
မနေ့က အသင်းကြီးတွေ အနိုင်ရကြ၏။ City က Everton ကို 2-0, Arsenal က Fulham ကို 0-1, Chelsea က Nottm Forest ကို 0-3 ဖြင့် အသီးသီး အနိုင်ရသွားခဲ့၏။ Arsenal တို့ 58 မိနစ်မှာ သွင်းယူခဲ့သည့် တလုံးထဲသော ဂိုးဖြင့် အနိုင် 3 မှတ်ကို ရယူကာ ဇယားထိပ်မှာ ဆက်လက်လို့ ဦးဆောင်နေခဲ့၏။ City အနေဖြင့်လည်း အဆင့် 2 နေရာထိ တက်လှမ်းလာခဲ့ပြီး ဇယားထိပ်က အသင်းတွေကို ဆက်လက်ဖိအားပေးထား၏။ Chelsea အသင်း အနေဖြင့် နိုင်ပေမယ့် ကစားသမား တယောက် ထုတ်ခံခဲ့ရ၏။ ရိုးရာမပျက် ပေ။ တပွဲ တယောက်နီနေတာ ဘယ်နှယ်ပွဲမှန်း မသိတော့ပေ။ ကစားသမား အနီ မထိရင် နည်းပြက နီနဲ့ ဟုတ်နေတာပဲ။
Crystal Palace vs Bournemouth ပွဲက ထင်မှတ်ထားသည့် အတိုင်း အကြိတ်အနယ် ရှိခဲ့၏။ အပြန်အလှန် သွင်းဂိုးတွေနဲ့ ရသအပြည့် ပေးခဲ့၏။ 3-3 ဂိုး သရေရလဒ်နဲ့ အမှတ်တွေ ခွဲဝေယူသွား၏။ တန်းတက် နှစ်သင်း တွေ့ဆုံမှုမှာတော့ Burnley က Leeds ကို 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ နောက်ထပ် တန်းတက် တသင်း Sunderland ကတော့ Wolves ကို 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ Wolves အနေဖြင့် ယခု အတိုင်းသာ ဆက်သွားနေရင် ဒီရာသီ တန်းဆင်းသွားရနိုင်၏။

ဒီနေ့မှာ Tottenham vs Aston Villa, Liverpool vs Man United တို့၏ ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ Super Sunday ၏ အကောင်းဆုံး ပွဲစဉ် ဖြစ်သည့် Liverpool vs Man United ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ ရှုံးပွဲတွေ ဆက်နေသည့် Liverpool နဲ့မှ ဒီတပတ်မှာ လာတွေ့နေသည့် United အဖို့ ကံမကောင်းဟု ဆိုရမည်ထင်။ United ကလည်း နိုင်တလှည့် ရှုံးတလှည့် မလား။
Liverpool အနေဖြင့် ယခုပွဲစဉ် ရလဒ်ကောင်းထားမှ အဆင့် 1 နေရာနဲ့ အလှမ်းမဝေးမှာကိုး။ ထို့ကြောင့် အနိမ့်ဆုံး သရေ၊ ဒါမှမဟုတ် အနိုင်ကစားထားနိုင်မှ အဆင်ပြေပေလိမ့်မည်။ United အနေဖြင့် ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ကြောင်း ပြသနိုင်ဖို့ ယခုပွဲမှာ တခုခု လုပ်ပြနိုင်မှ ရပေလိမ့်မည်။ နောက်ရာသီ ဥရောပ ပြိုင်ပွဲတွေ ကစားခွင့်ရအောင် ခုကတည်းက အမှတ် ရနိုင်သမျှ ယူထားဖို့ လိုမည် ဖြစ်၏။
Saudi Arabia Pro League မှာ ကြမ်းနေတာကတော့ Goat ကြီး Ronaldo ၏ Al Nassr ဖြစ်၏။ မနေ့က ပွဲစဉ်မှာ သူတို့ Al Fateh FC ကို 5-1 ဂိုးဖြင့် အနိုင်ရသွား၏။ Ronaldo တဂိုးသွင်းဟ။ အသင်းဖော် Joao Felix က Hat-trick သွင်းယူသွားခဲ့၏။ Felix တယောက် Saudi မြေမှာ ခြေစွမ်းတွေ ပြနေခဲ့၏။ Al Nassr အနေဖြင့် 5 ပွဲ ကစား 5 ပွဲနိုင်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထား၏။
!PIZZA
$PIZZA slices delivered:
@phyowinkoko7(4/10) tipped @donjaun
Come get MOONed!
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP