Widget

in HIVE-MYANMAR10 hours ago

Hyper OS 3 တင်ပြီးနောက် သုံးရတာ ပိုပြီးကောင်းလာသလို ပိုလည်း သဘောကျမိ၏။ Battery တော့ နည်းနည်း အကုန်မြန်သလို ခံစားရ၏။ Android version 15 ကနေ 16 ကိုပြောင်းသည့် Major Update ဆိုတော့ version အသစ်၊ Function အသစ်တွေကြောင့် ထိုသို့ ဖြစ်သွားသလားပေါ့။ နောက်ထပ် update အသစ်တွေ ပေးရင်တော့ မပြောတတ်ပေ။ လောလောဆယ် အားသိပ်မခံတာက လွဲလို့ ကျန်တာကတော့ ပြောစရာ မရှိပေ။

ပထမ တချက် အနေဖြင့် Font display ပြောင်းလဲ သွားပုံလေးကို သဘောကျမိ၏။ English font မှာ မသိ‌သာပေမယ့် မြန်မာ font မှာတော့ သိသာ၏။ MIUI က စလို့ Hyper OS 2 အထိ Ubuntu font သာ သုံးခဲ့၏။ ခု Hyper OS 3 မှာလည်း Ubuntu font သာ ဆက်သုံး၏။ Hyper OS 3 မှာ font display ပုံစံ သိသိသာသာ ပြောင်းသွား၏။ မြန်မာစာဆို ပုလုံးလုံးလေးတွေ ဖြစ်သွား၏။ တခြားသူတွေတော့ မသိပေမယ့် ကျနော်ကတော့ သဘောကျ၏။

Root လုပ်မရပေမယ့်လည်း တချို့ feature တွေကို ကလိလို့ရနေတာက သဘောကျချင်စရာပင်။ Shizuku နှင့် Canta apps တို့ကို သုံးပြီး မလိုချင် မသုံးဖြစ်သည့် တရုတ် apps တွေကို ဖျောက်ပစ်လို့ရ၏။ လုံးဝကြီး uninstall လို့ ရခြင်းမျိုး မဟုတ်ပေ။ Freeze, Disable လုပ်ပစ် လိုက်သည့် သဘောမျိုး ဖြစ်၏။ ပြန်ရခြင်ရင်လည်း ပြန်ဖော်လို့ရ၏။

နောက်တခုက Brevent app ကို သုံးပြီး recent ပုံစံကို iOS style ပြောင်းလို့ ရခြင်း ဖြစ်၏။ ထို feature ကို ယခင်က root တနည်းအားဖြင့် BLU လုပ်ထားမှသာ သုံးလို့ရ၏။ ခုက Xiaomi ၏ BLU ကန့်သတ်ချက်တွေကြောင့် root လုပ်ရ ခက်လာခဲ့၏။ ထို့ကြောင့် root မလိုဘဲ customize လုပ်လို့ရသည့် နည်းလမ်းတွေကို ရှာကြံလာကြခြင်း ဖြစ်၏။

System app တွေ Canta သုံးပြီး အဖျက် ကောင်းလိုက်တာ Widget ထည့်မရတော့ပေ။ ပြန်ဖော်ယူရသေး၏။ app Vault ကို သွားဖျက်မိသောကြောင့် Widget ထည့်မရခြင်း ဖြစ်၏။ ခွေး၊ ကြောင်ပုံလေးတွေ ထည့်တာလေ။ ထို Widget ကို သွားထိရင် သူတို့က response လုပ်သေး၏။ အပျင်းပြေပေါ့။ ကျနော်ကတော့ သူတို့ပုံ မတင်ထားဘဲ အမျိုးသားတဦး လေ့ကျင့်ခန်း လုပ်နေသည့် ပုံလေးသာ တင်ထားလိုက်ပါ၏။ နောက်မှာ Hyper OS 3 နှင့် ပတ်သက်ပြီး user experience လေး ထပ်မံမျှဝေပါဦးမည်။

Sort:  

တရုတ်ဖုန်းလေးတလုံးရှိတာ မြန်မာဖောင့်မရ
ပလေစတိုမရလို့ အင်တာနက်ကို သုံးမရဖြစ်နေတာ။
!LOLZ
!MEME