SpaceS

in HIVE-MYANMAR4 months ago

ကိုယ်တွေ အဖြစ်ကလည်း ရယ်ရသား။ Telegram airdrop လုပ်ပေမယ့် မျိုးမျိုးမြတ်မြတ်ရမယ့်ကံက ပါကို မပါလာဘူး ထင်ပါရဲ့။ မနည်းမများ ရဖူးတာဆိုလို့ Dogs လောက်ပဲ ရှိတယ်။ အဲ Airdrop တွေ ဆက်လုပ် ဖြစ်နေတာကလည်း Dogs ကြောင့်ပဲ။ သူ့လိုမျိုးလေးတွေများ ထပ်လာ၊ ထပ်ပေးမလားပေါ့။ လက်ရှိ ကျနော် မြင်သလောက် သိသလောက် Airdrop တွေက Dogs လောက် မရိုးရှင်းနေပေ။

ပေးချင်တဲ့သူက ပေးကို ပေးတယ် ဆိုသလိုပေါ့။ ပေးမယ့်အရေး ရက်ရွှေ့၊ လရွှေ့နဲ့။ ပေးတော့လည်း မဆို့မပို့နဲ့ရယ်။ အများစုကတော့ လက်သုံးစကားအရ ပြောရရင် အာသမားတွေ များနေ၏။ Project တွေက ပြောလိုက်ရင်တော့ အကြီးကြီး ထွက်လာတော့ တလွဲ ဖြစ်နေတာမျိုးတွေပေါ့။ လောလောလတ်လတ်ဆို Drago Evolution လိုပေါ့။ သိဘူး သူများ တွေကြထုတ်ရပြီး ကိုယ်က မရလို့။ စကတည်းက လူရွေးပြီးပေးတာပါ ဆိုတာကို ကြိုသိခဲ့ရင် ခုလောက်ကြီး ခံစားရမှာ မဟုတ်ဘူးလေ။

ရမယ့်ဟာကြ နည်းနည်းပဲ ဆိုတဲ့ကိစ္စက Bybit SpaceS ကဟာ။ ဒါတောင် အသိ အကိုက သတိပေးလို့သာ။ သူ သတိပေးပေမယ့် ကိုယ်က အဲ့ Airdrop ကို သူပြောမှ လိုက် ဝင်လုပ်တော့ အရနည်းပြီပေါ့။ Points အများကြီး စုမိထားရင်တော့ များများ ရချင် ရမပေါ့လေ။ ခုမှ လိုက်လုပ်တော့ ကိုယ်ရတဲ့ points က အောင်မှတ်ထက် နည်းနည်းလေးသာပို။ မသိရင် moderation နဲ့ ကပ်အောင် သလိုမျိုး။

USDT 10000 event ကြီးကို ကိုယ်က နောက်ကျမှ သိတာမျိုးက ရင်နာ စရာ။ Points နဲ့ Ton ဆိုပြီး ၂ မျိုး ခွဲထား၏။ Points အတွက်က 3000 USDT နှင့် Ton အတွက်က 7000 USDT ဆိုပြီး ခွဲထား၏။ ကိုယ်က Ton မ hold ထားနိုင်တော့ points ပဲပေါ့။ ဒါတောင် ရထားတဲ့ points က အောင်မှတ်သာသာလေးရယ်သာ။

အစောပိုင်းက Bybit Web 3 wallet နဲ့ ချိတ်တာ ချိတ်မရ ဖြစ်နေခဲ့၏။ VPN သုံး၊ လေး၊ ငါးခု ချိတ်ပြီးခါမှပဲ အဆင်ပြေသွားခဲ့၏။ ချိတ်လို့ရသွားပြီးနောက် စစ်ကြည့်လိုက်တော့ 0.09 USDT ရ၏။ ဘာပဲ ပြောပြော ရသလောက်ပေါ့လေ။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You made more than 7000 comments.
Your next target is to reach 7500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

ကြိတ်ထားဗျို့။
!LOLZ
!MEME

What do you call an island populated entirely by cakes?
Desserted!

Credit: reddit
$LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@donjaun, I sent you an

ဟုတ်ဗျို့။
ခု Round 2 ထပ်လာနေပြီဗျ။ ကြိတ်လိုက်ဦးမယ်။