Round 8

in HIVE-MYANMAR6 days ago

ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်များ ပြန်လည်လို့ ကစားမည် ဖြစ်၏။ Round 8 ပွဲစဉ်များ ဖြစ်၏။ ဒီနေ့မှာ 7 ပွဲ၊ နက်ဖြန် 2 ပွဲနှင့် အင်္ဂါနေ့မှာ 1 ပွဲ ကစားသွားဖို့ ရှိနေ၏။ ဒီနေ့မှာ Chelsea, Man City & Arsenal တို့၏ ပွဲစဉ်များလည်း ရှိနေ၏။ Chelsea က Nottm Forest နှင့် အဝေးကွင်း၊ Man City က Everton နှင့် အိမ်ကွင်း၊ Arsenal က Fulham နှင့် အဝေးကွင်းတို့မှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

Arsenal အနေဖြင့် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ထားနိုင်ဖို့ရာ Fulham ကို အနိုင်ကစားဖို့ လိုအပ်မည် ဖြစ်၏။ Man City, Chelsea တို့ အနေဖြင့်လည်း အမှတ်ပေးဇယား ထိပ်ပိုင်းနားကို တက်လှမ်းနိုင်ဖို့ရာ ယခု ပွဲစဉ်များကို အနိုင်ကစားပြီး အမှတ် ရရင် ရသလောက် ယူထားနိုင်ဖို့ လိုမည် ဖြစ်၏။

ဒီနေ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းသည့် ပွဲက Crystal Palace vs Bournemouth တို့၏ ပွဲစဉ် ဖြစ်၏။ ဒီရာသီ ခြေစွမ်းပြနေသည့် အသင်း နှစ်သင်း တွေ့ဆုံမှုက ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်လာပေလိမ့်မည်။ တန်းတက် နှစ်သင်း ဖြစ်သည့် Burnley vs Leeds တို့၏ ပွဲစဉ်ကလည်း ကြည့်ကောင်းပေလိမ့်မည်။ မနှစ်က Championship မှာ အဆင့် 1 & 2 ရခဲ့သည့် နှစ်သင်း ဖြစ်၏။ အဆင့် 1 & 2 ဆိုပေမယ့် အမှတ်က 100 ချင်း အတူတူ ဖြစ်၏။ ဂိုးကွာခြားချက် ကြောင့်သာ Leeds က ချန်ပီယံ အဖြစ်ဖြင့် တန်းတက်လာခဲ့ခြင်း ဖြစ်၏။

နောက်ထပ် တန်းတက် အသင်း တသင်း ဖြစ်သည့် Sunderland အနေဖြင့် ဇယား အောက်ဆုံးမှာ ရပ်တည်နေသည့် Wolves နှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။

International break မှာတုန်းက ပစ်ထားခဲ့သည့် မိမိ၏ FPL အသင်းလေးကို ကစားသမား အပြောင်းအလဲ လုပ်ထား၏။ ယခု အပြောင်းအလဲက ယခင် လူစာရင်းထက် စာရင် အမှတ်တွေ ပိုမို ရယူနိုင်မယ်လို့ မျှော်လင့်မိပါ၏။ အသင်း အနေဖြင့် Hive FPL division 2 မှာ အဆင့် 14 နေရာမှာ ရပ်တည်နေ၏။ 66 သင်းမှာ အဆင့် 14 ဆိုတော့ မဆိုးပါဘူးဟု ပြောရမည်။ တော်၊ ကျွမ်း နေတာမျိုး မဟုတ်ပေမယ့် အလယ်အလတ် အနေအထားတော့ ရှိသည်ဟု ဆိုရပေလိမ့်မည်။