ၃-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ တန်းဆင်းဇုန် ဖိအား ရှိနေတဲ့ West Ham တို့ အနေနဲ့ Tottenham သာ ကြားရက် ပွဲစဉ်ကို သရေ ကစားနိုင်ခဲ့မယ်ဆိုရင် တန်းဆင်းသွားရဖို့ သေချာပါပြီ။ ရှေ့တပတ်က Arsenal အသင်းကိုသာ မရှုံးခဲ့ရင် New Castle နဲ့ပွဲကို အားထည့် ကစား ဖြစ်ကြမယ် ထင်ပါရဲ့။ ခုတော့ စိတ်မကောင်းစရာပင်။

ကြားရက်ထဲမှာ Tottenham က Chelsea နဲ့ အဝေးကွင်းမှာ ကစားရမည် ဖြစ်၏။ နောက်ဆုံးပွဲစဉ်ကိုတော့ Everton နဲ့ အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ West Ham ကတော့ နောက်ဆုံး ပွဲစဉ်ကို Leeds နဲ့ အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။

_(photos from Premier League Page)