ငြိမ်းချမ်းခြင်း၊ အေးမြခြင်းဟူသည်

in HIVE-MYANMARyesterday

လူဆိုတာ အဖော်အပေါင်းနဲ့မှ။ နိုမို့ ပျင်းစရာကြီး။
သူတော်ကောင်းတွေ၊ သူတော်စင်မြတ်များအဖို့
အဖော်အပေါင်းအသင်းဆိုသည်က မလိုအပ်ပေ။
ရှိနေ ရှုပ်သေးဆိုသလို ဖြစ်ပေမည်။ တကိုယ်တည်း
တယောက်တည်း အထီးတည်နေ နေရပါမူ
ကြာလာတော့ လူက ကြောင်တောင်တောင်
ဖြစ်ချင်လာသလိုလို။ သို့ပေသိ ဗုဒ္ဓ၏ တရား
ဓမ္မများကို လေ့လာ ကျင့်ကြံပါမူ တဦးတည်း
တစ်ယောက်ထဲကပင် နေလို့ကောင်းသွား
ပြန်သည်။

သံယောဇဉ်ကြီးမားသူအဖို့ကတော့ ထိုသံယောဇဉ်များနဲ့
ကင်းကွာသွားဖို့က ခက်ခဲလှပေသည်။ ခက်ခဲလေ
ထိုသံယောဇဉ်က ချည်နှောင်လေ၊ ရုန်းလေး
လှုပ်မရလေဆိုသလို။ သံယောဇဉ်ကို နွံ ဟု တင်စား
ကြသည်ကလည်း မှန်နေပြန်သည်။ ဘဝမှာ
သံယောဇဉ်ကင်းသူရယ်က ရှားပါးလှသည်။
သံယောဇဉ် အကျဉ်းသားများက များပြားလှသည်။

တကိုယ်တည်းဆိုပေသိ သံယောဇဉ်က ရှာကြံပြီး
ရောက်လာတတ်သည်ကရှိသေး။ လူ့ဘဝကြီးမှာ
နေထိုင်သည်နှင့် သံယောဇဉ်တို့၊ ချစ်ခြင်းတို့၊
မေတ္တာတရားတို့က ဝေးကွာ၍ မရ‌စကောင်း။
ထိုအရာတို့နှင့် အမြဲမပြတ်ထိဆက်နေရသည်။
ထိုကြောင့်လည်း ဘဝသံသရာကြီးမှာ တဝဲဝဲလည်
နေကြရသည်။

နင်ဟာ အတောင်ပါတဲ့ ငှက်ပါ
ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူး မြူးခဲ့ရ တရံတခါ။

အဲ့သည့် တရံတခါလေက တခါတည်းကို
တရံဖြစ်သွားတာပ။ ဆရာ စိုင်းခမ်းလိတ် များ
ရေးတတ်၊ ဖွဲ့ နွဲ့တတ်လိုက်တာ။ ပညာရှိတွေများ
တွေးကြည့် ပြေးကြည့်တာထက် မှန်တယ်ဆိုသလို။
သံယောဇဉ် ဆိုသည်က လူသားမှ မဟုတ်။
တိရစ္ဆာန်များပင် သံယောဇဉ်ဆိုတာ ရှိကြတာကလား။

မနေ့က ဖုန်းနဲ့ ပိုစ့်တင်ဖို့ စာရေးနေစဉ်။
ဂျိုးနှစ်ကောင် ထနောင်းပင်က ဆိုသလို ကျွန်တော့်
ရှေ့မှာ လာပြီ အစာရှာနေသည်။ ထို ဂျိုးနှစ်ကောင်
က ကျွန်တော့် ခြံဝင်းအတွင်းမှာ ဘေးအန္တရာယ်
ကင်းရှင်းစွာဖြင့် အစာရှာနေသည်။ သူရို့နှစ်ကောင်
က ခြံအတွင်းမှာ အမြဲလာတတ်သည်။ အိမ်သား
များက သူရို့ကို ရန်မပြုသဖြင့် ခြံဝင်းအတွင်း
သူရို့စိတ်ကြိုက် လှုပ်ရှားသွားလာကာ အစာရှာ
နေကြသည်။

ဂျိုးနှစ်ကောင်းကိုကြည့်၍ သူတို့နှစ်ကောင်ကတော့
ကိုယ်တွေခြံမှာ အေးချမ်းစွာ အစာရှာဖွေနိုင်သည်။
ကိုယ်တွေ မြန်မာပြည်သားများအဖို့ အေးချမ်းစွာ
နေထိုင်နိုင်ဖို့ ဘယ်တော့များမှ ရရှိနိုင်ပါ့။
တည်ငြိမ်အေးချမ်းစွာဖြင့် ဘဝကို ဖြတ်သန်း
နေနိုင်ခြင်းသည်ကလည်း ဘဝမှာ ချမ်းသာခြင်း
တမျိုးဆိုတာ ကြုံဖူးသူများမှ သိကြပေမည်။
မြန်မာပြည် အေးချမ်းပါစေ။
ဘေးဘယာများ ကင်းဝေးပါစေ။
အမြန်ဆုံး ငြိမ်းချမ်းပါစေလေ။

@htwegyi
October 30, 2025

Sort:  

ချိုးညီနောင်လား ချိုဖိုမစုံတွဲလား
!LOLZ
!HUG

What would happen if giant ducks roam the land?
Earthquacks

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(2/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

တခုခုတတော့ ဖြစ်မှာပဲ။