ယခုတလော အင်တာနက်လိုင်းများက မကောင်းလှပေ။
ကိုယ်တွေ ပိုစ့်တင်ရသည်မှာ စိတ်ရှည်စွာဖြင့် တင်ရသည်။ ဝိုင်ဖိုင်ရော ဖုန်းအင်တာနက်ပါ တူညီစွာ
လိုင်းမကောင်းကြပေ။ ဆိုတော့ Hive ဈေးက ကျ။
အင်တာနက်လိုင်းတွေက မကောင်းဆိုတော့။
ဘယ်လိုပြောရမည်ပင် မသိတော့ပေ။ ဆယ်ပြားဈေး
သို့ရောက်နေသော Hive သည်က ဘယ်တော့များမှ
တစ်ဒေါ်လာရောက်ပ။ အခြားသော Crypto ဈေး
များလည်း ကျနေသည်ဟု ဆိုပေသိ။ သူက နေနိုင်
လွန်သူကြီးပါ။

အခြား Crypto များဈေးတက်သော်လည်း သူက
တက်ချင်မှ တက်မည်။ Hive သည်က သူတက်ချင်
ရင် တက်၊ ကျချင်ရင် ကျနေသည်မှာ ကိုယ်တွေ
ကို အားကျနေလေသလား။ ကိုယ်တွေကလည်း
နေချင်သလို နေ။ ရေးချင်သလို ရေးနေသည်။
မဟုတ်တာကို လာ အားကျနေသော အနှီး Hive
သည်က စိတ်ပျက်စရာပေ။ ယနေ့မှာတော့
ဆယ့်တစ်ပြားသို့ရောက်ကာ အစိမ်းရောင်သန်း
ပြန်ပါသည်။

ရာသီဥတုကတော့ ယခုအချိန်မှာ နေရောင်ခြည်ကို
ပြန်မြင်ရသည်။ ယခင်ရက်များက နေလုံးပျောက်ကာ
မိုးတိမ်များက ကောင်းကင်ကို စိုးမိုးထားကြသည်။
ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှာ တိုက်သော မုန်းတိုင်
အရှိန်ကြောင့် မိုးတိမ်များဖြစ်နေသည်မှာ
ကြာပေသည်။ ရာသီဥတု မသာယာသည်မှာ
ကြာပေသည်။ ရာသီဥတုက တနှစ်နဲ့တနှစ်
ပိုမို ဆိုးရွားလာသည်။
ရာသီဥတုနှင့် ကိုယ်တွေရဲ့ Hive သည်က
အတူတူပင်ဖြစ်ပေသည်။ တနေ့တခြား ဈေးကျ
နေသော ကိုယ်တွေရဲ့ Hive ကလည်း ဘာထူး
သေးလဲ။ အတက်မရှိ အကျချည် ကျနေသော
အခါ ရာသီဥတု မကောင်းတော့ပါ ဆိုသလို။
ဟိုက်ရာသီ မကောင်းပါ ဆိုသလို။ ဘယ်အချိန်
ဘယ်ကာလမှ ဟိုက်ရာသီ ကောင်းပါလေစ။
ဟိုက် ရာသီ ကောင်းချိန်ကို မျော်ရတာလည်း
ရွှေလည်တိုင် ညောင်ရှာရော့မယ် ဆိုသလိုပါလေ။
@htwegyi
November 7, 2025