Cryptocurrency ရေမဆေး ကောက်သူများ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယခုတလော Cryptocurrency ဘက်အာရုံကျ နေသဖြင့် ယနေ့လည်း Cryptocurrency အကြောင်းသာ ဆက်ကြပါအုံးစို့။ မနေ့က ကိုရှိန်းသူမှ ကျွန်တော့ Post အားကော်မန့်ပေးရာတွင် ကျွန်တော်တို့ Cryptocurrency စုသူများသည် ကျောက်စိမ်းတူးသူများနှင့် တူကြောင်း မိမိစုသော Cryptocurrency အောင်မြင်သွားလျင် ကျောက်အောင်သည် ဟု ခေါ်ဆိုနိုင်ကြောင်း ရေးသားထားပါသည်။

ကျွန်တော်ကတော့ ကျောက်စိမ်း တူးသူများထက် ကျောက်စိမ်း ရေမဆေးကောက်သူများနှင့် ပို၍ တူသည်ဟုထင်ပါသည်။ ကျောက်စိမ်းတူ သူများသည် ငွေ အရင်းအနှီးမြုပ်နှံကာ စက်ကြီးများ ယန္တရား များဖြင့် တူးကြသည်ဖြစ်ရာ Cryptocurrency တွင် ငွေရင်းနှီးကာ mining လုပ်သည်နှင့် တူပါသည်။

ကျွန်တော်တို့ကတော့ Free ဆိုသည့် Cryptocurrency နောက်လိုက်နေကြသည် ဖြစ်ရာ ရေမဆေးကျောက် ကောက်သူများနှင့် ပို၍ တူပါသည်။ ရေမဆေး ကျောက်ကောက်သူများလွန်းလှသည် ဖြစ်ရာ တခါတရံတွင် ထမင်းစားကျောက် များ ရတတ်သလို တခါတရံတွင်တော့ ကံကောင်းလျင် သိန်းရာချီ ကျောက်များ ရတတ်ပါသည်။

ကျောက်စိမ်းလောက အကြောင်းတော့အများကြီးမသိပါ။ ဖတ်ဘူး ကြားဘူးသလောက်နှင့် ရေးပြရခြင်း ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့လည်း internet ဟူသော ရတနာမြေတွင် Cryptocurrency ရေမဆေးကောက်နေကြသည် ဖြစ်ရာ အခုထိတော့ အချီကြီး မမိသေးပါ။ ထမင်းစား ကျောက်လောက်နှင့်ကျေနပ်နေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။

Hive ဟူသော မှော်တွင် PAL / POB / Leo / CCC /ဟူသော ကျောက်ပွင့်ကလေးများတော့ ကောက်ရထားပါသည်။ ယခု တဖန် Torum ဟူသော မှော်တွင် XTM ရေမဆေးများ လိုက်ကောက်နေပါသည်။ ဤမှော် တွင် ကောက်စရာ ကျောက်များ အတော်ပေါပါသည်။ သေချာသည်ကတော့ နေစဉ် ထမင်းစားကျောက်လောက်တော့ ရနိုင်ပါသည်။

လွန်ခဲ့သော ရက်အနည်းငယ်မှ စပြီး ကျွန်တော် ကျောက်တမျိုး လိုက်ကောက်နေခဲ့ပါသည်။ ထိုကျောက်မှာ Airdrop ဟူသော ကျောက်ဖြစ်ပါသည်။ Airdrop ကျောက်မှာ ကံကောင်းလျင် ထမင်းစားကျောက်ထက်ပိုကာ အချီကြီးရနိုင်သော ကျောက်အမျိုးအစား ဖြစ်ပါသည်။ သို့သော် အချိန်တော့ပေးရပါသည်။

Torum မှော်တွင် Airdrop ကျောက်အမျိုးအစားများ များပြားလှသည် ဖြစ်ရာ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ထို Airdrop ကျောက်များအား ကောက်စုထားပါသည်။ ထိုAirdrop ကျောက်များ ကောက်စုရန် အတွက် Telegram/ Facebook/ Tweeter/ Reddit/ Medium / Discord/ Binance Smart Chain ( BSC ) ဟူသော ကရိယာ တန်ဆာပလာများလိုအပ်ပါသည်။

အလကားရယူ ရသော ကျောက်များ ဖြစ်၍ စိတ်ရှည် ရန်တော့လိုအပ်ပါသည်။ မိတ်ဆွေတို့ စိတ်ဝင်စားလျင်တော့ ကျွန်တော်ရယူထားသော Airdrop ကျောက်များအား Post တင်ပေးပါမည်။ ရေးသားရန် အနည်းငယ် လက်ဝင်သောကြောင့် ဖြစ်ပါသည်။ လက်ရှိတွင်တော့ ကျွန်တော်တို့ မှော် ၂ ခုတွင် ရေမဆေးကျောက်များ ကောက်ယူလျက်ရှိပ်သည်။

တချိန်ကျလျင် သိန်းရာချီ ၊ ထောင်ချီသော ကျောက်များ အောင်လိမ့်မည်ဟု ယုံကြည်ပါသည်။ မိမိစိုက်သော ကောက်ပဲသီးနှံအား မိမိကိုယ်တိုင်သာ ရိတ်သိမ်းရမည် ဖြစ်ပါသည်။ ဘာပင်မှ မစိုက်ထားလျင် ဘာသီးမှ မစားရသလို ဘာပင်မှလည်း ရိတ်စရာရှိမည် မဟုတ်ပါ။ မိတ်ဆွေတို့လည်း Cryptocurrency ရေမဆေးကျောက်များ ကောက်နိုင်သလောက် ကောက်ထားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Henry Aung ( Kachin )

07/06/2021 - Monday - 09;09 Am

Sort:  

BSC ဆိုလို့
BSC နဲ့ cubfinance ချိတ်နည်းလေး အချိန်ရရင် တဆင့်ခြင်းဆီ post တင်ပေးအုံး ကိုဟင်..

Posted Using LeoFinance Beta

ကောင်းပါပြီ.... သေချာရေးပြီးတင်ပေးပါ့မယ်။

ဟုတ်ကဲ့..ကျေးဇူးပါအကို...

Posted Using LeoFinance Beta

ရေမဆေးကျောက်များ ရသလောက်လိုက်ကောက်ပြီး
သူဌေးလောင်းဘွဲ့ကို ခံယူလိုက်ကြပါစို့.... 😀

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (5/20)

လောလောဆယ်တော့ ထမင်းစားကျောက်မဟုတ်တောင် လဖက်ရည်သောက် ကျောက်တော့ ရထားတယ်ဟုတ်။

ရေမဆေး ကျောက်တွေကောက်နေတာ ကုန်းကောက်လွန်လို့
ခါးတွေတောင်နာပေါ့ တစ်နေ့တော့ အချီကြီးပွပေါက်တိုးရမှာပေါ့လေ။

ကောက်သာကောက်.... သိန်းကျောက် ပါလာလိမ့်မယ်။

Airdrop တွေ မကောက်နိုင်တာ ကြာပြီ။
အချိန် နှင့် စိတ်အားလပ်မှု များများရမှ လုပ်‌နိုင်ပါမည်။
မအလ မြန်မြန်သေရင်တော့ မြန်မြန် ပျော်ပျော် ရေမဆေး ကောက်နိုင်ပြီပေါ့ဗျာ။

အရင်ကတော့ ERC20 ကရေမဆေးတွေကောက်ကြတာ .... ခုတော့ BSC ကပေါ့။ ကောက်ပုံကောက်နည်းကတော့ အတူတူပါပဲ။

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Feedback from the June 1st Hive Power Up Day