နှစ်သစ်လက်ဆောင်

in HIVE-MYANMAR3 years ago (edited)

HIVE မြန်မာ အဖွဲ့သား အားလုံး မင်္ဂလာပါ။ HIVE Myanmar Community မှာ စာ မတင်ဖြစ်သည်မှာ အတော်လေး ကြာခဲ့ပါပြီ။ Crypto ဈေးများ ကျဆင်းခြင်းနှင့် နောက်ဆက်တွဲ HIve တန်ဖိုးများပါ ကျဆင်းလာသည့်အတွက် ယခင်ကလောက် အားမရှိလှပါ။

ဒါကြောင့် support များ ရှိသည့် gaming post တွေကိုဘဲ နေ့စဥ် post တင်ဖြစ်ရန် အားစိုက်ခဲ့ပါတယ်။ HIVE Myanmar community က အဖွဲ့သား အင်အားနည်းပါးခြင်းနှင့် ရေရှည် ဆက်သွားသူ အတော်လေးနည်းတာရယ်ကြောင့်ပါ။ ဒါပင်မဲ့ ကျွန်တော်၏ vote များကိုတော့ hive Myanmar community အတွက် အရင်ဆုံး vote ပေးလေ့ ရှိပါတယ်။ ကျွန်တော်တို့ community လေးသည် အတော်လေး စည်းလုံးကြတယ်တို့ထင်ပါတယ်။ ရှိသမျှ အင်အားဖြင့် တစ်ယောက်ကို တစ်ယောက် vote တွေ ပေးကြရင်း community ကို ပိုပြီး အားကောင်း လာစေရန် ကြိုးစားနေကြပါတယ်။ ကျွန်တော်သည် ဒီ community ကို ကြီးထွားလာစေချင်မဲ့ ကျွန်တော်တို့၏ အခက်အခဲများသည်လည်း မသေးလှပါဘူး။ ဒါကြောင့် ကျွန်တော်၏ အနီးအနားက ပတ်ဝန်းကျင်လေးကိုဘဲ တက်နိုင်သလောက် ကူညီပေးလေ့ ရှိပါတယ်။

ဒီနှစ် နှစ်စပိုင်းမှာတော့ အဆောင်ရှိ နေထိုင်သူ အားလုံးကို တစ်လ အခမဲ့ လုပ်ပေးဖြစ်ပါတယ်။ ကျွန်တော်အတွက် ဝင်ငွေတော့ အတော်လေး လျှော့သွားတာ ပေါ့နော်။ ဒါပင်မဲ့ သူတို့အတွက် အဆင် ပြေမယ်လို့ မျှော်လင့် ရပါတယ်။

ကျွန်တော်အနေဖြင့် ဒီထက်ပိုပြီး လုပ်ပေးချင်ပင်မဲ့ အခက်အခဲတွေက လူတိုင်း၏ ဂုတ်ပေါ်တွင် ခွစီး နေကြတယ်မလား။ လူနေမှု စရိတ်များ ကြီးမားလာခြင်းက အတော်လေးကို အဆင်မပြေ ဖြစ်စေလာပါတယ်။ ကုန်ဈေးနှုန်း မြင့်မားလာခြင်းနှင့် အလုပ်အကိုင် ရှားပါလာခြင်း တို့က မကောင်းမှုတွေကို ပိုပြီး ဖြစ်ပေါ်စေလာပါတယ်။

ဒီအခြေအနေကို ကျွန်တော်တို့ ရှောင်လွဲလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့သည် ဒီထက်ပိုဆိုးလားမည့် အခြေအနေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။

ကျွန်တော် ဒီနေ့မျှဝေပေး ချင်တာကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာ အခြားအကြောင်း အရာများကို ရေးသားရင်း ( post တင်ရင်း ) ပြန်ဆုံကြမယ်နော်။ အားလုံး အဆင်ပြေသည့် နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

@johndieo
11.1.2023

Sort:  

!hiqvote !lol !pizza

@johndieo, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @johndieo gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

ပိုဆိုးလာမယ့် အခအန ဖြတ်ကျော်နိုင်ပါရစေ။
!LOLZ
!MEME
!PIZZA

How many jazz musicians does it take to replace a lightbulb?
A-one, a-two, a one-two-three-four!

Credit: reddit
@johndieo, I sent you an $LOLZ on behalf of @htwegyi

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/6)

🍕 PIZZA !

I gifted $PIZZA slices here:
htwegyi tipped johndieo (x1)
uthantzin tipped johndieo (x1)
kachinhenry tipped johndieo (x1)
@myanmarkoko(3/5) tipped @johndieo (x1)

Learn more at https://hive.pizza!

Good Job.... !PIZZA

Yay! 🤗
Your content has been boosted with Ecency Points, by @johndieo.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

မွန်မြတ်တဲ့ အလှူပါပဲဗျာ...

!PIZZA