ရင်ခုန်ရတဲ့နေ့

in HIVE-MYANMARlast month

ဒီနေ့က ဘဝ၏ ရင်ခုန်ရသည့် နေ့တွေထဲ ထပ်တိုးပေါင်းထည့်ရမည့် ရက်တရက် ဖြစ်ချေ၏။ အဖြစ်က ဒီလိုပါ။ မနေ့က Freebit ကနေ BTC အနည်းငယ် ထုတ်၏။ အများကြီးတော့ မဟုတ်ပေ 0.0005 လောက်သာ။ ဒီလထဲ ကျင်းပမည့် Futsal ပြိုင်ပွဲမှာ ဝတ်ဆင်ကစားဖို့ ဖိနပ် အသစ် ဝယ်ယူချင်သောကြောင့် ဖြစ်၏။ ယခင် Steemit ကနေ Hive ကို ရွှေ့ကြတော့ ရှိသည့် steem တွေကို Hive ချိန်းခဲ့ဖူးသည့် Ionomy website ကိုပဲ BTC ကို ပို့လိုက်၏။

Tribaldex မှာလည်း BTC deposit ရ၏။ သို့ပေမယ့် Ionomy ကို လွှဲပြီးမှ သတိရမိ၏။ ရှိစေတော့။ လွှဲပြီးသည့် BTC ကို Hive ချိန်းရ၏။ ပေါက်ဈေးအတိုင်းပဲ order ဖွင့်ထားလိုက်၏။ မနေ့ နေ့လည်က ဖွင့်ထားသည့် order က ဒီနေ့ မနက်အထိ မရပေ။ ပေါက်ဈေးထက်ကို အတော်ခွာ (မြင့်) ထားပြီး ရောင်းနေကြ၏။ ဖွင့်ထားသည့် ဈေးအရဆိုရင် hive 90 ကျော် ရရမှာ ဖြစ်ပေမယ့် ရောင်းလိုသူတွေ၏ တောင်းဆိုဈေးအရဆိုင် hive 50 ကျော်သာ ရမည်။ တော်တော်ကြီးကို ဆိုး၏။

သို့နှင့် Ionomy ထဲက BTC ကို Tribaldex ပြောင်းမယ် တွေးကြည့်သေး၏။ fee နဲ့တင် မျက်လုံးပြူးသွား၏။ ရှိတာကမှ နည်းနည်းပါဆိုမှ ကိုယ်ကတောင် အိတ်စိုက် (အနှုတ်ပြ) ပေးနေရဦးမည်။ hive နဲ့ ထုတ်ရင် fee က အတော် သက်သာ၏။ နို့ပေမယ့် ခုက ကိုယ်လိုချင်သည့် ဈေးနဲ့ ရောင်းမယ့်သူက မရှိနေပေ။ သို့နှင့် Doge ဖက် ပြောင်းကြည့်၏။ သူလည်း သိပ်တော့ မကွာလှပေ။ အစောက hive ရောင်းချင်သူတွေ သတ်မှတ်ထားသည့် ဈေးနှင့် ညီမျှသည့် hive အရေအတွက်လောက်သာ ပြန်ရမည် ဖြစ်၏။ fee ကလည်း hive ထုတ်သည့် fee ထက်စာရင် များ၏။

ရှာရင်း ဖွေရင်း စဉ်းစားရင်း Blurt ကို သွားတွေ့၏။ ဒီတခုကတော့ မဆိုး။ တွက်ကြည့်ရင် လက်ရှိ hive ပေါက်ဈေးအတိုင်း hive တွေ ရနိုင်၏။ fee လည်း သက်သာ၏။ hive withdrawal fee က 0.23$ ဖြစ်ပြီး Blurt withdrawal fee က 0.13$ ဖြစ်၏။ နောက်ဆုံးတော့ BTC ကို Blurt ပြောင်းဖို့ပဲ ဆုံးဖြတ်လိုက်၏။ ထို Blurt ကို Tribaldex ပို့ပြီးမှ hive ပြန်ချိန်းပေါ့။

Coinmarkertcap မှာ 1 Blurt ကို 0.002$ (0.00000003) ပေါက်နေ၏။ Ionomy exchange မှာတော့ 0.00000004 ပေါက်နေ၏။ ကောင်းတာပေါ့။ BTC to Blurt ပြောင်းလိုက်၏။ ပြီး Tribaldex ကိုပို့၏။ အဲ့မှာစပြီး ရင်ခုန်ရတော့၏။ လက်ခံမယ့် account (recipient) နှင့် memo ကို သေချာ ထည့်ထား၏။ သို့ပေမယ့် ကျနော့် Tribaldex account ထဲသို့ Blurt တွေက တော်တော်နှင့် ရောက်မလာပေ။ အမှန်တော့ ပုံမှန်ကြာချိန်ပါပဲ၊ ကျနော်ကကို စိတ်လောနေခဲ့တာ။ မိနစ် အနည်းငယ်ကြာတော့ Blurt တွေ ရောက်လာ၏။ ထိုအခါမှ အလုံးကြီးကျသွား၏။ Hive သွားချိန်း လိုက်ပါဦးမည်။ ဖိနပ်အသစ်ဝယ်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင် သွားပါမည်။

Sort:  

ဖိုက်တင်းပါဗျို့။ ရှာဖွေလေ တွေ့ရှိလေပေါ့ဗျာ။

ဟုတ်တယ်ဗျို့။

ဂိုးများများသွင်းနိုင်ပါစေဗျာ

သွင်းဖို့ထက် ဖန်တီးပေးချင်နေသူပါ။

ရင်ခုန်လှုပ်ရှား coin အပြောင်းအလွှဲများ
!PIZZA
!LUV

တကယ်လို့။
ရောက်မှသာ သက်ပြင်းချနိုင်။

PIZZA!

$PIZZA slices delivered:
@myothuzar(4/10) tipped @donjaun