ခုမှ ကိုယ်တွေ ဝဍ်လည်

in HIVE-MYANMAR24 days ago

တစ်ရက်ခြားတခါ ပိုစ့်တင် ပျက်ကွက်ရသည်။
တူမ၏ မင်္ဂလာပွဲကျင်းပ၍ဖြစ်သည်။ တူမသည်
မင်္ဂလာပွဲ ကို လွန်ခဲ့သော လေးနှစ်က ကျင်းပရန်
ဖြစ်သည်။ အကြောင်းကြောင်းကြောင့် ယခုမှ
ကျင်းပရသည်။ မင်္ဂလာပွဲတစ်ပွဲကျင်းပဖို့ စိတ်တော့
ပင်ပန်းရသည်။ ဒါသည်ပင် အစစအရာရာ
ငွေးကြေးပေးကာ ဆောင်ရွက်ရသဖြင့် လူကိုယ်တိုင်
အားစိုက်ထုတ်စရာမရှိပေ။ သို့ပေသိ စိတ်တော့
ပင်ပန်းရပေသည်။

မင်္ဂလာပွဲ မကျင်းမမှီရက်များက မိုးသည်းထန်းစွာ
ရွာသည်။ မုန်းတိုင်းများ တိုက်သည်။ ထိုကြောင့်
ပွဲနေ့မှာ မိုးများကျလေမလား။ အဆင်ပြေ
အောင်မြင်စွာဖြင့် ပြီးပါမလား။ စသဖြင့် လားပေါင်းများစွာဖြင့်
ရင်မောရသည်။ မင်္ဂလာပွဲလာသူ
ဦးရေနှင့် စားသောက်ဖွယ်ရာ လောက်ငှရန်
အတွက် ရှေ့က ပွဲပြုလုပ်သူများကို မေးမြန်ရသည်။
ပိုပိုသာသာမှာယူထားသည်။

မင်္ဂလာပွဲကျင်းပသည့်နေ့ ရောက်သောအခါ
လာရောက်သူ မိတ်ဆွေများကို ဧည့်ဝတ်ကျေရန်
ဧည့်ခံရပြန်သည်။ ဧည့်သည်များ၏ လိုအပ်ချက်
များကို လိုက်လံကြည့်ရသည်။ မင်္ဂလာပွဲကို
ဘုန်းကြီးကျောင်းမှာ ကျင်းပသည်။ မနက်ပိုင်းမှာ
ကျင်းပသည်။ ထိုဘုန်းကြီးကျောင်း၌
အလှူပွဲလည်းရှိသည်။ ထိုအလှူပွဲက မနက်ဖန်မှာ
ကျင်းပမည်။ ကျွန်တော်တို့ ကျင်းပသည့်နေ့
နေ့လယ်မှာ အလှူလှည့်ဖြစ်သည်။

ထိုအလှူလှည့်များကို ကျွေးရန် ချက်ပြုတ်သူများက
မနက်ကတည်းက ရောက်နေသည်။ ထိုသူများက
ကျွန်တော်တို့ မင်္ဂလာပွဲမှာ ကျွေးသည့် အစား
အသောက်များကို ယူပြီးစားသောက်ကြသည်။
ထိုကြောင့် ပိုပိုသာသာ မှာယူထားသော်လည်း
နောက်ပိုင်းအချိန် လာသည့်ဧည့်သည်များအတွက်
မလောက်ငှဖြစ်ရသည်။ အစား အသောက်များကို
ထပ်မံမှာကြားကာ ဝယ်ယူကျွေးမွေးဧည့်ခံလေသည်။

ပွဲက အောင်မြင်စွာပြီးဆုံးသွားသဖြင့် စိတ်အေးရသည်။
နောက်ပိုင်း ဧည့်သည်များအတွက်
အနည်းငယ် အခက်အခဲတွေ့ရပေသိ အခြား
ပြဿနာမရှိ၍ တော်ပေသေးသည်။ ပွဲပြီးဆုံးမှ
လူလည်း ပင်ပန်းမှန်းသိရလေသည်။
မင်္ဂလာပွဲက သီတင်းကျွတ်လပြည့် တစ်ရက်ဖြစ်သည်။
ငယ်စဉ်ကတော့ သီတင်းကျွတ်
တာနဲ့ တန်းပြီးတော့ မင်္ဂလာပွဲလုပ်ကြတာပါလား၊
ဘာ ညာ သာရကာ ပြောဆိုဖူးခဲ့သည်။
သူများပြောခဲ့သမျှ ခုမှ ကိုယ်တွေ ဝဍ်လည်တာ
ဆိုတာကလား။

@htwegyi
October 8, 2025

Sort:  

PIZZA!

$PIZZA slices delivered:
@myanmarkoko(2/5) tipped @htwegyi
phyowinkoko7 tipped htwegyi

Come get MOONed!

အဲ့ဒါတွေကြောင့် မင်္ဂလာ မဆောင်ချင်တာ။
စိတ်မောရလို့။
😂

ဟုတ်သပ 😀

လူမမောပေမဲ့ စိတ်မောရတာပေါ့။

!PIZZA