ဗီဒီယိုကြည့်မလား စာဖတ်မလား

in HIVE-MYANMAR4 years ago

image

ကျွန်တော် ယခုတလော စာလည်းဖတ်ချင်တယ်၊
ဖေ့စ်ဘွတ်မှာတင်ထားသည် နိုင်ငံခြားဇာတ်ကား
များကိုလည်း ကြည့်ချင်နဲ့ အတော်ကိုဗျာများနေ
တယ်။ ဇာတ်ကားကောင်းလေးတွေကြည့်မိရင်း
မိတ်ဆွေတွေကိုမျှဝေမိတယ်။ ဒီကြားထဲ
မျက်စိကိုလည်း ခြွေတာရတယ်။ စာတွေ၊
ဇာတ်ကားတွေကြည့်မှ စာရေးဖို့ ကုန်ကြမ်း
ရတာ ဆိုတော့လည်း ကြည့်ရတာပ။။

သို့သော်လည်း ကိုယ့်အကြိုက်သူ့အကြိုက်က
ကွာသေးသည်မဟုတ်ပါလား။ ကိုယ်ကြိုက်သော်လည်း အခြားသူက ကြိုက်ချင်မှ ကြိုက်ပေမည်။ လူတစ်ကိုယ် စိတ်ကူးတစ်မျိုးဆိုတာက
ရှိသေးသည်။

ကျွန်တော် ခုရေးပြချင်တာက အမေလူထု
ဒေါ်အမာရဲ့ ဘာသာပြန်စာအုပ်အကြောင်း
ဝေမျှချင်ပါတယ်။ ရွှေဥဒေါင်းစာကြည့်တိုက်မှ
အမေမာရဲ့ ရှားရှားပါးပါး ဘာသာပြန်စာအုပ်လေးဖြစ်သည်။ စာအုပ်မှာ နှစ်ပေါင်းကြာမြင့်ပြီး
ဖြစ်၍ ဟောင်းနွမ်းဆွေမြေ့ ပိုး၊ ခြ ကိုက်နေ
သည်။ ပထမနှင့် ဒုတိယအကြိမ်များကို
မန္တလေးမှာ ထုတ်ဝေပြီး တတိယအကြိမ်ကို
1969 ခုနှစ် မေလတွင် ရန်ကုန်၌ ထုတ်ဝေ
ခဲ့သည်။

20200528_113752.jpg

မစ္စတာမောရစ်ကောလစ်၏ အရေးကို အမေမာက
ဘာသာပြန်ထားခြင်းဖြစ်သည်။ စာအုပ်
အမည်မှာ စန္ဒမာလာ ဖြစ်သည်။
အင်္ဂလန်မှ ပန်းချီဆရာလေးနှင့် မြန်မာ
မင်းမျိုးမင်းနွယ် မင်းသမီးလေး တို့၏
အချစ်နှင့် အလွန်ထက်မြက်ထူးချွန်သည့်
မင်းသမီးကြီးစန္ဒမာလာအကြောင်း ရေးသား
ထားသည်။

စန္ဒမာလာ မင်းသမီးကြီးသည် သူမ၏သမီးအား
လန်ဒန်ပန်းချီဆရာ တဖြစ်လည်း မြို့စားလေး
နှင့် လက်ထပ်ပေးရာတွင် သူမ၏ စိတ်ကူး
အတွေးတို့က ထူခြားလှသည်။ မြန်မာပြည်ကို
သိမ်းပိုက်ထားသည့် အင်္ဂလိပ်တို့အား သူ့
ရည်ရွယ်ချက်အတိုင်း သူ့အမျိုးအဆွေကို
တန်းတူညီအောင် ပြုလုပ်ဆောင်ရွက်
နိုင်ခဲ့သည်။

သူမ၏ စကားလုံးအချို့အား ဝေမျှလိုက်ပါသည်။

"သမီးအတွက် ထိုက်တန်တဲ့သူရဖို့အရေး
စဉ်းစားလေလေ မြန်မာထဲက စိတ်ကူးမတည့်လေပဲ။
အဲတော့ မောင်နဲ့ဆိုရင် မဆိုးဘူးလို့ တွက်မိတယ်။
ကျုပ်တို့ မင်းမျိုးစိုးမျိုးနဲ့ မောင်တို့ မင်းမျိုးစိုးမျိုး
ဆက်သွယ်မိရင်၊ ထိမ်းမြားမိရင် မောင်တို့လည်း
မနစ်နာဘူး၊ ကျုပ်တို့လဲ လူမျိုးချင်း တန်းတူဆိုတဲ့
အကြောင်း ကမ္ဘာကိုပြနိုင်တယ်"

"ကျုပ်တို့လို မင်းဆွေမင်းမျိုးကို မောင်တို့တတွေက
နှစ်သတ်မြက်နိုးထိုက်တယ်။ မောင်တို့မှာ
တန်လောက် တူလောက်တဲ့ အရည်အချင်းရှိတယ်။
မောင်တို့လဲတင့်တယ်၊ ကျုပ်တို့လဲတင့်တယ်
မဖြစ်ပေဘူးလား"

စန္ဒမာလာ မင်းသမီးကြီးသည် မြန်မာပြည်ကို အင်္ဂလိပ်လက်မှ မကယ်နိုင်သော်လဲ၊ သူမ
မျိုးဆက်အား အင်္ဂလိပ်တို့နှင့် တန်းတူအောင်
ဆောင်ရွက်ပေးနိူင်ခဲ့သည်။

@htwegyi

Sort:  

သွေးရောတဲ့နည်းဖြင့် အဆင့်အတန်းတူအောင် လုပ်တာကတော့.....

ဒါလဲ ကျွန်တော်တို့ဖက်က တွေးတော့ဟုတ်သပေါ့။
သို့သော် သူမမှာ သူ့ဖက်က သူ့ခံယူချက်၊ သူ့ခံစားချက်ကရှိသေးတော့ကား။

ဇာတ်ကားကြည့်တယ် စာမဖတ်ဖြစ် ဖုန်းပွတ်၏

စာအုပ်ဖတ်ကြည့်ရင် သူမရဲ့ စိတ်ကိုမြင်မလားပဲ။

အပြောများလို့ Money Hiest ကြည့်ဖြစ်တယ်ဗျ
ပရော်ဖက်ဆာရဲ့ planတွေ မိုက်တယ်၊ Justin
မှီမယ်မထင်ဘူး ဦးထွေးရေ 😁

Money Hiest က ဇာတ်ကားအမည်လားဗျ ရှာကြည့်အုံးမယ်။