မြတ်စွာဘုရားသာ တ မိတော့သည်။

in HIVE-MYANMAR3 years ago (edited)

image

ကိုဗစ် က အတော်ကြောက်စရာကောင်းသလို
အတော်အံ့အားသင့်ဖို့ကောင်းသည်။
ကိုဗစ်ကို အကြောင်းပြု ကောင်းမှု
ပြုသူရှိသလို၊ မကောင်းမှုပြုသူများကလည်း
မနှေးပေ။ ကိုဗစ်နှင့်ပတ်သက်၍
လူတို့၏ စိတ်အခြေအနေများကိုလည်း
တွေ့ရ သိရသည်။

ကိုဗစ် ရောဂါကူးသူက ယခုအခါ
မြန်မာပြည်၏ လူဦးရေ ထက်ဝက်နီးပါး
သို့မဟုတ် ဒီထက်မက များချင်များပေမည်။
ကျွန်တော်တို့ မိသားစုလည်း ကိုဗစ်နှင့်
နပန်းလုံးခဲ့ရပြီးဖြစ်သည်။ ကံကောင်း
ထောက်မစွာ ကျန်းမာရေးမကောင်း
လေဖြတ်ရောဂါရှိသူ အသက် (85)နှစ်ကျော်
ကျွန်တော့် အမေ သည်ပင် သေမင်း
လက်မှ လွတ်မြောက်ခဲ့သည်။

ကိုဗစ်နှင့် ပတ်သက်၍ ယခုအခါ
အံ့အားသင့်စရာက မိတ်ဆွေတစ်ဦး
ပြောကြားချက်အရဖြစ်သည်။
မိတ်ဆွေက ဖျား၍ ဆေးခန်းသွားပြသည်။
သူ့ကိုယ်သူ အနံ့ပျောက်မှန်းလည်းမသိ။
ဖျား၊ နှာစေး ချောင်းဆိုး ခေါင်းကိုက်၍
ဆေးခန်းကို တစ်ရက်ခြားတခါ သွားပြနေသည်။
ကျွန်တော်ဖုန်းဆက်မေးတော့။

"ဖျားပြီး အနံ့မရတာ၊ ဖျားလိုက် မဖျားလိုက်နဲ့
ဆေးခန်းသွား သွားပြနေရတာ၊ တော်သေး
ကိုဗစ်မဖြစ်လို့တဲ့"

20171225_053721.jpg

မြတ်စွာဘုရား သူက ကိုဗစ်မဟုတ်ဘူးတဲ့။
ကျွန်တော်သိရသလောက်ဆိုရင်
သူက ကိုဗစ်ဖြစ်နေပြီ။ သူပြခဲ့သည့်ဆေးခန်း၊
ဆရာဝန်၏ နားကြပ်၊ သွေးပေါင်ချိန်တိုင်း
ကိရိယာ ကို အခြားလူနာတွေ ဆက်လက်
တိုင်းကြ အသုံးပြုမိကြရင်ဖြင့်
မြတ်စွာဘုရားသာ တ မိတော့သည်။

@htwegyi
23-7-21

Sort:  

ရန်ကုန်မှာကတော့ ရှိသမျှ ဆေးဆိုင် တွေ အကုန်ပိတ်ခိုင်း.... ရွှေအိုး ဆေးဆိုင် တွေပဲ ဖွင့်ရတယ်။ ဆေးခန်း တွေကလည်း မရှိ။ ဖွင့်တဲ့ ဆေးခန်းတွေလည်း လူနာတွေ အုံခဲ နေတာပဲ။ ကိုဗစ်လား...? လူတိုင်း နီးပါး ဖြစ်နေပြီ။ အဖျားပျောက်သွားတာရယ် .... အသက်ပျောက်သွား တာရယ် ၂ ခုတည်းက တခုကတော့သေချာတယ်။ ကျန်းမာရေး ကောင်းဖို့ရယ် ကိုယ်ခံအား ကောင်းဖို့ရယ် အရေးကြီးတယ်။

အတော်ကို ဆိုးရွားနေပါပြီ
အားလုံးကျန်းမာ ချမ်းသာကြပါစေ။

ဂရုစိုက်ပါဗျို့။ အနီးနားရောက်နေကြပြီ။

ကိုယ့်မိတ်ဆွေ နှစ်ဦးတော့ သွားရှာကြပြီ။

Loading...