Hive Engine Token အသစ် ( Henry Aung )

in HIVE-MYANMAR2 years ago (edited)

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ Hive Engine အတွင်မှ စိတ်ဝင်စားစရာ ကောင်းသော token တခုအား ဖေါ်ပြပေးချင်ပါသည်။ ထို token မှာ WAIV ဖြစ်ပါသည်။ ကျွန်တော်တို့ ဤ token အား Airdrop ရကာစက သာမန် token တခုသာ ထင်ထားခဲ့ပါသည်။

WAIV ၏ Airdrop ပုံစံမှာ မိမိ၏ Hive Engine wallet သို့ တခါတည်း Stack လုပ်ကာ ချထားပေးခြင်း ဖြစ်ပါသည်။ ကျွန်တော် ဤ WAIV 500 အား Airdrop ရခဲ့ပါသည်။ ရလာသည်နှင့် $50 တန်ကြေးရှိနေသည်ကို တွေ့ရပါသည်။

သို့သော်လည်း သာမန် token promotion လုပ်သည်ဟုသာ ထင်ထားခဲ့ရမှ ယခု ၁၀ ရက်ကျော်ခန့် ဖြစ်လာသော အခါ $70 ကျော် ဈေးဖြစ်လာ၍ အနည်းငယ် စိတ်ဝင်စားမိလာပါတော့သည်။ ထို့ကြောင့် ယနေ့တော့ ဘာရယ်မဟုတ် ဤ WAIV token ၏ ဇစ်မြစ်အား လိုက်ရှာ မိပါတော့သည်။

WAIV သည် လွန်ခဲ့သော ၂၀၁၈ ခုနှစ်က Steemit Blockchain တွင် SMTS project များထဲမှ တခုဖြစ်ပါသည်။ သူ၏ White Paper အား လှန်လှော် ဖတ်ရှုရာတွင် WAIV token ဖြန့်ဖြူးမှု ပုံစံအား Steemit Blockchain နှင် ညှိ၍ ထုတ်လုပ်ထားခြင်း ဖြစ်ကာ ထိုအချိန်က SMTS project များခေတ်စား နေချိန်ဖြစ်ရာ WAIV သည်လည်း ထို Project များထဲမှ တစ်ခုဖြစ်ပါသည်။

( လူသစ်များကတော့ ဤ SMTS ခေါ် Smart Media Tokens အား သိကြမည် မဟုတ်ပါ။ ကျွန်တော်၏ Blog တွင် လွန်ခဲ့သော ၂၀၁၇-၂၀၁၈ ကာလခန့်က ဇော်ဂျီဖြင့် ရေးသားထားသော SMTS ဆောင်းပါးအများအပြားရှိပါသည်။ သိချင်သူတို့ ကျွန်တော့ Blog တွင် လှန်လှော်ကြည့်ကြပါကုန်။ )

သို့သော် ထိုအချိန်က ကျွန်တော်တို့သည် ဤ token အား Airdrop မရခဲ့ကြပါ။ အကြောင်းမှာ ကျွန်တော်တို့တွင် SMTS wallet မရှိသေးသော ကြောင့် ဖြစ်ပါသည်။ ထို့နောက်တော့ ၂၀၁၉ နှစ်ကုန်ပိုင်းသည် Steemit ၏ အကွဲအပြဲကာလ ဖြစ်ကာ ၂၀၂၀ ဖေဖါဝါရီလတွင်ကာ Hive Blockchain အဖြစ် Steemit မှ ခွဲထွက်လိုက်ကြပါတော့သည်။

ထို့နောက်တော့ ကျွန်တော်တို့ SMTS project များအစား Steem Engine project များဖြင့်အစားထိုးလာခဲ့သည်မှာ ယခုတိုင်အောင်ပင်ဖြစ်ပါသည်။ WAIV သည်လည်း Steemit တွင် အတန်ကြာအောင် စောင့်ကြည့်နေပုံရပါသည်။ Steemit platform တွင် SMTS များ ဆက်၍ အကောင်ထည် ဖေါ်ဖြစ်ဟန် မတူပါ။

အဘယ့်ကြောင့် ဆိုသော် Steemit wallet တွင် SMTS wallet များ အစား Tron Wallet အစားထိုးဝင်ရောက်လာသော ကြောင့် ဖြစ်ပါသည်။ ထို့နောက်တော့ SMTS များ မရှိတော့မည့် အတူတူ WAIV သည်လည်း Hive platform ရှိ Hive Engine token များ အဖြစ်သို့ ပြောင်းလည်း လာဟန်ရှိပါသည်။

WAIV token ၏ နာမည် အပြည့် အစုံမှာ Waivio Utility Token ( WAIV ) ဖြစ်ပါသည်။ website မှာ https://www.waivio.com ဖြစ်ပါသည်။ Hivesinger ဖြင့်သာ ဝင်ခွင့်ပြုထားပါသည်။ Keychain ဖြင့် ဝင်၍ မရသောကြောင့် Website အပြင်အဆင်အား ကြည့်ခွင့်မရသေးပါ။ Hivesinger ဖြင့်ဝင်ကြည့်လျင်လည်းရပါသည် သို့သော် မယုံကြည်သေးသော ကြောင့် ဝင်မကြည့် သေးခြင်း ဖြစ်ပါသည်။

အကြမ်းဖျင်း အနေဖြင့် ပြောရလျင် ဤ website သည် Restaurant များနှင့် အစားအသောက်များ / လူသုံးကုန် ပစ္စည်းများအား review လုပ်ပေးကာ Promotion လုပ်နိုင်သော Website ဟု ထင်ပါသည်။ ( အထင်သာ ဖြစ်ပါသည် အသေအချာမလေ့လာရသေးပါ) ကနေဒါ အခြေစိုက် ကုမ္ပဏီ ဖြစ်၍ လက်ရှိ WAIV ပေါက်ဈေး အတိုင်း Hive အကောင့်များအား Airdrop ချပေးပုံ ထောက်လျင် အတော်အတန်ပြင်ဆင်ထားပုံရပါသည်။

သို့သော် သူတို့၏ Hive အကောင့် ဖြစ်သော @waivio တွင်တော့ မည်သည့် post မျှ တင်ထားသည်ကို မတွေ့ရပါ။ မည်သို့ပင် ဆိုစေ မိမိ Hive Power ရှိသလောက် Airdrop token အချို့ရသည်ကတော့ အမြတ်ပင်ဖြစ်ပါသည်။ ဤ token သည် လက်ရှိအနေဖြင့် 0.188 နှင့် 0.239 hive ကြားတွင် ဝယ်ရောင်းလုပ်လျက်ရှိပါသည်။

Hive Engine တွင် ၂၄ နာရီဝယ်ရောင်း ဒေါ်လာ ၈၀၀ ခန့် အထိ ရှိလာပြီ ဖြစ်ပါသည်။ မြန်မာငွေဖြင့်တော့ ယနေ့ Hive ဈေးအရ 280 နှင့် 350 ကျပ်ကြား ဈေးပေါက်သည်ဟု ဆိုရမည်ပင် ဖြစ်ပါသည်။ ဤ token သည်လည်း စောင့်ကြည့်ရမည့် စာရင်းတွင် ထည့်ထားပါသည်။

လောလောဆယ်တော့ WAIV 500 stack လုပ်ထားသော ကြောင့် တပတ်လျင် 0.2 WAIV အတိုးရလျက် ရှိနေပါသည်။ မိတ်ဆွေတို့ အနေဖြင့်လည်း စိတ်ဝင်စားလျင် ဝယ်စုထားနိုင်ရန် ဖေါ်ပြပေးလိုက်ရပါသည်။

Henry Aung ( Kachin )

05/11/2021 - Friday - 17;57 Pm

Sort:  

ကျွန်တော်က နဲနဲပဲရတယ်
!PIZZA

Power ကြောင့်မို့ထင်ပါတယ်။ !PIZZA

အသစ်အသစ်ဆို လိုချင်နေတော့တာပဲ အားကျလိုက်တာနော်။

အေးဆို.. အဲဒီ Airdrop မျိုးကတော့ မဆိုးဘူးပြောရမယ်။ !PIZZA

စိတ်ဝင်စားမိနေတာ ကြာပီ သူ့Websiteကိုလည်း မဝင်ရဲသေးလို့ သူများပြောတာစောင့်နေတာ အခု ကိုဟင်ပြောလာတော့ အဆင်သင့်သိလိုက်ရပီ။ လိုချင်ပြန်ပီပေါ့ နောက်တစ်မျိုး။ !PIZZA

လိုချင်တာများနေပြီ။ 😀😀😀 !PIZZA

ဟီးဟီး အဲ့ဆို ဥထားဦးမယ်
အနော်လည်း 500 ရထားတယ်
!PIZZA

အဲလဲ့.... ဥ တွေ ဥ တွေ ဥ ထားတော့မယ်တဲ့။ !PIZZA

500 က Reputation ပေါ် အခြေခံ ရတာများလား

မပြောတတ်ဘူး... White paper မှာတော့ သေချာရေးထားတယ်... ကိုဟင်လည်း ကျော်ဖတ်သွားတာဆိုတော့ !PIZZA

ဟုတ်တယ် ကျွန်တော်လည်း ငါးရာ ရထားတယ်။
!PIZZA

ထောပြီ ... ဒေါလာ ၅၀ အနည်းဆုံး !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(7/20) tipped @htwegyi (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped golden.future (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped naythan (x1)
htwegyi tipped kachinhenry (x1)
donjaun tipped kachinhenry (x1)

Join us in Discord!

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more