Cryptobrewmaster Game ကစားကြည့်ရအောင် ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ပုံမှန်အား ဖြင့်တော့ ကျွန်တော် ဂိမ်းကစားလေ့ မရှိပါ။ အထူးသဖြင့် on line game များ ။ မှတ်မှတ်ရရ Steem တွင် ရှိစဉ်ကတော့ Drugwar ဟူသော game အား အတော်ကြာကြာ ကစားခဲ့ဘူးပါသည်။ နောက်တော့ စည်းကမ်းများကျပ်လာသည့် အပြင် ကိုယ်ရရှိသော Reward များ နည်းလာသော ကြောင့် ရှိသမျှ အကုန်ထုတ်ယူပြီးရပ်လိုက်ပါတော့သည်။

ယခု ဤ Cryprobrewmaster ( CBM ) အားလည်း အစကတော့ ကစားရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ တလောက ကိုဟိန်း Post တင်ထားသည်အား တွေ့၍ မကစားလျင်တောင် လေ့လာထားဖို့ ကောင်းသည်ဟု ထင်သော ကြောင့် လေ့လာရင်း ကစား ၊ ကစားရင်း လေ့လာ လုပ်နေခဲ့ပါသည်။

ထို့နောက်တော့ ဤ ဘီယာထုတ်တမ်း ကစားသော Game သည် အချိန်လည်း အများကြီးပေးစရာမလို သည့်အပြင် ဤ ဂိမ်းသည် Cryptocurrency ရရှိသော ဂိမ်းများတွင် အလားအလာ ရှိသည်ကို တွေ့ရသည်ကတကြောင်း ဘီယာထုတ်လုပ်ခြင်းမှာ ရသော CBM token သည်လည်း Hive Engine တွင် ချိတ်ဆက်ထားသည် ဖြစ်သော ကြောင့် CBM မှ ချက်ချင်း Hive ပြောင်းယူကာ ငွေဖေါ်နိုင်သည်ကိုတွေ့ရသော ကြောင့် မိတ်ဆွေတို့ အနေဖြင့် ကစားကြည့်သင့်သည်ဟု ထင်သော ကြောင့် ဤစာစုအား ရေးသားရခြင်း ဖြစ်ပါသည်။

Cryptocurrency ရရှိသော game များတွင် အလားအလာ ရှိသည်ဆိုခြင်းမှာ ဤ ဂိမ်းသည် ယခု Alpha အဆင့်သာ ရှိသေးသော ဂိမ်းဖြစ်ပါသည်။ Alpha အဆင့် ဆိုသည်မှာ နည်းပညာရပ်တွင် အစပြုသော အခြေအနေ အချိန်အခါ ဖြစ်ပါသည်။ စမ်းသပ်သုံးစွဲ နေသော အဆင့် ၊ နည်းပညာများ မစုံလင်သေး သော အဆင့် ဖြစ်ပါသည်။ ထို့ နောက် Beta အဆင့်သို့ တက်ပါသည်။

Beta အဆင့် တွင် နည်းပညာ များ အတော်အသင့် စုံလင်လာပြီး အားနည်းချက်များ ရှာဖွေကာ ပို ကောင်းအောင် လုပ်ဆောင်ကြရသော အဆင့် ဖြစ်ပါသည်။ Beta အဆင့်တွင် အတော်အသင့် ပြည့်စုံသွားပြီဆိုလျင်တော့ Launch ( လူအများအပြား ဝင်ရောက်အသုံးပြုနိုင်ရန် လွင့်တင်ခြင်း ) လုပ်ဆောင်ရပါသည်။

အချို့ နည်းပညာများမှာ Alpha အဆင့်မှ Launch လုပ်သည်အထိ ၂ နှစ် မှ ၅ နှစ်ခန့် အထိ အချိန်ယူကြရပါသည်။ ဤ CBM ဂိမ်းမှာ Alpha အဆင့် ယနေ့ အချိန်တွင် လူ အယောက် ၁၀၀၀ ခန့် ( အကောင့်ပေါင်း ၃၀၀၀ ကျော်ဝင်ရောက်ထားသော်လည်း နေ့စဉ်ကစားသူ ၁၀၀၀ ကျော်သာရှိသေး ) ပုံမှန်ကစားနေကြသော်လည်း တရက်ထက်တရက် ဝင်ရောက်ကစားကြသူများ များပြားလာနေပါသည်။

ထို့အပြင် ကမ္ဘာ့ Blockchain Gaming Dapp များတွင် အဆင့် ၁၈ နေရာတွင် ဝင်ရောက်နေရာယူထားပါသည်။ ဤသည်မှာ Tron / EOS တို့ထက် အများကြီး ပိုကောင်းသော အနေအထား ဖြစ်ပါသည်။ ထို့ အပြင် Alpha အဆင့် ဖြစ်သောကြောင့် နောက်ထပ်နည်းပညာ အဆင့်မြှင့်တင်စရယ များစွာ ကျန်နေသေးသလို ခူအများကလည်း မည်သို့ သော နည်းပညာများ ပါဝင်လာမည်ကို သိချင်နေကြပါသည်။

ကျွန်တော် လျှာရှည် နေသည်နှင့်ပဲ CBM game ကစားမည့် နေရာသို့ မရောက်နိုင်တော့ပါ။ ရှိစေတော့။ ဘီယာ ချက်ရောင်း သည့် ဘက်သို့ လှည့်ကြပါအုံးစို့။ ပထမဆုံး CBM game အတွင်း သို့ မိမိ Hive အကောင့် ဖြင့် Hive Singer သို့မဟုတ် Hive Keychain မှ တဆင့် ဝင်ရောက်နိုင်ပါသည်။

မိမိ၏ CBM game သို့ ရောက်သည်နှင့် မိမိလုပ်စရာ အများကြီးမရှိပါ။ လောလောဆယ် အဆောက်အဦး ၂ ခုသာ ရှိပါသေးသည်။ တခုက ဘီယာချက်သည် စက်ရုံ ဖြစ်၍ နောက်တခုမှာ ဘီယာ ဆိုင်ဖြစ်ပါသည်။ ကျန်သည် နေရာများ အား သော့ခတ်ထားပါသည်။

မိတ်ဆွေများက ဘီယာ ထုတ်လုပ်ရောင်းချ ကြမည့်သူများ ဆိုတော့ ဘီယာ မည်သို့ ချက်လုပ်သည်ကို အနည်းငယ် နားလည်ထားရန် လိုပါသည်။ ဘီယာ ချက်ရန် ရေသန့် ၊ ဘာလီစေ့ ၊ တဆေး ၊ ဗျစ်ခါးပွင့် ၊ ဗျစ်မွေးပွင့် ဤ ငါးမျိုး လိုအပ်ပါသည်။ ဆိုတော့ လိုအပ်သော ပစ္စည်းများ ရယူရန် ညာဘက်ထောင့် ရှိသေတ္တာ ( Brewing Supplies ) ဆိုသော နေရာတွင် လိုအပ်သော ပစ္စည်းများ 0.99$ ဖြင့်ဝယ်ယူလိုက်ပါ။

ဤသို့ ဝယ်ယူရန် မိတ်ဆွေ၏ Hive account Wallet တွင် 1 HBD ရှိထားဖို့တော့ လိုပါလိမ့်မည်။ ဝယ်ယူပြီးသည်နှင့် ပစ္စည်းများအား Claim လုပ်ယူပါ။ ပြီးလျင် စာတိုက်ပုံးသို့ သို့သွား၍ မိမိအား ပေးပို့ထားသော အပိုပစ္စည်း များအား ထုတ်ယူပြီး Claim လုပ်လိုက်ပါ။

ပြီးလျင် အောက်ဆုံး ထောင့်ရှိ မိမိကျောပိုအိတ်အား ဖွင့်ကြည့်ပါ။ ဘီယာ ချက်ရန် လိုအပ်သော ပစ္စည်းများ ကျောပိုးအိတ်အတွင်း ရောက်ရှိနေပါလိမ့်မည်။

ပစ္စည်းများ စုံပြီဆိုလျင် ဘီယာ ချက်စက်ရုံ သို့ သွား၍ ရပြီ ဖြစ်ပါသည်။ စက်ရုံ အတွင်း ဝင်လိုက်သည်နှင့် ထူးထူးခြားခြား မရှိပါ။ ဘီယာ တပုလင်း တွေ့ပါလိမ့်မည်။ ထိုဘီယာ ပုလင်းအား နှိပ်လိုက်လျင် ကဒ် ၅ ကဒ် နေရာ ထွက်လာပါလိမ့်မည်။ ပထမကဒ်အား နှိပ်လိုက်လျင် ရေသန့် ကဒ် ထွက်လာပါလိမ့်မည်။

အကယ်၍ သင့် စတိုးထဲ တွင် ရေသန့် ၂ မျိုး ရှိနေလျင် အစိမ်းရောင်တောက်နေသော ရေသန့်ကဒ် နှင့် အနည်းငယ် အရောင်မွဲ သော ရေသန့်ကဒ် ၂ မျိုး ရှိနေပါလိမ့်မည်။ အစိမ်းရောင် တောက်နေသော ကဒ်များသည် ကွာလတီ ကောင်း၍ အရောင်မွဲသော ကဒ်များသည် ကွာလတီ အနည်းငယ် ညံ့သော ပစ္စည်းများ ဖြစ်ကြပါသည်။

ဆိုခဲ့သည့် အတိုင်း ရေသန့် တကဒ်၊ ဘာလီ တကဒ် ၊ တဆေး တကဒ် ၊ ဗျစ်ပန်းမွေး နှင့် ဗျစ်ခါးပွင့်တို့ တကဒ် ဆီ ရွေးချယ်ပြီးလျင် Start ဟူသော ခလုပ်အား နှိပ်လိုက်သည်နှင့် ဘီယာ စချက်ပြီ ဖြစ်ပါသည်။ ဘီယာ တပုလင်း ဖြစ်ရန် ကြာချိန်မှာ ၆ နာရီ ၁၅ မိနစ် ဖြစ်ပါသည်။ အကယ်၍ သင်သည် စိတ်မရှည် တတ်သူတယောက်ဖြစ်လျင်တော့ ၆ နာရီကြာဘီယာချက်ချိန်အား 8 CBM token ပေး၍ ချက်ခြင်း ပြီးစေနိုင်ပါသည်။ သို့သော် သင့် CBM wallet ထဲတွင် CBM token ကြိုဝယ်ထည့်ထားဖို့တော့ လိုပါလိမ့်မည်။

၆ နာရီပြည့်လျင် ဘီယာ တလုံး ထွက်လာပါလိမ့်မည် ။ Claim လုပ်လိုက်ပါ။ သင် ဘီယာချက်ချိန် ၆ နာရီတွင် ဘာမျှ လုပ်စရာမရှိလျင် ဘီယာဆိုင်သို့ သွားလိုက်ပါ။ ဘီယာ ဆိုင်တွင် သင်လုပ်စရာ အများကြီးရှိပါသည်။ ဘီယာဆိုင်သို့ ရောက်လျင် သင် ဘီယာ ရောင်းသူကြီးကို တွေ့ပါလိမ့်မည်။

ဘေးတွင် ငွေထုတ်စက် ကို တွေ့ပါလိမ့်မည်။ ထို ငွေထုတ်စက်အား နှိပ်လိုက်လျင် သင်ချက်လုပ်ထားသော ဘီယာ ပုလင်းအား တွေ့ပါလိမ့်မည်။ သင်ရောင်းလို လျင် ထုတ်ရောင်း နိုင်ပါသည်။ ဘီယာ ဈေးနှုန်း မှာ သင်အသုံးပြုထားသော ပစ္စည်း ကွာလတီ အပေါ်မူတည်၍ ထွက်လာသော ဘီယာ ကွာလတီ လည်း ကွာမည် ဖြစ်သလို ရောင်းချလျင်လည်း ဈေးနှုန်းကွာပါလိမ့်မည်။

သို့ သော် ပစ္စည်း ကွာလတီ မျှ သုံးထားလျင် ထွက်လာသော ဘီယာ တလုံးလျင် 25 - 35 CBM Token အထိ ရနိုင်ပါသည်။ ဤ ဘီယာဆိုင်အတွင်း ရှိ Bulletin Board ဟူသောနေရာတွင် သင့် အလုပ်ရှိနေပါလိမ့်မည်။ ထို Bulletin Board အတွင်းသို့ ဝင်လိုက်လျင် Daily Quests ဟူသော နေရာကို တွေ့ပါလိမ့်မည်။

ထို Daily Quests မှာ မိတ်ဆွေအား Beer ထုတ်လုပ်ရန် ပစ္စည်း အလကား ပေးသော နေရာ ဖြစ်ပါသည်။ ပစ္စည်း အမျိုးအစားအလိုက် အချို့က ထုတ်ယူချိန် ၃ နာရီကြာသလို အချို့ကလည်း ၁၅ မိနစ် ၊ အချို့က တစ်နာရီ စသည်ဖြင့် ကြာမြှင့်ပါသည်။

ဤပစ္စည်း ထုတ်ယူရာတွင် မိမိ၏ Energy ကို အသုံးပြု၍ ထုတ်ယူရပါသည်။ လူသစ်တိုင်း တွင် Energy 20 အထိ ရှိသည်ဟုထင်ပါသည်။ ထိုပစ္စည်း များ အလုံး ထုတ်ယူပြီးလျင် မိတ်ဆွေတွင် တရက် ဘီယာ ၂ လုံးထုတ်စာ ပစ္စည်း အလုံအလောက် ရပါလိမ့်မည်။ ဆိုတော့ တရက်လျင် ပစ္စည်းများ အလကား ထုတ်ယူ၍ ကုန်သွားသော Energy များ အတွက် ဘီယာ ဆိုင်တွင် ဘီယာ ရောင်းသူထံမှ ဘီယာ တခွက် ဝယ်သောက်လိုက်ပါ ။

5-10 CBM token ပေးရပါလိမ့်မည်။ မိမိဝယ်သောက်သော ဘီယာ ကွာလတီပေါ်မူတည်၍ ပေးရသော ဈေးနှုန်းကွာသလို ရရှိသော Energy လည်း ကွာခြားပါသည်။ ဘီယာရောင်း၍ ရရှိလာသော CBM token အကြောင်း ပြောကြပါအုံးစို့။

သင့်အနေဖြင့် ဘီယာ ချက်ရောင်း ... CBM token စု CBM 1000 ပြည့်လျင် withdraws နှိပ်လိုက်သည်နှင့် ထို CBM 1000 သည် သင်၏ Hive Engine wallet သို့ ရောက်လာပါလိမ့်မည်။ Hive ပြောင်းပြီး ငွေထုတ်ယူ ကြိုက်တာ လုပ်နိုင်ပါသည်။ ကျွန်တော်ပြောလိုသော အပိုင်း ရောက်လာပါပြီ။ CBM game သည် ယခု Alpha အဆင့် ဖြစ်ပါသည်။

သို့သော် Blockchain gaming Dapp ရေပန်းစားမှုတွင် အဆင့် ၁၈ နေရာတွင်ရှိနေပါသည်။ နောက်ထပ် ရေပန်းစရာ အများ ကြီးရှိလာနိုင်ပါသေးသည်။ ဤ Game သည် Drugwar နှင့် မတူပါ။ Drugwar သည် သင့်အဆင့်မြှင့်လာသည့် အလျောက် ဖြည့်ဆည်းပေးရသော ပမာဏ ကြီးလာလေလေ ဖြစ်ပါသည်။

Ponzi ဆန်ပါသည်။ ယခု CBM က ထိုသို့ မဟုတ်ပါ။ သင့်အနေဖြင့် အဆင့်လိုက်မြှင့်နေစရာမလိုပါ။ ပစ္စည်း များ အလကားယူ ၊ တနေ့ ဘီယာ ၂ လုံးထုတ် ၍ ရောင်း ၊ ညနေရောက်လျင် ကုန်သွားသော အားအင်များ အတွက် ဘီယာ တလုံး ဝယ်သောက်.... အဆင်ပြေစွာ လည်ပတ်သွားနိုင်ပါသည်။

သို့မဟုတ် သင့်တွင် HBD အများကြီးရှိ၍ ပစ္စည်း အကောင်းစားများ ဈေးကြီးပေးဝယ် ဈေးကြီးသည့် ဘီယာ ထုတ်လည်း ရပါသည်။ ဆိုလိုသည်မှာ ရွေးချယ်ခွင့်ပေးထားပါသည်။ သို့သော် မိတ်ဆွေတခု သတိထားရမည်မှာ CBM token ဖြစ်ပါသည်။ CBM game တွင် ဖွင့်စရာ သော့ခလောက်များစွာ ရှိနေပါသေးသည်။

အချို့နေရာများတွင် CBM token များ အသုံးပြုရန် လိုအပ်လာပါလိမ့်မည်။ ထို့အပြင် CBM token သည် လောလောဆယ် Stack လုပ်စရာ မလိုသေးပါ။ အနာဂတ်တွင် CBM token စုထားသူတို့၏ အခွင့်အရေး ရှိလာနိုင်ပါသည်။ ဤ CBM game သည် Alpha အဆင့် ဖြစ်သောကြောင့် မည်သည့် နည်းပညာတွင် အခြေခံသည်ကို မသိနိုင်သေးပါ။ DPOS သို့ မဟုတ် Mining တခုခု တွင် အခြေခံပါလိမ့်မည်။

ဤ အကြောင်းအား နှောင်တွင် အကျယ်ချဲ့ ရှင်းပြပါမည်။ ဆိုခဲ့သည့်အတိုင်း Blockchain တွင် မိမိတို့ Project မည်မျှ အောင်မြင်သည်မှာ ထို Project မှ ထုတ်လုပ်ထားသော Coin / token မည်မျှ ဈေးပေါက်နေသည် ဟူသည့် အပေါ် ကြည့်ကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ PAL / LEO token တို့ စုကြသည်။ ထို token တို့၏ လားရာအား လေ့လာ ကြသူ အတော်နည်းပါလိမ့်မည်။ PAL သည် Token ထုတ်နိုင်စွမ်း One Trillion ရှိပါသည်။ Leo သည် Leo token ထုတ်နိုင်စွမ်း One Billion ရှိပါသည်။

ယခု CBM token ထုတ်ယူ နိုင်စွမ်းမှာ 100 million ( သန်း တစ်ရာ ) သာရှိပါသည်။ Leo ကဲ့ သို့သော Hive Engine token သည် ပြင်ပတွင် ဈေးကွက်ဖွင့်နိုင်စွမ်းရှိလျင်.... CBM token လည်း ဖြစ်နိုင်ပါလိမ့်မည်။ ဤသည်မှာ CBM game အပေါ် ကျွန်တော်သိသလောက် ဖေါ်ပြပေးရခြင်းသား ဖြစ်၍ CBM စု သည် မစု သည် ဟူသည် မှာ မိတ်ဆွေတို့၏ စိတ်သဘောထား အတိုင်းသာ ဖြစ်ပါသည်။

CBM game နှင့်ပတ်သက်၍ ကျွန်တော် ပြောစရာတခု ကျန်ခဲ့ပါသည်။ ထိုအရာမှာ Referral system ဖြစ်ပါသည် ။ မိမိ လက်အောက် Referral ရရှိသည့် အလျောက် ဘီယာချက် ပစ္စည်းများ အပို ရနိုင်သလို မိမိ Referral က တခုခုလုပ်လိုက်တိုင်း မိမိတွင် Gaming Reputation တက်လာပါသည်။

ကျွန်တော့ အနေဖြင့် Referral စနစ်ကို သဘောမကျလှ သောကြောင့် Refer link မထည့်ပေးတော့ပါ။ မိတ်ဆွေတို့အား အထူးမှာကြားလိုသည်မှာ Hive အကောင့်ဖွင့်၍ ဆော့ရသည်။ ပိုက်ဆံလည်း ရနိုင်သည်။ အကောင့်ပေါင်း ၅၀ / ၁၀၀ ဖွင့်၍ မိမိ Refer အောက်တွင် ထားလိုက်မည်ဟူသော အကြံအစည် အတွက် အထူးသတိပေးချင်ပါသည်။ Blockchain နည်းပညာတွင် Community ဖြင့် သွားကြသည် ဖြစ်ရာ Developers တို့က IP address ၊ စစ်ကြည့်လိုက်လျင် သိနိုင်သည် ဖြစ်၍ Blacklist မထိကြစေရန် အထူးသတိပေးလိုပါသည်။

အဘယ့်ကြောင့်ဆိုသော် တယောက်တည်း Steem account 150 ကျော် ဖွင့်နိုင်သူတို့အား မြင်ထားဘူးသောကြောင့် ဖြစ်ပါသည်။ ဤ CBM game ကစားရာတွင် မိမိ Hive account ဖြင့် ဝင်ရောက်ကစားရသည်ဖြစ်၍ မိမိ အကောင့် Blacklist မဖြစ်စေရန် ကြိုတင်သတိပေးရခြင်းသာ ဖြစ်ပါသည်။

CBM game နှင့်ပတ်သက်၍ နည်းပညာ အသစ်ထပ်ထွက်လာလျင် ထပ်မံ အသိပေးရေးသားပေးပါမည်။ ယခုတော့ ဘီယာ တလုံးလောက် သောက်လိုက်ပါအုံးမည်။

Henry Aung ( Kachin )

26/09/2020 19;50pm

H1.jpeg

Sort:  

ကျေးဇူးပါ
ကျွန်တော်က Free ကြိတ်နေတာဗျ
ဘီယာလည်း ဝယ်မသောက်ဖြစ်ခဲ့ဘူး။
ရဖူးတယ် ရှိအောင် ထုတ်ပြီး Hive ပြောင်းလိုက်တယ်။
နောက်တော့ စုဦးမှပါ။
အဆင့်မြှင့်တင်လာတဲ့အခါ အဆင်သင့် ဖြစ်အောင်ပေါ့။

လုပ်လိုက်တော့...

ကိုဟိန်း ပြောဘူးတယ် ဂိမ်းတော့မျက်စိကမကောင်းတော့ မဆော့ဘူးလို့အောင်းမေ့တာ ခုလိုရှင်းပြပေးတော့ စိတ်ဝင်စားသလိုလို ဆော့ကြည့်တော့ အမြတ်ရှိတာပေါ့။

Stay home ကာလမှာ အမြတ်တခုခုရတာပေါ့....

အခုမှပဲ ပိုပြီး ပြည့်ပြည့်စုံစုံသိရတော့တယ်။ မသိခင်က ရမ်းသန်းမှန်းသမ်း ဆော့နေရတာရယ်😁။

အကောင့် ၂ ခုလောက်နဲ့ ဆော့ ရင် အတော်ပဲ....

ချီးယား

CHEER-----🍺

သူတို့အဖွဲ့က အပြင်မှာလည်း တကယ် ဘီယာချက်နေတယ် ထင်တယ်ဗျ
Beer production and distribution အတွက်
Investment လည်း ခေါ်နေတယ် ဆိုတော့
ရအောင်တောါ ယူထားရဦးမယ်ဗျာ

ရသလောက်သာ ယူပေတော့...