Hive ဈေးလေးတက်လာတော့ စာမရေးချင်၊
ပျင်းချင်တဲ့စိတ်ကလေးကို အသာချော့လို့
ရေးရသည်။ ပြားလေးဆယ်ကျော်ကာ ပြား
ငါးဆယ်အနီးသို့ တရစ်ဝဲဝဲလုပ်နေသော
Hive သည် ပြားငါးဆယ်သို့ မရောက်သေးပါပဲ
အောက်သို့ ပြုတ်ကျပြန်သည်။
Hive က ထိုသို့ ဈေးတက်လိုက် ကျလိုက်
ပြုလုပ်သောအခါ ကိုယ်တွေလည်း ပျင်းလိုက်
ရေးလိုက်ဖြင့် ပိုစ့်တင်ရပြန်တော့သည်။
သူဈေးတက်တော့ Binance မှာရှိသော
Hive အနည်းငယ်ကို သွားကလိချင်မိသည်။
သို့သော် ယခင်က mail တခုဖြင့်သာ
ဝင်ရောက်ရသော အနှီး Binance သည်
ယခုအခါ Aut ကုတ်ပါ တောင်းလာသည်။
စ ဦးဆုံး ဝင်ရောက်ရသဖြင့် Aut ကုတ်ကို
မည်သို့ရှာဖွေရမည်မသိပေ။
ဆိုတော့ ထိုအရာနှင့် ပြဿနာတက်နေသော
မိမိသည် Binance အကောင့်သို့ ဝင်ရောက်နိုင်ခြင်း
မပြုနိုင်တော့ပေ။ Binance အကောင့်သို့
မဝင်နိုင်လေ Hive က ဈေးတက်လေ ဆိုတော့
ဘာပြောကောင်းမလဲ ပရိတ်သတ် ဆိုသလို။
ကိုယ်တယောက်ထဲသာ Binance မှာ
ပြဿနာတက်နေတာ သူများတကာတွေ
အဆင်ပြေနေသည်။
ယခင် Binance မှာဝင်ရောက်စဉ်က
မေးလ်တခုတည်ဖြင့် ဝင်ရောက်နိုင်သည်။
ယခုအခါ နှစ်ခုဆိုတော့ Binance မှာ ဝင်ရောက်ပြီး
Trade မလုပ်နိုင်တော့ပေ။ Trade လုပ်သည့်
အခါမှာတော့ မည်သည့် ကုတ်မျှ မခံရသဖြင့်
လွတ်လပ်စွာ Trade နိုင်ပေသည်။ ယခုတော့
အကောင့်ပင် မဝင်နိုင်တော့ မထရိတ်နိုင်တော့ပေ။
မည်သို့ဆိုစေ Hive သည် ပြားငါးဆယ်သို့
ကျော်ကာ တက်ချင်သလောက်တက်ပါစေ။
Hive ဈေးတက်တော့ ပျော်ရပါသည်။
ဂရုမှာ စည်စည်ကားကားဖြစ်သည်။
အားလုံးကို ပျော်စေချင်တာ Hive ကမ္ဘာမှာ
မရောက်ဖူးသေးသော ဈေးသို့ တက်စေ
ရောက်ပါစေသော်။
@htwegyi
March 5, 2024
!hiqvote
တက်ရောင်ပြပြီး ပြန်ကျချင်နေပြီ သူက
!pizza
ဟုတ်သဗျို့။
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
ပျော်ချင်ပါဘိသနဲ့
!lolz
!hug
lolztoken.com
It is pretty hot
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ပျော်ရတော့ မလိုလို 😂
I sent 1.0 HUG on behalf of @golden.future.
(2/3)