Third Party Telegram Apps

in HIVE-MYANMAR5 days ago

အာဏာသိမ်း ကာလမှာ ကျနော်တို့တွေရဲ့ social media အသုံးပြုမှု ပုံစံက ပြောင်းလဲမှုလေးတွေ တွေ့လာရပါတယ်။ ယခင် Facebook အသုံးပြုမှု ပိုများလာခဲ့ပေမယ့် ယခုအခါ Facebook အစား အခြား Social platform တွေကို အသုံးပြုလာကြပါတယ်။ အဓိကကတော့ VPN ပြဿနာကနေ စတာပါပဲ။ Facebook ကို မြန်မာ location နဲ့ သုံးမရ၊ VPN နဲ့ ကျော်သုံးမှ ရတော့ နောက်ပိုင်းမှာ အများစုက Facebook အစား တခြားဟာ ပြောင်းသုံးကြပါတော့တယ်။

Facebook ထက် Telegram & TikTok တို့ကို လူတွေ ပိုသုံးလာကြပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အဆိုပါ Apps တွေကလည်း တခါတလေမှာ VPN လိုလာပါတယ်။ ဆိုတော့ကာ နောက်ပိုင်းမှာ VPN က မဖြစ်မနေကို သုံးနေရဦးမယ့် သဘောပါပဲ။ အရင်လို VPN မလိုတဲ့ ကာလတွေကို ပြန်သွားနိုင်ဖို့ အချိန်တော့ ပေးကြရပေလိမ့်ဦးမည်။ မသွားဘဲ ရပ်နေလို့မရ၊ သွားနေမှတော့ ရမည်။

အာဏာသိမ်း ကာလ မတိုင်ခင်ကတည်းက Telegram account ရှိ၏။ သို့ပေမယ့် သိပ်မသုံးဖြစ်ပေ။ ကိုယ့်အသိ သူငယ်ချင်းတွေက Facebook သာ သုံးကြသည်ကိုး။ နောက်ပိုင်းမှာတော့ သူတို့လည်း Telegram ကို ပိုသုံးလာကြတော့ ကိုယ်လည်း Telegram ဘက် ပိုရွှေ့ ဖြစ်လာခဲ့၏။ ပြီး Airdrop ဘာညာတွေက Telegram မှာပဲ ရှိတာမလား။ ကျနော့် personal အရ Facebook ထက် စာရင် Telegram ကို ပိုပြီး သဘောကျ၏။

Telegram ဆိုပေမယ့် မူလ Telegram App ကို ခဏသာ သုံးဖြစ်၏။ Official Telegram App အစား Third party apps တွေကိုသာ ပို၍ သုံးဖြစ်လေ၏။ နောက်ပိုင်း Telegram မှာ translate feature ကို ပိတ်လိုက်တော့ မူရင်းကို ပိုလို့ပင် မသုံးဖြစ်တော့ပေ။ လက်ရှိ သုံးဖြစ်နေတာကတော့ Nekogram ဖြစ်၏။

Nekogram မတိုင်ခင်က Nagram ကို အချိန်အတော်ကြာ သုံးခဲ့၏။ Nekogram ကော၊ Nagram ကော open source third party telegram app တွေ ဖြစ်၏။ Nagram ကို မသုံးဖြစ်တော့တာက မူလ Telegram မှာ translate ပိတ်လိုက်တော့ သူတို့ကပါ support မပေးတော့သောကြောင့် ဖြစ်၏။ ကြားထဲမှာ Nicegram ကို ခဏသုံးလိုက်သေး၏။

Nicegram က နည်းနည်းပိုဂေါ်သည်ဟု ပြောရမယ်ထင်ပါ၏။ Build in wallet ပါ၏။ Solana network base ဖြစ်၏။ ပြီး သူ့ App ကို အသုံးပြုနေခြင်းကနေလည်း point တွေ ပေး၏။ တချိန်မှာ အဆိုပါ point တွေကို လဲလှယ်လို့ ရတာမျိုး၊ tokens အဖြစ် ဖန်တီးတာမျိုးတွေ ရှိလာလေ မလားတော့ မသိပေ။ သူလည်း သုံးလို့ ကောင်းပါ၏။ နို့ပေမယ့် သူ့မှာလည်း translate feature မရပေ။ နောက်တချက်က font ဖြစ်၏။

Nicegram မှာက font ချိန်းခွင့် မပေးပေ။ ကျနော်က Ubuntu font ကို အတော်လေးကြိုက်၏။ ဘယ် phone ကိုင်ကိုင် အဆိုပါ font ကိုပဲ သုံးလေ့ ရှိ၏။ သုံးလို့ ကောင်းပေမယ့် translate မရတာရယ်၊ font ပြောင်းမရတာတွေကြောင့် လက်ရှိ သုံးနေသည့် Nekogram ကို ပြောင်းသုံးလိုက်ခြင်း ဖြစ်၏။ Nicegram point တွေက တခုခု လုပ်လို့ရပြီ ဆိုမှပဲ ပြန်ပြောင်း သုံးတော့မယ်။

ကြားထဲမှာ Turbo Tele Pro ကို ခဏ သုံးလိုက်သေး၏။ သူ့ကိုလည်း သဘောကျ၏။ သုံးလို့ကောင်း၏။ Telegram premium မှာသာ ရသည့် feature တော်တော်များများ သူ့မှာ သုံးလို့ရ၏။ ဒါပေမယ့် သူလည်း font ပြောင်းမရပေ။ ထို့ကြောင့် Nekogram လေးကိုပဲ ဆက်သုံးဖို့ ဆုံးဖြတ်ထားလိုက်ခြင်း ဖြစ်၏။ နောက်မှ တခြား Telegram client apps တွေ လိုက်ရှာပြီး ထပ်သုံးကြည့်ပါဦးမည်။

(photos from Telegram Channels)

Sort:  

ကိုယ်တွေညံ့ချက် တခုမှ မသုံးဖူးဘူး telegram တခုပဲ သုံးတတ်တယ် !PIZZA

အဲ့လိုလည်း ဟုတ်ပါဘူး။ ကျနော်က စပ်စပ်စုစု မို့ပါ။
ဟီး

PIZZA!

$PIZZA slices delivered:
@phyowinkoko7(1/10) tipped @donjaun

Come get MOONed!