ရှုမဆုံးတော့ပြီ။

in HIVE-MYANMARlast year

img_0.7621092795142147.jpg

စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်ဖက်
ဧရာဝတီမြစ်ကြီး ခြားထားသည်။ စစ်ကိုင်း
ကို ဇေယျာရွှေမြေ ဟုလည်း ခေါ်ဆိုသည်။
စစ်ကိုင်းဆိုသည်နှင့် စစ်ကိုင်းတောင်ကို
တန်းပြီးသိကြပေမည်။ စစ်ကိုင်းတောင်ပေါ်တွင်
ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာများ
သီတင်းသုံးနေထိုင် တရားအားထုတ်ရာ
နေရာဖြစ်သည်။

တန်ဆောင်မုန်းလ ကထိန်ရာသီရောက်ပြီးဆိုပါလျှင်
စစ်ကိုင်းတောင်ရိုးတခွင် ကထိန်များစည်ကား
လှသည်။ ကထိန်တနှစ်ခင်းပြီးပါက စစ်ကိုင်းချောင်
တချောင်သည် တနှစ်လုံးဆွမ်းဆေး ပြည့်စုံသည်။
ကထိန်ရာသီမဟုတ်ပါပဲ အခြားရက်များတွင်
သွားရောက်ပါက စစ်ကိုင်းတောင်သည်
တိတ်ဆိတ်ငြိမ်းသက်လှသည်။

စေတီပုထိုးများမှ ဆွဲလည်းသံတညံညံနှင့်
ဧရာဝတီမြစ်အတွင်းမှ စက်တပ်မော်တော်သံများက
လွမ်းစရာကောင်းချေသည်။ နွေရာသီဆိုပါရင်
ရွက်ကြွေများကို လေအဝှေ့ တိုးသံ မြည်းသံ
ကို ကြားရသည့်အခါ မလွမ်းပဲ မနေနိုင်ပါ။
ဆောင်းမှာလည်း ဆောင်းအလျှောက် လွမ်းဖွယ်
ကောင်းသည်။

ကိုယ်တွေရောက်ခဲ့သည့် သီတင်းကျွတ် မိုး
ရာသီအချိန်မှာပင် စစ်ကိုင်းတောင်းက တမူထူး
ခြားလှပနေပြန်သည်။ ဧရာမြစ်အထက်မှ
တိမ်ဖြူ တိမ်မဲများက လှပ၍ လွမ်းစရာ
ကောင်းနေပြန်သည်။ ရွှေတောင်ဦးမော်
အောက်ရှိ ကမ်းပါးယံမှ တွယ်ကပ်ပေါက်နေသည့်
သစ်မြစ်ကြီးကို ကြည့်ရသည်ကပင်
ကြည့်လို့မဝပေ။

ကျွန်တော်က ရှုခင်းများကို ကြည့်ရာတွင်
တမေ့တမော လွမ်းမောဖွယ်ခံစားကြည့်တတ်သည်။
ကြည့်လေ မြင်လေတိုင်း အလွမ်းရိပ်သန်းအောင်
ကြည့်မိသည်။ သို့ပေသိ အလွမ်းခန်း၊ အဆွေးခန်း
ဝတ္ထု၊ ရုပ်ရှင်များတော့ မကြိုက်ဖူးဗျို့။
ရှုခင်းလှလှတွေကို တမေ့တမော တစိမ့်စိမ့်
ကြည့်ရတာကို နှစ်သက်သည်။ မြန်မာပြည်
ငြိမ်းချမ်းတဲ့နေ့၊ Hive တွေ ဈေးတက်တဲ့နေ့
ထိုနေ့တွေတော့ရောက်အုံးမှာပါ။ အဆိုပါနေ့တွေ
ရောက်တဲ့အချိန်တော့ ရှုခင်းလှလှတွေ
တဝကြီး ခံစားကြည့်ချင်ပါသေးသည်။

@htwegyi
16-11-2022

Sort:  

လှပါပေ့
!PIZZA

သဘာဝက လှနေသပ။

🍕 PIZZA !

I gifted $PIZZA slices here:
donjaun tipped htwegyi (x1)
@uthantzin(4/10) tipped @htwegyi (x1)
walarhein tipped htwegyi (x1)

Please vote for pizza.witness!

တက်စေ ကြည့်စေ ဗျား
!LOL

What happened when the cows escaped from the paddock?
Udder Chaos!

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future

Use the !LOL or !LOLZ command to share a joke and an $LOLZ
(3/4)

ဟုတ်ကဲ့ပါဗျာ

!MEME


Credit: memess
Earn Crypto for your Memes @ hiveme.me!

လွမ်းပါပေ့

လွမ်းစရာပါလေ။