အေးဓားပြ

in HIVE-MYANMAR4 years ago

img_0.7621092795142147.jpg

ယနေ့ဘဏ်သို့ငွေသွားထုတ်သည်။
အက်လယ် ဘဏ်ငွေထုတ်တယ်ဆိုပြီး
အထင်မကြီးလိုက်ပါနဲ့။ တလ တခါ
စုထားတဲ့ငွေလေးပါ။ လခထုတ်ရက်မှာ
နှစ်သောင်း၊ သုံးသောင်း အစရှိသဖြင့်
စုထားတဲ့ငွေလေးတွေပါ။

အစောပိုင်းအချိန်များက ဘဏ်တွေမှာ ငွေထုတ်ရင်
စာရင်းအရင်ပေးရမည်။ မနက်အစော တန်းစီ
ရမည် စသည်တို့ကြောင့် စုထားတဲ့
ငွေကလည်း နည်းသမို့ သွားမထုတ်ဖြစ်ပါ။
တနေ့က သူငယ်ချင်းက ခေါ်သဖြင့် သူ့ငွေထုတ်သည့်
အချိန်မှာ ဘဏ်သို့ လိုက်ဖူးသည်။

သူငယ်ချင်းက သူ့ခြံလေးရောင်းပြီး
ဘဏ်မှာ အပ်ကာ ဘဏ်တိုးလေးပွားပွား
ဟုသဘောထား၍ အပ်ထားသည်။ နောက်တခါ
ခြံပြန်ဝယ်ဖို့ကိုလည်း လိုက်ရှာသည်။
ဘဏ်တိုးလေးတနှစ်ရသည်။ နောက်နှစ်မှာ
မအလကြောင့် ပြဿနာတက်သည်။

mvmloe7ofx.jpg

ထိုကြောင့် သူငယ်ချင်းသည် ဘဏ်တိုး
တနှစ်သာစားလိုက်ရသည်။ တလောက
ခြံဝယ်သည့်အခါ မှာတော့ ဘဏ်မှ
အတိုးမရသည့်အပြင် သူငွေ သိန်းတရာ
ထုတ်ခ ဘဏ်ကို ခုနှစ်သိန်းငါးသောင်း
ပေး၍ ကိုယ့်ငွေရရန် ငွေပေးထုတ်ခဲ့ရသည်။
အေးဓားပြတိုက်ခံလိုက်ရခြင်းဖြစ်သည်။

nbt4ujxyhu.jpg

ကိုယ့်ငွေထုတ်ဖို့အရေး ပိုက်ဆံပြန်ပေးရသဖြင့်
ကျွန်တော်သည် ဘဏ်မှ ပိုက်ဆံကို မထုတ်ပဲထားသည်။
ယခုတော့ တယောက်ကို ငါးသိန်း
ထုတ်ရသည်ဆို၍ သွားထုတ်ခဲ့သည်။
သူငယ်ချင်းနှင့် ငွေထုတ်စဉ်က ဘဏ်မှ
ဝန်ထမ်းများသည် ယူနီဖောင်မဝတ်ကြပါ။
ယခု ကျွန်တော် သွားထုတ်သည့်အခါ
ဘဏ်ဝန်ထမ်းများသည် ယူနီဖောင်ဝတ်
ထားကြသည်။

မည်သို့ဆိုစေ မအလကြောင့် ကိုယ့်ငွေကို
ထုတ်ချင်သည့်အချိန် ထုတ်မရကြပါ။
ကိုယ်ငွေကို ပြန်ထုတ်ရသည့်အခါ
ပိုက်ဆံပေးပြီး ထုတ်ရခြင်းက အတော်ဆိုးဝါးသည့်
သမိုင်းတရပ်ပင် ဖြစ်ပေတော့သည်။

@htwegyi
8-4-2022

Sort:  

ငြိမ်ခံနေသူတွေ များနေသေးနော့လည်း ခက်သားဗျာ
!PIZZA

ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ကိုယ့်ဆီရောက်လာနေတာကို ဘယ်လိုများတောင်နေကြပ။

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@walarhein(4/5) tipped @htwegyi (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

အမလေး ထုတ်ရတာပဲကျေးဇူးတင်နေရတယ်။
ပြောချင်ပေါင်

အဲ့သလို ဖြစ်သွားတယ်။