ပွဲဖျက်သည့် မိုး

in HIVE-MYANMARyesterday

ဒီနှစ် တန်ဆောင်တိုင်က မိုးဖျက် သွားသည်ဟု ပြောရပေလိမ့်မည်။ မိုးထက် ရာသီဥတု ဖျက်သည်ဟု ပြောရမည်ထင်။ မိုးချည်း သက်သက် မဟုတ်ဘဲ လေတွေ၊ မြူတွေကော ပါလေ၏။ သိမှီခဲ့သည့် တန်ဆောင်တိုင်ပွဲတော်တွေထဲ ရာသီဥတုအနှောင့် ခံရဆုံး နှစ် ဖြစ်လေ၏။

ဒီနှစ်မှာ လာရောက်လည်ပတ်သူ အတော်များ၏။ COVID-19 ကာလ အလွန် အာဏာသိမ်း ကာလမှာ ကျင်းပသည့် တန်ဆောင်တိုင် ပွဲတော်တွေထဲ စည်ကားသည့် ပွဲတော်ဟု ဆိုရမည်။ လူများပေမယ့် ပျော်ရွှင်မှုကိုတော့ မခံစားရပေ။ ကိုယ်တွေ ယခင်ကရသည့် တန်ဆောင်တိုင် ခံစားချက်မျိုး မရနေပေ။

ဧည့်သည်တွေ လာလို့ ပွဲခင်းထိပ်ထိတော့ လိုက်ပို့ ပေး ဖြစ်၏။ ပွဲတော့ မလည်ဖြစ်ပေ။ ပွဲတော်က ပွဲတော်မဆန်ခဲ့တာ ကြာပြီ။ ပြီး နိုင်ငံက ဒုက္ခတောထဲ ရောက်နေချိန်မှာ ပျော်ဖို့ ရွှင်ဖို့ ပွဲလည်ဖို့ စိတ်မပါနေပေ။ တချိန်ချိန်တော့ ပြန်ပြီး လည်ပတ်ကောင်း လည်ပတ် ဖြစ်ပေလိမ့်မည်။

ဖွင့်ပွဲနေ့က စလို့ လေ၊ မိုး၊ မြူ တလှည့်စီ နှိပ်စက်သဖြင့် မီးပုံးပျံ ကောင်းကောင်း လွှတ်ရသည့် ရက်ရယ်လို့ မရှိပေ။ တရက် တလုံးစ နှစ်လုံးစသာ လွှတ်တင်နိုင်ခဲ့၏။ ပုံမှန်ဆိုရင် တန်ဆောင်မုန်း လပြည့်နေ့သည် ပွဲတော် နောက်ဆုံးရက် ဖြစ်၏။ လပြည့်ကျော် တရက်နေ့က ဆုပေးပွဲ ဖြစ်၏။ တချို့နှစ်တွေမှာ မိုးကြောင့် ပွဲရက်အချို့ အနှောင့်အယှက် ဖြစ်ခဲ့တာမျိုးတွေ ရှိ၏။ ထိုသို့ ရှိခဲ့ရင်တောင် ပွဲရက် မတိုးဘဲ နောက်ပိုင်း ရက်တွေထဲ လွှတ်တင်ဖို့ ရောထည့်လေ့ ရှိ၏။

တနှစ်သားကတော့ ပွဲရက် တိုးခဲ့ရတာမျိုး ရှိ၏။ တရက်လား တိုးခဲ့၏။ ဒီနှစ်မှာလည်း ပွဲကို သုံးရက်တိုးမယ် ပြောသံကြား၏။ တကယ် တိုးမတိုးတော့ မသိသေးပေ။ ကျနော်တို့ ကန်နေကြ Futsal ကွင်းကတော့ နက်ဖြန် ပြန်ဖွင့်မယ် ပြော၏။ လူစုံ မစုံကြည့်ပြီး နက်ဖြန်တော့ ကန်ဖြစ်မယ် ထင်ပါ၏။

Sort:  

ရာသီကောင်းချိန်ပေါ့လေ။
!LOLZ
!MEME

Why are ducks good at playing limbo?
Because they can get down.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.