ရုပ်ဆိုးနေသလား။

in HIVE-MYANMAR4 days ago

ည‌အိပ်ရာဝင်ခါနီးချိန်မှာ ဖုန်းကို အနည်းငယ်ကလိသည်။
ညအချိန် ဖုန်းကြည့်မှုက မျက်စိကို
ဒုက္ခရောက်စေသမို့ အနည်းငယ်သာ ကြည့်သည်။
မီးလာသည့်အချိန်မှာသာ ကြည့်သည်။ ဖုန်းကြည့်
သည့်အခါ အလင်းရောင်ရှိမှသာ ကြည့်ရန်
အမှောင်ထဲမှာ ဖုန်းမကြည့်ဖို့ ဖတ်ရှုရသည်။
အမှောင်မှာ ဖုန်းကြည့်ပါက ဖုန်းမျက်နှာပြင်မှ
ထွက်လာသော အလင်းများက မျက်စိကို
ဒုက္ခပေးသည်။

ယခုတလော မီးက အချိန်ပြည့်လာနေသည်။
ဒင်းတို့ ရွေးကောက်ပွဲအတွက် ပြည်သူကို
ချူဆီလုပ်ကြခြင်းဖြစ်သည်။ နောင်မှာတော့
လျှပ်စစ်မီးက ဒုံးရင်း ဒုံးရင်းအတိုင်းသာ
ဖြစ်ပေမည်။ ညအိပ်ရာဝင်ခါနီး ပါချုပ်ဆရာတော်ကြီး
တရားနားသည့်အခါ နာသည်။ စာရေးဆရာ များ၏
စာပေဟောပြောပွဲများ ကိုနားထောင်
သည့်အခါ နားထောင်သည်။ တရားနားရင်း၊
ဟောပြောပွဲနားထောင်ရင်း အိပ်ပျော်သွားတတ်သည်။

မနေ့ညက ဆရာအောင်သင်း၏ စာပေဟောပြောပွဲ
ကို နာထောင်းသည်။ ဆရာသည် လူငယ်များကို
အဓိကဦးစားပေးကာ ဟောပြောလေ့ရှိသည်။
မှန်ပါသည် လူငယ်များက နောင်လာမည့် အနာဂတ်
ရဲ့ ခေါင်းဆောင်များဖြစ်သည်။ လူငယ်များကို
လမ်းမှန်ရောက်စေဖို့ လမ်းပြပေးသော ဆရာ
အောင်သင်း၏ ဟောပြောချက်များက နားထောင်
ရသည်မှာ တန်ဘိုးရှိပေသည်။

ဆရာ၏ ဟောပြောမှုတွင် လူငယ်များ၌
ရုပ်ရည်ချောမောသူ၊ ရုပ်ရည်မချောသူဟူ၍
ရှိသည်။ ရုပ်ချောသူများကို သဘာဝတရားကြီး
မျက်နှာသာပေးတတ်သည်။ ရုပ်မလှသူများအဖို့
မျက်နှာသာပေးခြင်းမခံရသဖြင့် ကိုယ်တိုင်ကြိုးစားကာ
ကိုယ့်အားကို ကိုးပြီး မျက်နှာ‌သာပေးခြင်း
ခံရအောင် ဆောင်ရွက်ကြရသည်။

ရုပ်မချောသူများတွင် မိမိလည်းပါဝင်သည်။
မိမိကသာ ရုပ်မချောတာ ရုပ်ချောသောသူများကို
မိမိဘက်သို့ ပါအောင် ပြောဆိုသည့် အရာမှာတော့
ကိုယ်တွေက ပြောဆိုတတ်သူဟု ထင်ပါသည်။
အဲ ရုပ်ချောသူအချို့ကလည်း သူရို့၏ အလှကို
ပိုမိုပေါ်လွင်အောင် ရုပ်ဆိုးသူ ကျွန်တော်တို့လို
လူနှင့် ယှဉ်တွဲသွားတတ်ကြ ပေသည်။ ဒီတော့
ရုပ်ဆိုး၊ ရုပ်ချော၊ အလှနှင့် မလှယှဉ်တွဲသည့်
အခါမှာတော့ သူဟာနဲ့ သူ ပေါ်လွင်နေကြ
ပေသည်။

ရုပ်ချော၊ ရုပ်လှထက် စိတ်ချော စိတ်လှဖို့က
ပိုကောင်းပေသည်။ ဒီတော့ ရုပ်ချောသည်
ဖြစ်စေ။ ရုပ်ဆိုးသည်ဖြစ်စေ။ မိမိတို့၏
ကြည်သာသော အကြည်ဓာတ်ကလေးများ
လှပကြည်လင်စေသည်မှာ စိတ်ထားလေး
ဖြစ်သည်။ မိမိ၏ ရုပ်သွင် ကြည်လင်တောက်ပ
နေဖို့ရာအတွက် အဓိက စိတ်ထားကို
ချောမောလှပအောင် စွမ်းဆောင်နိုင်ကြပါစေ။

@htwegyi
January 2, 2025

Sort:  

စိတ်ချောမှာ အကြည်ဓာတ်ရ
!LOLZ
!PIZZA

ဟုတ်သဗျို့။

PIZZA!

$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi

Send $PIZZA tips in Discord via tip.cc!