သာယာသော အိမ်ကလေးအတွက် ယနေ့
ကုန်ကျငွေ တစ်သိန်းနှစ်သောင်းဖြစ်သည်။
လွန်ခဲ့သော လေးလကလည်း ထို သာယာသော
အိမ်ကလေးအတွက်ပင် ငွေကျပ် ခုနှစ်သောင်းကုန်ကျခဲ့သည်။
အိမ်တအိမ်အတွက် မရှိမဖြစ်၊
ကျန်းမာရေးအတွက် အရေးပါသော၊ အိမ်၏
အိမ်သားများကို သာယာမှုပေးသော အိမ်ကလေးအကြောင်း
ရေးရပါအုံးမည်။
ကျွန်တော်တို့ အိမ်ရှိ သာယာသောအိမ်ကလေးသည်။
အသင့်ပြုလုပ်ထားသော အုတ်ဂွေကန်များဖြင့်
ဆောက်လုပ်ထားသော ရေလောင်းအိမ်သာဖြစ်သည်။
လွန်ခဲ့သော လေးနှစ်က ထိုအိမ်သာကို ဆောက်လုပ်
ခြင်းအတွက် ငွေကျပ် နှစ်သိန်းခြောက်သောင်းကျပ်
ကုန်ကျသည်။ ယခုအခါ ထိုအိမ်သာမှ ပြည့်လျှံသွား
သဖြင့် မိလ္လာကားခေါ်ရခြင်းဖြစ်ပေသည်။ ပထမ
အကြိမ် ရေထုတ်စဉ်က အိမ်သာရေကြည်ပေါက်ဖောက်၍
ရေကြည်ပိုက်ဖြင့် ရေထုတ်ရန်ပြောသည်။
မိလ္လာထုတ်သူက ဒီတကြိမ်စောင့်ကြည့်ပါဟုပြောသဖြင့်
ရေကြည်ပိုက် မထုတ်မိပေ။ ယခုတော့
နှစ်ကြိမ် နှစ်ခါရှိပြီဖြစ်သည်။ တခါထုတ်သည့်အခါ
အတိုင်း ငွေက ပိုမိုဈေးတက်လာသည်။ ခုနှစ်သောင်း
ကျပ်ဖြင့် ထုတ်ပြီသည်မှာ လေးလသာကြာသည်။
ယခု တစ်သိန်းနှစ်သောင်းဆိုတော့ လေး၊ ငါးလနှင့်
ငွေထုတ်နေရသည်မှာ အဆင်မပြေတော့ပေ။
ဒီတော့ သက်သာရာ သက်သာကြောင်း ရှာရတော့သည်။
ရေကြည်ပိုက်ဖြင့် ဖောက်ထုတ်ပါမူ
နှစ်နှစ်၊ သုံးနှစ်ကြာမှ စုပ်ထုတ်ရသည်ဟု ပြောသည်။
ထိုကြောင့် လေးငါးလ နှင့် စာပါလျှင် နှစ်နှစ်၊ သုံးနှစ်
က တော်သေးဟု ဆိုရပေမည်။ ထိုသို့ ရေကြည်ပိုက်
ဖောက်ရန်အတွက် လက်ရှိအိမ်သာကို မြှင့်ရပါမည်။
နောက်တဆင့် ကွန်ကရစ်ဂွေကန်ထပ်ထည့်၍
ထပ်မံမြှင့်ရမည်။
ကွန်ကရစ်ကွေကန်နှင့် သွယ်တန်းဖောက်ထုတ်ဖို့
ရေပိုက်များအပါအဝင် နောက်ထပ်ငွေကျပ် နှစ်သိန်းခွဲခန့်
ကုန်ကျရပေအုံးမည်။ အင်း သာယာသော
အိမ်ကလေးအတွက် ပြုပြင်မှုကလည်း မခေပေ။
သို့ပေသိ ကိုယ့်အိမ် တအိမ်လုံး သာယာအောင် ပြုလုပ်
ပေးသည့်အတွက် ငွေကုန်ကျပေသိ။ အဆင်ပြေ
ဖို့ကအဓိက ဖြစ်ပေသည်။
ငွေရှာရ ခက်သော ခေတ်မှာ အဆင်ပြေအောင် ရှာကြံ
လုပ်ဆောင်ရပေမည်။ အင်း ကိုယ်တွေသာ
ငွေရှာ ခက်ခဲသည်။ ခေတ်ပျက်မှာ ခေတ်ပျက်သူဌေးများက
ပေါပါဘိ။ တိုင်းပြည် ဘာဖြစ်နေတာ၊
ညာဖြစ်နေတာဟု ပြောကြပေသိ။ ငိုကြွေသူ၊
ဘဝပျက်သူ၊ လမ်းပျောက်သူနှင့် အသက်ပျောင်သူတို့ရှိကြပေသော်ငြား။ ကုသိုလ်ရေး၊ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ လူမှုရေးနှင့် အပန်းဖြေရေး အစရှိသဖြင့် နေရာများမှာတော့ လူတွေက
စည်ကားမြဲ၊ သာယာမြဲပါလေ။ ဝိုင်ဝိုင်းရဲ့ သီချင်းသာ
ညည်းမိသည်
ဖြေသိမ့်လိုက်.......။
@htwegyi
September 16, 2025
နေတတ်အောင်နေဖို့ ကြိုးစားရင်းက နေတတ်သလို နေဖြစ်သွားကြတာပါပဲလေ။ နေချင်သလို မနေဖို့တော့ သတိထားရဦးမပေါ့။
နေတတ်သလို နေပါတော့ သီချင်းဆိုသံတောင်
ကြားဖူးသေးတယ်။
ကျုပ်အိမ်သာ ဆောက်တုန်းကတော့ တူးခက နှစ်သိန်းခွဲ၊ ခွေချတာက သုံးသိန်း၊ အဆောက်အဦးက နှစ်သိန်းကျော် ကုန်သဗျ
!LOLZ
!HUG
lolztoken.com
Boara Boara.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ယခုအခါတော့ အဲ့သလောက် ဈေးပေါက်နေတာပ။