ခြံအတွင်း စားပင်၊ သီးပင်များ စိုက်ထားသည်။
ထိုသို့ စိုက်ထားသည်အနက် သင်္ဘောပင်သည်က
မည်သို့ဖြစ်သည်မသိပေ။ စားပင်၊ သီးပင်များ
ဆို၍ အထင်မကြီးပါနဲ့လေ။ ချဉ်ပေါင်ပင်လေး
အနည်းငယ်နှင့် ကန်စွန်းရွက်ပင်များကို စိုက်ထား
၍ ဖြစ်သည်။ ပဲပုစွန်ပင်ကိုလည်း စိုက်ပျိုးထားသည်။
ပဲပုစွန်ပင်များက အတော်ကိုဖြစ်နေသည်။
ချဉ်ပေါင်ရွက်ပင်ကလည်း ချဉ်ပေါင်ဟင်းရည်
ချက်စားပြီးဖြစ်သည်။ ကန်စွန်ရွက်သည်ကလည်း
အမုန်းဆွဲစားနေရသည်။ ခြံဘေးပေါက်နေသာ
ဂွေတောက်ရွက်များနှင့် ဟင်းနုနယ်ရွက်များကိုလည်း
စားရသည်။ ကိုယ်မစိုက်ရပါပဲ စားရသောအပင်များ
ရှိပြီး ကိုယ်တကူးတက စိုက်ပျိုးထားသော
သင်္ဘောပင်များသည်က ယနေ့ထိ အသီး
မသီးသေးပေ။

သင်္ဘောပင်ကိုစိုက်လာသည်မှာ နှစ်နှစ်နီးပါး
ကျော်ရှိသည်။ ယခုအချိန်ထိ သင်္ဘောသီးကို
မစားရသေးပေ။ အတော်ခံပြင်းစရာကောင်းသည်။
ဆိုရှယ်မီဒီယာများမှ ပြသထားသော သင်္ဘောပင်
စိုက်ပျိုးနည်းများအတိုင်း ပြုလုပ်သော်လည်း
အပင်သာ သေသွားသည်။ ယခုလည်း သင်္ဘောပင်
ပေါက်လေးများကို စိုက်ပျိုးထားပြန်သည်။

အမှတ်မရှိသေးပေ။ သင်္ဘောပင်များကလည်း
အစေ့ပစ်ထားပါလျှင် နေရာတကာပေါက်သည်။
အပင်ပေါက်လေးများကို နေရာပြောင်း၍ စိုက်ပျိုး
ထားသည်။ အပင်လေး အရွယ်ရလာတော့
အရိပ်တကြည့်ကြည့်နှင့် ကြည့်ရသည်။ အပင်
များက အရွယ်သာ ရလာသည်။ အသီးက မသီး
ကြပေ။

ယခု စိုက်ပျိုးထားသော သင်္ဘောပင်များအနက်
အဖိုပင်များက များသည်။ အဖိုပင်၏ အပွင့်များကို
ပြုတ်၍ သုပ်စားပါမူ ဆေးဖက်ဝင်သည်ဟု သိရသည်။ ဆေးဖက်ဝင်သည်ဟု သိတာ။ ဘာအတွက်
ဘယ်လို ကောင်းသည်ကိုမူ သေချာ မသိပေ။
လောလောဆယ်တော့ သင်္ဘောအဖူးအပွင့်များကို
အခြားအရွက်များနဲ့ ရော၍ သုပ်ကာ အစုံသုပ်
ပြုလုပ်၍ စားပါမူ ကောင်းပေမည်။

သူဟာသူ ဆေးဖက် ဝင်သည် မဝင်သည် အပထား။
ဟင်းတခွက်ရလည်း မနည်းပေ။ ငံပြာရည်ချက်ဖြင့်
တို့စားစရာ တခုတိုးတာပေါ့။ သင်္ဘောပင် အမ မှ
အသီး မစားရပေသိ။ ယခု အဖိုပင်က အပွင့် အဖူး
များက စားရပေသည်။ အဖိုပင်ကို အမပင်အဖြစ်
အသီးသီးအောင် မည်သို့ပြုလုပ်ရကြောင်း
မီဒီယာများမှာ ပြသ ထားပြန်သည်။ ဒီတခါလည်း
လိုက်၍ ပြုလုပ်ရအုံးမလားမသိပေ။
နောက်တခုက ကျွန်တော့်ခြံမှ သင်္ဘောပင်အချို့သည်
အရွက်များက ကုပ်သွားသည်။ အမနှင့် အမျိုးသမီး
တစ်ဦး ထိုသင်္ဘောပင်အကြောင်းပြောနေသည်။
သူရို့ပြောသည့်က သင်္ဘောပင်သည် လူလို ဆိုပါမူ
လက်ခြေများ ကုပ်သွားပါက နူ သွားသည်ဟု
ပြောနေကြသည်။ သူရို့ ပြောလည်း ပြောစရာပေ
သင်္ဘောပင်က အသီး မသီးပဲ အရွက်များက
ကုပ်နေပေသည်။ သင်္ဘောလက်ပလိုစီ ဟုပင်
ခေါ်ရပေမည်။
@htwegyi
August 15, 2025
သင်္ဘောက အဖိုးပင် အမပင် ဆိုပြီး ရှိသေးလားလို့ပါ။
အဖိုပင် အမပင် ရှိသတဲ့ 😄။
သင်္ဘောအနူနဲ့ တိုးနေတာပေါ့။
!LOLZ
!HUG
lolztoken.com
It's a little cheesy.
Credit: boboman
@htwegyi, I sent you an $LOLZ on behalf of golden.future
(1/10)
ဟုတ်သဗျို့ 😅
သင်္ဘောသီးတောင် မစားဖြစ်တာကြာပြီ။ ကျွန်တော်က အသီးတွေ သိပ်မကြိုက်တာလဲပါတယ်။
!PIZZA
$PIZZA slices delivered:
@myanmarkoko(3/5) tipped @htwegyi
Come get MOONed!
Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 21500 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP