Is there anything you can donate without losing anything from you?

ကဲမိတ်ဆွေတို့ရေ ဒီနေ့တော့ ကိုယ့်ဆီက ဘာမှ လျော့ပါးမသွားဘဲ အလှူအတန်း လုပ်နိုင်တဲ့ နည်းလေးကို မျှဝေချင်ပါတယ်

ဒီနည်းကတော့ ကိုယ့်ဆီက တပြားတချပ်မှ မလျော့တဲ့အပြင် ကိုယ်ကလည်း တပြားတချပ်ပင် ပြန်ရနိုင်တဲ့ အလှူလုပ်နည်းလေးပါ

မြန်မာလူမျိုးတွေက အလှူအတန်းမှာ ကမ္ဘာ့ နံပါတ်တစ် စာရင်းချိတ်ပါတယ် သူများနိုင်ငံတွေမှာ ဆင်းရဲဒုက္ခကြုံနေသူတွေကို ကူညီတဲ့ အဖွဲ့အစည်းမျိုးတွေ အများအပြားရှိပေမယ့် လူတစ်ဦးချင်း အပေးအကမ်းမှာတော့ မြန်မာက ကမ္ဘာ့ နံပါတ်တစ်ပါ

မြန်မာတွေက နည်းနည်းလေး ချမ်းသာလာပြီဆိုတာနဲ့ ဘာသာရေး ယုံကြည်မှုအရ အလှူအတန်း မလုပ်သူ မရှိသလောက်ပါပဲ ဒါကြောင့်လည်း ကမ္ဘာ့ ရက်ရောမှု အညွှန်းကိန်း World Generosity Index မြန်မာက ယခု ၂၀၂၂ ခုနှစ်မှာ နံပါတ် ၆ ချိတ်ပြီး ခေတ်ကောင်းခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ နံပါတ် ၂ နေရာ အထိ ချိတ်ခဲ့ပြီး အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ရှေ့မှာ အမေရိကန်ပြည်ထောင်စုပဲ ရှိခဲ့တာပါ

ကဲပါကဲပါ ပြောရင်းနဲ့ လိုရင်း ဘယ်ရောက်သွားမှန်းမသိဘူး ခုလို ရှားပါးတဲ့ ခေတ်မှာဆိုတော့ မြန်မာတွေအတွက်က ကိုယ့်ဆီက မကုန်ဘဲ လှူလို့ရတဲ့နည်းက လိုပြီလေ ကိုယ်မှာက လှူစရာ ပိုလျှံတာ များများစားစား မရှိသူများနေပြီဆိုတော့ ရှိလည်း ကပ်ကြီး ၃ပါးက ဘယ်တော့မှ ပြီးမယ်မသိသေးတော့ နေ့ဖို့ညစာ ထားထားရသေးတယ် မဟုတ်ပါလား

ရောဂါဘေး ပြီးသလောက်ရှိပေမယ့် စစ်ဘေး အငတ်ဘေးက မပြီးသေးဘူးလေ ဒီလှူနည်းလေးက စိတ်ထားတတ်ရင် ကုသိုလ်တော်တော်ရနိုင်ပါတယ်

Hive Myanmar Community မှာ Post တင်တဲ့ လူတိုင်းနီးပါးကို vote ပေးဖို့ပါပဲ voting power ကလွဲပြီး တခြားဘာမှ ကိုယ့်ဆီက မလျော့ပါဘူး voting power ကလည်း သူ့အလိုလို ပြန်ပြည့်တာပါပဲ

ကျွန်တော်ဆို Hive Myanmar Community မှာ တင်တဲ့ Post အားလုံးကို vote လိုက်ပေးနေတာ Post ကုန်တဲ့အထိ voting power က 70 ရာနှုန်းအောက်မကျဘူး ဒါနဲ့ Hive Myanmar Community က Post တင်မကဘဲ မြန်မာမှန်း ကိုယ်သိတဲ့ လူတွေရဲ့ Post တွေအားလုံး လိုက် vote နေတော့ာတာပါ ဒါတောင် ဒါတောင် voting power က 40 အောက် မကျသေးပါဘူး

ပူစရာ မလိုဘူးလေ တစ်ရက်နှစ်ရက် စောင့်လိုက်ရင် voting power က 100 ပြန်ပြည့်သွားတာပဲ spam တွေ copy တွေကိုတော့ မ vote ဖူးပေါ့ အများစုက တော့ ကြိုးစားအားထုတ်ပြီး ရေးထားတဲ့ လူတွေချည်းပါပဲ ကိုယ်လည်း သူများကို vote ပေးရင် အများဆုံး 8 ရာနှုန်း ပြန်ရတယ် ဆိုလားပဲ

ဒီနည်းလေးကတော့ ကိုယ့်ဆီက တပြားတချပ်မှ မလျော့ဘဲ အလှူအတန်း လုပ်နည်းလေးလို့ ထင်မိပါတယ်

Sort:  

Communityအသစ်တစ်ခုလုပ်ပြီးတော့ အဲထဲမှာပဲ တစ်ရက်ကို ကိုယ်တိုင် ပိုစ့်တစ်ခုတင်
ပြီးရင် သူများတင်တာတွေကို Voteလုပ်ပေးဆိုတာမျိုးရှိရင်တော့ မဆိုးဘူးဗျ
မြန်မာမှန်းသိတာနဲ့ ရှိတာနဲ့ Voteပေးပေမဲ့လည်း
HPနည်းတော့ ကိုယ်ပေးပေမဲ့ သူ့အတွက်မရဖြစ်နေတယ်ဗျာ

ဟုတ်တယ်ဗျ