ရွှေပါပဲ ရေခဲ ရေ။

in HIVE-MYANMAR19 days ago

ရာသီက ပူတော့ အေးသည့်နေရာများသို့
ရှာဖွေနေကြသည်။ လူချမ်းသာများက
အခန်းအတွင်း လေအေးစက်များ တပ်၍
အပူကာကွယ်သည်။ အဲ လေအေးစက်ဆိုပေသိ
လျှပ်စစ်မီးလာမှ အေးပေမည်။ ဒီတော့
လူချမ်းသာဆိုသော်လည်း ယခုအခါ ဆိုလာပြား
များတပ်ဆင်ပါမှ လေအေးစက် ရပေမည်။

ဒီတော့ သာမန် သူလို ကိုယ်လို လူများအဖို့
အပူရှောင်ဖို့ နေရာရှာရသည်။ ရာသီဥတု
ပူလာသည်ဆိုမှ သစ်ပင်စိုက်ပျိုးကြရန်
Facebook တခွင် ပြဲပြဲစင်နေသည်။
သိကြတဲ့အတိုင်း ကျွန်တော်တို့လူမျိုးက
ပေါ်ပင် အလွယ်လိုက်သူက များသည်။

Facebook မှာသာ သစ်ပင်စိုက်ကြဖို့
ရေးကြ၊ ပြောကြ၊ ရှယ်ကြနှင့် အပြင်မှာ
အမှန်တကယ် သစ်ပင်စိုက်သူက
အတော်ရှားပေမည်။ တနေ့က တူမဖြစ်သူနှင့်
သူငယ်ချင်းတို့သည် ပျိုးပင်များဝယ်လာ
သည်။ သူရို့ဝယ်လာသော ပျိုးပင်များက
တရုတ်စကားပင်နှင့် ပုန်းညက်ပင်များ
ဖြစ်သည်။

သစ်ပင်စိုက်သည့်ရာသီက ခြောက်လပိုင်းမှ
ကိုးလပိုင်းအထိ မိုးရွာသည့် အချိန်များဖြစ်သည်။
သို့ပေသိ သူရို့က ယခုအချိန်ကပင် ပျိုးပင်
များကို စိုက်ပျိုးထားကြလေသည်။
တရုတ်စကား၊ ပုန်းညက်နှင့် စပယ်ပန်းပင်
တို့က ခြံဝင်းအတွင်း စိုက်ပျိုးထားနှင့်ပြီ
ဖြစ်သည်။ အပင်များ ရှင် မရှင်ကတော့
မသိပေ။

ရာသီပူတော့ အမေ့ကျန်းမာရေးက
မကောင်းပေ။ မနေ့က ရေချိုးပြီး အပူရှပ်
သွားသည်။ ရေကို ဆယ်နာရီခွဲကျော်မှာ
ချိုးပေသည်။ ရေချိုးပြီး အိမ်ရှေ့ကုတင်ပေါ်မှာ
အမေ့ကို သိပ်ထားသည်။ ကုတင်အပေါ်မှာ
သွပ်ပြားနှင့် မိုးကာ မိုးထားသည်။ နေ့လယ်ခင်း
အပူက တော်တော်ပူသည်။

သုံးနာရီကျော်မှာ အမေ့ခန္ဓာကိုယ်
ပူလာသည်။ ပါးစပ်မှ အန်ပြီး ဝမ်းများပါသွားသည်။
အမေခန္ဓာကိုယ်အေးစေရန် ရေအေးဖြင့်
ရေပတ်တိုင်ပေသည်။ ရေအေးဖြင့် ရေပတ်
တိုက်သော်လည်း မအေးသဖြင့် ရေခဲသွား
ဝယ်ရသည်။ ကျွန်တော်အိမ်က ရေခဲစက်နှင့်
နီး၍ သွားဝယ်သည်။ အဲ့မှာ ရေခဲဝယ်ယူရ
သည့် အခက်အခဲတွေ့ရသည်။

ရေခဲဝယ်ယူသူ လူတန်းကြီးကိုကြည့်၍
ရေခဲဝယ်ဖို့ တွန့်သွားသည်။ ရေခဲစက်မှာ
မဝယ်ပဲ အပြင်ရေခဲရောင်းသည့်ဆိုင်မှာ
ဝယ်သည်။ အမေ့ကို ရေခဲဖြင့် ရေပတ် ထပ်မံ
တိုက်ပေးသည် အပူက မကျပေ။ ညနေမှာ
ဆရာဝန်ကို အိမ်သို့ ခေါ်၍ ပြရတော့သည်။

ရေခဲကိစ္စ မကြေနပ်၍ ယနေ့ ရေခဲစက်သို့
ထပ်မံသွားဝယ်သည်။ စက်မှ ရေခဲကို
ကိုးရီးယားကားကဲ့သို့ အပိုင်းပိုင်းဖြင့်
ရေခဲရောင်းချသည်။ မနက်ပိုင်း 7နာရီမှ
8နာရီထိ၎င်း၊ နေ့ခင်း 3နာရီခွဲမှ 4နာရီခွဲထိ၎င်း
ရောင်းသည်။ ယနေ့ မနက်ပိုင်း ရေခဲသွားဝယ်ရာ
မရသဖြင့် နေ့ခင်း မကြေပွဲ သွားဝယ်၍
ရခဲ့သည်။ နွေရာသီမှာတော့ ရေခဲက
ရွှေပါပဲလေ ဟူ၍သာ။ ယနေ့တော့ အမေသည်
ပြန်လည်လန်းဆန်းလာ၍ တော်ပေသေးသည်။

@htwegyi
April 30, 2024

Sort:  

တော်သေးတာပေါ့ဗျာ။
!luv
!meme

htwegyi, tin.aung.soe sent you LUV. 🙂 (1/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

ဟုတ်တယ်ဗျာ။

အမြန်ကျန်းမာပါစေ
!hug
!meme

အသက်ကကြီး၊ ကျန်းမာရေး မကောင်းတော့ အပူဒဏ် အတော်ခံရရှာတာ။

@walarhein, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 3 per day.

The current call limits are:

HUG in walletcalls per day
01
12
103

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻