What Wrong with Liverpool

in HIVE-MYANMAR3 days ago

မနေ့က ကစားသွားသည့် EPL Round 12 ပွဲစဉ်တွေထဲမှာ မထင်မှတ်ထားသည့် ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ အမှတ်ပေး ဇယား ရပ်တည်မှု အပြောင်းအလဲတွေလည်း ထွက်ပေါ်လာခဲ့၏။ Chelsea အသင်း အနေဖြင့် Burnley ကို 0-2 ဖြင့် အနိုင်ယူပြီး အဆင့် 2 နေရာထိ တက်လှမ်း လာခဲ့၏။ West Ham အနေနဲ့ကတော့ ဦးဆောင်ဂိုး 2 ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီးမှ Bournemouth အသင်း၏ ချေပခြင်းကို ခံခဲ့ရပြီး 2-2 ဖြင့် သရေကျသွားခဲ့၏။

Brentford အနေဖြင့် Brighton ကို 2-1 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ 90+4 မိနစ်မှာ ရသည့် ပင်နယ်တီကိုသာ Igor Thiago သွင်းယူနိုင်ခဲ့မယ်ဆိုရင် သရေ တမှတ် ရယူနိုင်မှာ ဖြစ်ပေမယ့် လွဲချော်သွားခဲ့လေ၏။ တန်းတက် အသင်းတွေ ထဲမှာ ခြေစွာနေသည့် Sunderland အနေဖြင့် Fulham ကို 1-0 ဖြင့် ရှုံးနိမ့်လို့ သွားခဲ့ရ၏။

အမှတ်ပေး ဇယား အောက်ဆုံးက Wolves အနေနဲ့ကတော့ ဒီတပတ်မှာလည်း ဧည့်သည် Crystal Palace ကို 0-2 ဖြင့် ရှုံးနိမ့် သွားခဲ့ရလေ၏။ ယခု နိုင်ပွဲကြောင့် Crystal Palace အနေဖြင့် အဆင့် 4 နေရာထိ တက်လှမ်းလို့ လာခဲ့ပြီ ဖြစ်၏။

Anfield မှာ United တို့ ဟီးဟီးဟားဟား လုပ်ခဲ့ပြီးနောက်မှာ တခြားအသင်းတွေ၏ ဟီးဟီးဟားဟား လုပ်မှုကို Liverpool တို့ ကြုံနေရ၏။ Nottm Forest ကို အံ့အားသင့်ဖွယ် ရလဒ် 0-3 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ အမှတ်ပေး ဇယားမှာလည်း အဆင့် 11 နေရာထိ ရောက်ရှိသွားခဲ့ရလေ၏။

Liverpool ရှုံးလို့ အားကျမခံ လိုက်ရှုံးတာက Man City ဖြစ်၏။ New Castle ကို 2-1 ဖြင့် ရှုံးနိမ့်ပြီး အဆင့် 2 နေရာကိုပါ Chelsea ကို လွှဲပေးလိုက်ရလေ၏။ တန်းဆင်းဇုန် ဖိအားထဲ ကျရောက်နေသည့် Fulham, Nottm Forest တို့ အနေနဲ့ ဒီတပတ်မှာ ကိုယ်စီ နိုင်ပွဲတွေ ရသွားသဖြင့် ဖိအားတွေ အနည်းငယ် လျော့သွားခဲ့သည် ဆိုရပေလိမ့်မည်။

ဒီနေ့မှာ Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမည့် Arsenal vs Tottenham Hotspur တို့၏ London Derby ကို ကြည့်ရှု ရမည် ဖြစ်၏။

(photos from Premier League Page)

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP