ရန်

in HIVE-MYANMAR2 years ago

တနေ့က Futsal ကန်ရင်း ရန်ဖြစ်သည့် အကြောင်း ရေးဖြစ်တော့ မိမိ ရန်ဖြစ်ဖူးခဲ့သည်များကို ပြန်တွေးမြင်မိ၏။ ပြောရလျှင် ကျနော် ရန် မဖြစ်တာ အတော်ကြာခဲ့ပြီ။ ၅ တန်း နှစ်မှာ ရန် အဖြစ်ဆုံးကာလ ဖြစ်ခဲ့ပြီး။ ၆ တန်း၊ ၇ တန်းမှာ ရန်ဖြစ် နည်းသွားခဲ့၏။ ထို့နောက်မှာ လုံးဝ ထပ် ရန်မဖြစ်တော့ပေ။ မှတ်မှတ်ရရ တက္ကသိုလ် တက်နေတုန်းက တခေါက်၊ တကြိမ်သာ ရန်ထပ်ဖြစ်ဖူးလိုက်ပြီး နောက်မှာတော့ ယနေ့ အချိန်ထိ ရန် မဖြစ်တော့ပေ။

တနေ့က Futsal ကန်ရင်း ရန်ဖြစ်ကြတော့လည်း ကျနော်က ဝင်ထိန်းသည့်ဖက်က ဖြစ်၏။ ဝင်ချသည့်ဖက်က မဟုတ်ပေ။ ချစရာလည်း မလိုနေဘူးကိုး။ ဟို ညီအကို နှစ်ယောက် ကြိတ်တာနဲ့တင် ခမြာလေးမှာ အတော် အထိနာနေပြီ မဟုတ်လား။

ဖြစ်ဖြစ်ချင်း တန်းဝင်ဆွဲ ထိန်းလား ဆိုတော့ မဟုတ်။ ဘယ်ဟုတ် မလဲ။ ကိုယ့်လူကို အရင်ချထားတာ ကိုယ့်လူတွေ ပြန်လုပ်ပါစေဦးပေါ့။ လုံလောက် တော်သင့်ပြီ ဆိုမှ ဝင်ဆွဲ ဝင်ထိန်း၏။ ပြီး ကိုယ့်လူကို မဆွဲ တဖက်ကစားသမားကိုသာ ဆွဲထားလိုက်၏။

ငယ်ငယ်က ကိုယ်တိုင်လည်း ရန်ဖြစ်ကဲသလို သူငယ်ချင်းတွေကလည်း ဇတွေနဲ့ပင်။ ရန်ဖြစ်တိုင်း ဘယ်တော့မှ ကိုယ့်လူကိုယ် မဆွဲဘဲ တဖက်လူကိုသာ ဆွဲသည်မှာ ကျနော်တို့ ရန်ဖြစ်တတ်စ ကတည်းကပင် ဖြစ်၏။ အကြောင်းအရင်းကို ကျနော်တို့လို ရန်ဖြစ်ဖူးသူတိုင်း သိကြပေလိမ့်မည် ထင်ပါ၏။ ဆိုတော့ကာ တဖက်ကစားသမားကို ဆွဲထိန်းထားပြီး အခြေအနေတွေ ငြိမ်သွားမှ ကိုယ့်လူကိုယ် ပြန်ထိန်းပေါ့။

ဒီလောက် ငယ်ငယ်က ရန်ဖြစ်ကဲခဲ့ပေမယ့် ၆ တန်း၊ ၇ တန်း နောက်မှာ ရန်ဖြစ်ကျဲသွားသည့် အကြောင်း အရင်း ရှိ၏။ တိုက်ကွမ်ဒို အားကစားကို စတင်ကစားမိရာက ရန်ဖြစ်နည်းသွားခဲ့တော့၏။ ခါးစည်း အမြင့်သို့ ရောက်လာလေလေ ရန်ဖြစ်ချင်စိတ် လျော့နည်း သွားလေလေ ဖြစ်၏။ မိမိ ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာပြီး အားနည်း အားနွဲ့သူကို ဖေးကူရမည်ဆိုသည့် အသိကလည်း တစတစ ကြီးထွားလာတော့၏။ ရိုးသားပြီး အမှန်တရားကို ချစ်မြတ်နိုးသည့် စိတ်တို့ကလည်း ပိုမို အခြေတည် ခိုင်မာလာတော့၏။

မိမိက ဘာလုပ် လိုက်ပါက သူ ဘယ်လို ဖြစ်သွားနိုင်သည်ကို သိပြီးသွားသည့်နောက်မှတော့ ရန်ကို မဖြစ်တော့ပေ။ ရန်ကို ရန်ခြင်း မတုံ့နှင်းလိုတော့ပေ။ ချစ်စကို ရှည်စေ မုန်းစကို တိုစေမလား။ ဒါပေမယ့် ငြင်လေးကတော့ ကျန်နေသေး၏။

တနေ့က Futsal ကန်ရင်း ရန်ဖြစ် ကြသည်ကိုသာကြည့်။ ကိုယ်တိုင် ဝင်မချပေမယ့် ကိုယ့်လူက တဖက်လူကို ချနေချိန်မှာ အချိန်စောင့်ပြီးမှ ပွဲကို ဝင်ထိန်းသည် မဟုတ်လား။ ခံနေရသူက ကိုယ့်လူဆိုက ခပ်မြန်မြန် ဝင်ဖြစ်ပေလိမ့်မည်။ ထို့ပြင် စတင်ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကတည်းက ဘာလုပ် မည်ကို တွေးထားပြီးသား။ တဖက်အသင်းက ဝင်မဆွဲ ဝင်မထိန်းဘဲ တသင်းလုံး ဝင်ချပါက ဘယ်သူ့ကို အရင် ဘယ်လို လုပ်မယ်၊ ပြီးနောက် ဘယ်သူ့ကို ဘယ်လို ထပ်လုပ်မယ် အဆင့်ဆင့် တွေးထားပြီးသား။ ထိုအချိန်မျိုးမှာ စိတ်က သာမန်ထက်ကို ငြိမ်သွားတတ်လေ့ ရှိ၏။

ဒါပေမယ့် သွေးဆူနေသူတွေကို ကျန်နှစ်ဖက်ကစားသမားတွေ အားလုံးက ထိန်းကြတော့ အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ပြန်လည်တည်ငြိမ်သွား၏။ စောစောက အရုပ်ဆိုး အကျည်းတန်ခဲ့သမျှ ပြန်လည် လှပသွားခဲ့ရ၏။ အချင်းချင်း အပြန်အလှန် တောင်းပန်ကြပြီး ရန်မီးကို ငြိမ်းစေခဲ့၏။ တကယ်တော့ ရန်ဖြစ်တာက မကောင်းပေ။ သို့ပေမယ့် မတတ်သာလို့ ရန်ဖြစ်ရလျှင်လည်း ကိုယ်က ဦးအောင် တွယ်ထား၊ ချနိုင်သူသာ ဖြစ်ပါစေ။

Sort:  

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(10/10) tipped @donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

!lol

My girlfriend told me to stop singing Wonderwall to her
I said mayybeee...

Credit: reddit
@donjaun, I sent you an $LOLZ on behalf of @johndieo

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)