
Nations League A ၏ အုပ်စု ပွဲစဉ်တွေ အားလုံး ယှဉ်ပြိုင်ကစား ပြီးခဲ့ပြီ ဖြစ်၏။ ဒီနေ့ မနက်က Group 4 ၏ အုပ်စု နောက်ဆုံးပွဲစဉ်များ ကစား၏။ Denmark vs Norway, Wales vs Portugal တို့ ယှဉ်ပြိုင်ကစား၏။ Wales vs Portugal ပွဲထက် စာရင် Denmark vs Norway ပွဲစဉ်က ပို၍ စိတ်ဝင်စားဖို့ ကောင်း၏။ Ronaldo မရှိသည့် Portugal အသင်းကို စိတ်ဝင်စားမှု လျော့ကျသွားမှာက သဘာဝပင်။ ပြီး Portugal အသင်း၏ Ronaldo အပေါ် ဆက်ဆံမှုကြောင့်လည်း ဒီအသင်းကို လူအများ အားပေးမှု လျော့နည်းသွားနိုင်၏။
UEFA ၏ ပြိုင်ပွဲတွေကို ကျနော် နားလည်ထားတာ လွဲနေတာ တခုရှိ၏။ သူတို့က အမှတ်တူနေရင် ဂိုးကွာခြားချက်ထက် Head to Head ကို အရင်ကြည့်၏။ ၂ သင်း ထိပ်တိုက် တွေ့ဆုံမှုမှာ ဘယ်အသင်း အသာစီး ရထားသလဲကို အရင် ကြည့်ခြင်း ဖြစ်၏။ ဒီအချက်ကို ကြည့်ပြီးမှသာ ဂိုးကွာခြားချက်ကို ကြည့်လေ၏။ ထို့ကြောင့် Denmark vs Norway ပွဲက စိတ်ဝင်စားဖို့ ကောင်းနေခြင်း ဖြစ်၏။

နောက်ဆုံး ပွဲစဉ်မတိုင်ခင်မှာ Denmark က ၉ မှတ်နဲ့ Norway ထက် +၃ ဂိုး ဖြစ်နေ၏။ Norway က ၆ မှတ် ရထား၏။ ထို့ကြောင့် ဂိုးကွာခြားချက်အရဆို Norway က Denmark ကို ၃ ဂိုးပြတ် နိုင်မှသာ ရပေလိမ့်မည်။ သို့ပေမဲ့ ဂိုးရလဒ်အစား ၂ သင်း တွေ့ဆုံမှုကို ကြည့်မှာဆိုတော့ Norway အနေဖြင့် နိုင်တာနဲ့ကို နောက်တဆင့် တက်မည် ဖြစ်၏။ Denmark ကတော့ သရေကျရုံနဲ့ နောက်တဆင့် တက်မည် ဖြစ်၏။
ဦးဆောင်ဂိုးတွေကို အိမ်ရှင် Denmark က အရင်သွင်း၏။ ၁၁ နှင့် ၁၄ မိနစ်တွေမှာ တဆက်ထဲ သွင်းယူသွားခဲ့၏။ ပွဲက ပြီးသလောက် ရှိသွားပြီ။ ဒါပေမဲ့ Viking တွေက လက်မလျှော့ခဲ့ကြပေ။ အဆုံးထိ တိုက်ပွဲဝင်သွားခဲ့၏။ နောက်ကနေ လိုက်ကစားပြီး လိုချင်သည့် ရလဒ်ကို အရယူသွားခဲ့၏။ ၃၇၊ ၈၃၊ ၉၀+၆ မိနစ်တွေမှာ ချေပဂိုးနှင့် အနိုင်ဂိုးတွေ သွင်းယူသွားခဲ့၏။ ပကျော့တုန်းကလည်း Norway က ၃-၂ နဲ့ နိုင်ထား၏။ ထို့ကြောင့် ၂ ကျော့လုံး Norway က အနိုင်ရသဖြင့် Head to Head သဘောတရားအရ Norway က ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ရခြင်း ဖြစ်လေ၏။
Wales vs Portugal ပွဲစဉ်မှာတော့ Portugal က ၂-၃ နဲ့ အနိုင်ရသွားခဲ့၏။ Nations League A ၏ အုပ်စုပွဲစဉ်များ အားလုံး ကစားအပြီးမှာ နောက်တဆင့်တက်သွားသည့် အသင်းတွေထဲ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့် တက်သည့်အသင်း မရှိခဲ့ပေ။ အမှတ်တူနေပေမဲ့ ဂိုးကွာခြားချက် အရ၊ Head to Head အရ ကျန်ရစ်ခဲ့သည့် အသင်းတွေ အတွက်တော့ စိတ်မကောင်းစရာပင်။
(photos from UEFA page)