Hive-Myanmar Community ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Hive platform ပေါ်တွင် မြန်မာစာ ဖြင့်ရေးသားနေသော community တခုအဖြစ်တည်တည်တံ့တံ့ ရပ်တည်နိုင်စေရန် စဉ်းစား၍ Hive-Myanmar Community page ကို ဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ တွင် ကျွန်တော့ အနေဖြင့် အနည်းငယ် ရှင်းပြရန် လိုလာပါသည်။

ကျွန်တော်တို့ Myanmar community တွင် @hive-Myanmar ဟူသော ကိုယ်ပိုင် blog တခု ရှိပြီးသား ဖြစ်ပါသည်။ ယခင် Steem-Myanmar အကောင့် မှ Hive power များ transfer လုပ်၍ မပြီးသေးသောကြောင့်အသက်မဝင်သေးခြင်း ဖြစ်ပါသည်။

Steem-Myanmar အကောင့်မှ SP နှင့် HP အားလုံး ရောက်ရှိသွားလျင် ယခင်ကဲ့သို့ နေ့စဉ် မိမိ post link ချခြင်း ဖြင့် @hive-Myanmar အကောင့်ထံမှ upvote ရယူကြမည် ဖြစ်ပါသည်။ ယခု ကျွန်တော်ထပ်မံဖွင့်လိုက်သော HIVE-MYANMAR community ဟူသည်မှာ community page သာ ဖြစ်၍ မိမိတို့ post များအား ထို community page မှ တင်ခြင်းဖြင့် မြန်မာစာ ရေးသားထားသော post များအားလုံးအား တနေရာတည်းစုစည်းမြင်စေမည် ဖြစ်ပါသည်။. https://peakd.com/c/hive-122133/created @hive-Myanmar blog သည် အပြာနုရောင် logo နှင့် ဖြစ်၍ Hive -Myanmar community သည် အစိမ်းရောင် logo နှင့် ဖြစ်ပါသည်။

ဤ တွင်အနည်းငယ်ရှင်းပြလိုသည်မှာ မိမိအနေဖြင့် Community page မှ ဆောင်းပါးရေးတင်သော်လည်း ရရှိလာသော reward မှာ မိမိ wallet အတွင်းသို့သာ ရောက်ရှိလာမည် ဖြစ်ပါသည်။ community page အနေဖြင့် post များ တနေရာတည်း စုစည်းနေစေခြင်းသာ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် တခုပန်ကြားလိုသည်မှာ Hive-Myanmar community page အား Subscribe လုပ်လိုက လုပ်ထားနိုင်ပါသည်။ သို့သော် Hive Platform ပေါ်သို့ မြန်မာစာဖြင့်ရေးသား၍ post တင်နေသူတို့အားသာ members အဖြစ်လက်ခံလိုပါသည်။ဆိုလိုသည်မှာ အဖွဲ့ဝင် ၁၀၀ ရှိသော်လည်း နေ့စဉ် post တခုမျှ မတက်လျင် အဓိပ္ပါယ်မရှိသလို အဖွဲ့ဝင် ၅ ယောက်ဖြင့် နေ့စဉ် post ၅ ခု တက်နေခြင်းက community အတွက် ပို၍ ထိရောက်သည်ဟုထင်ပါသည်။

ယခု အချိန်ကဲ့သို့ အားလပ်ချိန်ရသော အခါတွင် ပို၍ ထိရောက်လိမ့်မည်ဟုထင်ပါသည်။ ကျွန်တော့ အနေဖြင့် တခုဝန်ခံလိုသည်မှာ Hive-Myanmar community page အား မဖြစ်မနေ subscribe လုပ်ရမည်ဟု ဆိုလိုခြင်း မရှိပါ။ သို့သော် Hive-Myanmar community page မှ post တင်လိုလျင် သတ်မှတ်ထားသော စည်းကမ်း များအား လိုက်နာရန်သာ အထူးတိုက်တွန်းလိုပါသည်။

Henry Aung ( Kachin )

H1.jpeg

Sort:  

ဟုတ်ကဲ့ တက်အားတလောက် ရေးတင်ပါ့မယ်။
ဦးဇင်းဝတ်ဖို့တော့ရှိတယ်ဗျ😁

ဟုတ်လား... သင်္ကြန်အတွင် ဦးဇင်းဝတ်တော့မယ်ပေါ့။

ဟုတ်ကဲ့ ဗျ

ကောင်းပါလေ့.... ညီရဲ့ နောက်ဆောင်းပါးတွေကို Hive-Myanmar Community page ကနေတင်ပေးပါ။ အဲဒါဆို မြန်မာစာ ဆောင်းပါးတွေ တနေရာတည်း မြင်နေရလိမ့်မယ်။

ဟုတ်ကဲ့ကိုဟင် မနေ့က ပို့စ်တင်ပြီးမှ community page မှာ တင်ဖို့သတိရသွားတာ နောက်နေ့ကစပြီး တင်ပါ့မယ်ဗျ။

သိရတော့ ပိုစ့်တင်ရတာပေါ့ ရေးတင်အုံးမယ်ဗျို့။

မြန်မြန်ရေးတင်တော့ဗျို့ ။ ဒီအချိန်က စာရေးဖို့ အချိန်ကောင်းပဲ။

ခက်တာက ကျွန်​တော်မှာ hive or steem account က ဆယ်ခု​ကျော်​လောက် ရှိ​နေတယ်။ @myanmarbook @mmsongs @learningenglish @crypto.myanmar @donatemesteem စည်းကမ်းနဲ့ ညီမယ်ထင်တဲ့ အ​ကောင့်ကို ဝင်ခွင့်ပြုပါ

Hive-Myanmar community page ရဲ့ ညာဘက်မှာ စည်းကမ်းချက် ၇ ချက်ရေးထားပါတယ်။ စည်းကမ်းချက်နဲ့ အညီ ရေသားထားရင် ဘယ်အကောင့်ဖြစ်ဖြစ် အဆင်ပြေပါတယ်။ အဓိက ကတော့ မြန်မာစာ နဲ့ ရေးသားတဲ့ ဆောင်းပါးတွေ တနေရာတည်းမှာ မြင်နေရပြီး အချင်းချင်း upvote ပေးနိုင်ဖို့ပါ။

ကျွန်တော် အနေဖြင့် ကိုဟင်တို့ မအားလပ်၍ Myanmar HIVE Community အတွက် Community page မထောင်သေးဘူး ထင်ကာ MHC community page ကို ထောင်ခဲ့မိပါသည်။
ထိုအရာအား Post တင်၍ သော်လည်းကောင်း၊ Myanmar HIVE Community chat ၌ လည်းကောင်း အသိပေးခဲ့ပါသည်။
သဘောတူ လက်ခံခြင်း ရှိ/မရှိ မေးဆိုခဲ့ပါသည်။
ယခု အခါ HIVE-MYANMAR community page သီးသန့်ထောင်ထားပြီး ဖြစ်သည်ကို တွေ့ရှိရသောကြောင့် ကျွန်တော်၏
MHC page အား အခြားသောအမည် ပြောင်းလဲပေးပါမည့် အကြောင်းနှင့်
HIVE-MYANMAR community page အား Subscribe
လုပ်ပါမည် အကြောင်း အသိပေးအပ်ပါသည်။

MHC page လည်း တချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ လောလောဆယ်တော့ မြန်မာစာ ရေးသားသူတွေ တနေရာတည်းမှာ စုမိအောင် Hive-Myanmar Community page ကို အသုံးပြုစေချင်ပါတယ်။