မိုး ခရမ်း

in HIVE-MYANMAR • 8 days ago

မိုးရွာလိုက် နေပူလိုက်ဆိုတော့ သစ်ပင်တွေက
ပျော်တာပေါ့။ ခြံအတွင်း ခြံအပြင်မှာ ရှိသမျှ သစ်ပင်တိုင်း
အရွက်နုလေးတွေ ကိုယ်စီထွက်နေကြသည်။
သစ်ပင်လေးများမှာ ထိုသို့ အရွက်နုလေးများ
ထွက်နေသည်ကို ကြည့်ရတာ စိတ်ချမ်းသာစရာ
ကောင်းလှသည်။ လူ့ပြည် လူ့ရွာ စိတ်မချမ်းသာ
စရာကများတော့ ရှာကြံပြီး စိတ်ချမ်းသာမှု
ရှာရတာပေါ့။

မိုးအားကြီးပြီး မိုးများတော့ ခြံရှေ့ပေတရာလမ်းမပေါ်
ရေကျော်ပြန်သည်။ ရေကျော်လမ်းပေါ် ဆိုင်ကယ်များ
၊ ကားများက အရှိန်ပြင်းစွာမောင်းတော့ ‌ရေများက
ဘီး၏ ပွတ်တိုက်မှုကြောင့် ဘေးသို့ ပန်းထွက်ကာ
ဘေးအနီးမှာရှိသော အရာများကို ရေစိုစေသည်။
လမ်းလျှောက်နေသူအနီး ဆိုင်ကယ်သမားက
အရှိန်မလျော့ပဲ အရှိန်ပြင်းစွာမောင်းပါက လမ်း
ပေါ်မှ ရေများ စင်ကာ လမ်းပေါ်ကလူကို ညစ်ပေသည်။
ထိုအတူ ဆိုင်ကယ်သမားကိုလည်း ကားက အရှိန်
ပြင်းပြင်းဖြင့် ဆိုင်ကယ်အနီးဖြတ်သန်းမောင်းသွား
ပါကလည်း ဆိုင်ကယ်စီးသူကို ရေများစိုစေသည်။

ထိုအရာကို ကြည့်မိတော့ ရှေးလူကြီးများ ပြောသည့်
မနိုင် နိုင်သူပေါ်ပေါက်မည် စကားကို ပြန်ကြားမိပြန်
သည်။ သို့ပေသိပေါ့လေ မနိုင် နိုင်သူ ပေါ်ပေါက်မည်
ဆိုသည်ကလည်း တခါတရံမျက်စိလည်နေတတ်သည်။
လမ်းပေါ်မှ လူကို ရေစိုအောင် ပြုလုပ်သော
ဆိုင်ကယ်သမားကို ကားဖြင့် တလှည့် ပြန်ရေစို
စေချင်သော်လည်း။ ကားနှင့် ရေစိုစေသည့်
ဆိုင်ကယ်က လူကို ရေစိုစေအောင်ပြုလုက်သည့်
ဆိုင်ကယ် မဟုတ်ပြန်။ လူကို ရေစိုစေသည့်
ဆိုင်ကယ်၊ ဆိုင်ကယ်ကို ရေစိုစေသည့်ကား။
ဒီတော့ ကားကိုဖြင့် မည်သည်ကရေစို
စေမည်ပ။ ကားကို ရေစိုအောင် ထုံးပေသီးက
ပြုလုပ်ပေမည်လား။

မိုးရာသီ၏ မြင်ကွင်းများက အေးချမ်း စိမ်စို
မှုရှိသလို စိုစွတ်မှုကိုလည်းဖြစ်ပေါ်စေသည်။
သို့ပေသိ သစ်ပင်လေးတွေ စိမ်းစိုနေသည်ကို
မြင်ရတော့ စိတ်ချမ်းသာရသလို။ ရေဘေးသင့်နေသော
ဒေသများကို ကြားရ သိရပြန်တော့ စိတ်မချမ်းသာ
ရပြန်ပါသလေ။ ခြံဘေးရှိ ငှက်ပျောပင်များက
အရွက်ဖားဖားကြီးများထွက်ကာ မိုးရေဝသဖြင့် လန်းဆန်းကာ
အားသန်ဖို့ အရှိန်ယူနေသည်။

ငှက်ပျောပင်ဘေးရှိ ခရမ်းကဆော့ပင်သည်လည်း
မိုးရေသောက်ရသဖြင့် အစွမ်းကုန်ပွင့်လန်းနေသည်။
အပွင့်ဖြူဖြူများက တပင်လုံးကိုလွှမ်းခြုံကာ
ပွင့်နေသည်။ ဖူးရာမှ ငုံ၊ ငုံရာမှ ပွင့်၊ ပွင့်ရာမှ
အသီးကင်းလေးများထွက်ပေါ်ရပေမည်။ သို့ပေသိ
ခရမ်းကဆော့သီးကင်းလေးများ အဘယ်ကြောင့်
မသီးသေးလဲ မသိပေ။ အပွင့်များသာ အားကုန်ပွင့်ပြီး
မြေသို့ကြွေကျသွားသည်။ အသီးကင်းလေးများကို
ယခုထိမတွေ့ရပေ။ ခူးယူမည့်သူများက တကြည့်ကြည့်
ရှိလှသည်။ ခူးမည့်သူတွေ ပေါများ၍ မသီးလေးသလား
မပြောတတ်ပေ။ အပွင့်ဖြူဖြူဖွေးများကတော့
မြင်သူတကာကို ညို့ယူဖမ်းစားထားနေတော့သည်။

@htwegyi
October 4, 2026

Sort:  

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 2700 posts.
Your next target is to reach 2800 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Feedback from the October Hive Power Up Day
Hive Power Up Month Challenge - September 2026 Winners List
Be ready for the October edition of the Hive Power Up Month!

En mi experiencia, esas fotos del agua salpicando en la calle Petaya me trajeron recuerdos de cuando viví en una zona que se inundaba cada temporada de lluvias. Lo que aprendí de esa cadena que mencionás —el que empuja el agua también la recibe— es que uno termina mojando al de al lado sin darse cuenta. ¿Al final esas flores blancas del berenjenal dieron fruto o se quedaron solo en flor?

It produces edible fruit from its white flowers.