မင်္ဂလာပါ။ ယနေ့ကတော့ Ragnarok Game Update များ ဖေါ်ပြပေးမည်ဟု စိတ်ကူးထားပါသည်။ မိတ်ဆွေတို့ သိပြီး ဖြစ်သည့် အတိုင်း Ragnarok မှ NFT များအား Airdrop ချပေးရန် ကျွန်တော်တို့၏ Hive Power များအား Snapshots ရယူခဲ့ပြီး ဖြစ်ပါသည်။
ယခု Airdrop ချပေးမည့် ပုံစံအား အနည်းငယ် ပြောင်းလည်မည်ဟု သိရပါသည်။ ယခင်က ပြင်ဆင် ထားသည်မှာ Game Website ထွက်လာသော အခါ မိမိ Hive Account ဖြင့် ဝင်ရောက်ကာ NFT များအား Airdrop Claim ယူရန် ဖြစ်ပါသည်။
သို့သော် ယခု NFT များအား Airdrop ချပေးမည် မဟုတ်ပဲ RCT ( Ragnarok Claim Token ) များအား Airdrop ချပေးမည် ဖြစ်ပါသည်။ ဤ RCT မှာ ဈေးကွက်တွင် ရောင်းချနိုင်သည် / အကောင့် တခုမှ တခုသို့ ပေးပို့ နိုင်သည်။
ဤ RCT ပိုင်ဆိုင်ထားသူသည် Ragnarok NFT ထွက်လာသော အခါ 1 RCT = 1 NFT claim လုပ်ယူ နိုင်မည် ဖြစ်ပါသည်။ ဤ သို့ Claim လုပ်ယူရာတွင် မိမိမှာ မည်ကဲ့သို့သော NFT card ရမည်ဟူသည်မှာ မည်သူ မျှ ကြိုမသိနိုင်ဟု ဆိုပါသည်။
မိမိ အနေဖြင့် အရှားပါးဆုံး အစွမ်းထက်သော ဘုရင် ကဒ် ရနိုင်သလို သာမန် စစ်သား ကဒ် များလည်း ရနိုင်ပါသည်။ စစ်ပွဲ တပွဲ တွင် ကဒ် ၁၀ ကဒ် ဖြင့် ဆော့ရမည် ဖြစ်ပါသည်။ ဘုရင် တကဒ် / ဘုရင်မတကဒ် / ဘုန်းကြီး တကဒ် / သူရဲကောင်း တကဒ် / 1 Rook နှင့် စစ်သား ၅ ကဒ် တို့ ဖြစ်ပါသည်။
အစွမ်း အစများက တော့ ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း မတူညီသော စစ်မြေပြင်တွင် မတူသော အစွမ်းများ ရှိကြမည် ဖြစ်ပါသည်။
ဤ Ragnarok Game မှာ ဂိမ်းကစား၍ မရမှီ မိမိတို့မှာ NFT များ အလျင်ရယူထားရမည် ဖြစ်သလို Game Launch လုပ်လိုက်သည်နှင့် အဆင်သင့် ဝင်ကစား နိုင်ပြီ ဖြစ်ပါသည်။ Game မကစားလိုသူများကတော့ မိမိရရှိထားသော RCT များအား ရောင်းစားနိုင်သလို NFT ထုတ်ယူပြီး NFT များ ရောင်းစားလျင်လည်း ဖြစ်ပါသည်။
RCT နှင့် NFT Claim လုပ်ရသည်မှာ ကံစမ်းမဲ ဖေါက်သလိုသာ ဖြစ်ပါသည်။ ကျွန်တော့ အထင် RCT အား အလျင် ရောင်းစား ထားသည်က ပို၍ တွက်ချေ ကိုက်မည်ဟု ထင်ပါသည်။ ဝယ်သူကလည်း NFT ဝယ်ယူခြင်းထက် RCT ဝယ်ယူကာ NFT ကံစမ်းမဲ ဖေါက်ချင်မည်သာ ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ RCT ထွက်ပေါ်လာခြင်းက Ragnarok Game အား ပို၍ အကျိုးရှိစေမည် ဖြစ်ပါသည်။ Hive Power မရှိထားသော ကြောင့် Airdrop မရသူတို့ RCT ဝယ်ယူကာ NFT ကံစမ်းခွင့် ရနိုင်သော ကြောင့် ဖြစ်ပါသည်။
SPK Networks နှင့် ပတ်သက်၍ 3Speak video ဖိုင်ထွက်လာသော်လည်း ဖွင့်ကြည့်၍ မရသော ကြောင့် မည်သို့ Update ရှိသည်ကို မသိရသေးပါ။ PSYBER X နှင့်ပတ်သက်၍ တော့ တိုက်ပွဲ Video File အတိုလေး တခုထွက်လာသည်ကို တွေ့မိပါသည်။
လောလောဆယ် 3Speak နှင့် Hive Blockchain ဘာဖြစ်နေသည်မသိပါ။ Hive Platform ကလည်း အသုံးပြုရသည်မှာ အတော် နှေးနေပါသည်။ Internet ကပဲ မကောင်းသည်လား 3Speak Video file များကလည်း ကြည့်၍ မရဆိုတော့ SPK Network အားပဲ စမ်းသပ်နေကြသည်လား မသိ။ ရှိစေတော့ ။
PSYBER X video file အတိုလေး ထွက်လာပြီးနောက် LVL token များကလည်း ဈေးထိုးတက်သွားခဲ့ပါသည်။ ယခင်က 0.0009 Hive ခန့်သာ ဈေးပေါက်နေသော LVL သည် ယနေ့တွင် 0.002 Hive အထိ ထိုးတက်သွားခဲ့ပြီဖြစ်ပါသည်။
PSYBER X သည်လည်း Hive Platform မှ ထွက်လာသော ပထမဆုံး NFT Base Video Game ဖြစ်သော ကြောင့် အတော်လေး ရေပန်းစားနေပါသည်။ Game ကစားရန် အတွက် မဟုတ်လျင်တောင် ရင်းနှီးမြုပ်နှံမှု အဖြစ် LVL token အနည်းငယ် ဝယ်စု ထားသင့်သည်ဟု ထင်ပါသည်။
ယနေ့ Hive ဈေးဖြင့် တွက်လျင် ဤ LVL token တခုဈေး မှာ မြန်မာငွေ ၅ ကျပ်သာ ရှိနေပါသေးသည်။ သေချာသည်ကတော့ သိပ်မကြာသော အချိန်တွင် Hive သည် အရှိန် ၂ ဆဖြင့် ရှေ့သို့ ပြေးတော့မည်ကတော့ သေချာနေပါသည်။
Henry Aung ( Kachin )
17/01/2022 - Monday - 18;05 Pm
LVL လေးပြေးဝယ်ထားအုံးမှ
အဲပြေးလဲထားအုံးမှ နောက်မကျအောင်။
!LOL
!PIZZA
lolztoken.com
He needs me to get him out of jail.
Credit: vaipraonde
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)@kachinhenry, I sent you an on behalf of @htwegyi
အပြေးလေးသာ ဝယ်ထားပေတော့...😁😁😁 !PIZZA
လေပြုတ်ကျတွေဖမ်းဖို့ အသင့်ပြင်ထားရမှာလား ကိုဟင်😁😁😁
@suhlaing မမှီ လောက်ဘူး... ပြီးတော့ မစုလှိုင်က Hive Gaming နဲ့ အတော်လေး အဆက်ပြတ်နေတာ ဆိုတော့... ဆရာ့ ဆရာကြီးတွေ ဆီမှာ သင်ယူ ရအုံးမှာ ... အမျိုးသမီးထဲကဆိုရင် @myothuzar ရှိတယ်.. Game ဆော့ပြီး ပုံမှန် ဝင်ငွေလေး ရနေတာ..😁😁😀
ဂိမ်းက ဝါသနာသိပ်မပါလို့ မလေ့လာဖြစ်ဘူး ကိုဟင် အခုတော့ စဆော့ကြည့်တော့မယ်😁😁😁
အဲဒါဆိုရင်တော့ Game ဆရာကြီး @myanmarkoko / @domelay / @komoezaw / @donjaun / @myothuzar တို့ကိုသာ ဆက်သွယ်ပါလေ... ကိုဟင်ကတော့ Game မကစားတတ်ပါ... မျက်လုံး ချွေတာနေရသော ကြောင့် ဖြစ်ပါသည်။😀😁😃😀
ဆက်သွယ်လိုက်ပါမယ် ကိုဟင် နားပူကျစေကုန်😅😅😅
Rising Star ဆိုရင်တော့ အသေးစိပ်သိသလောက်ရှင်းပြပေးနိုင်ပါတယ်။
!PIZZA
!LOL
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@myanmarkoko you can call @lolzbot a maximum of 4 times per day.
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
naythan tipped kachinhenry (x1)
(5/15)
nyimwa tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped johndieo (x1)
kachinhenry tipped uthantzin (x1)
hive.phyowinkoko tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped hive.phyowinkoko (x1) @kachinhenry tipped @nyimwa (x1)
Learn more at https://hive.pizza.
ခုလောလောဆယ်တော့ HP ဘဲ စုနိုင်သေးတယ်
နောက်လည်းထွက်လာအုံးမှာပါလေ
!lol
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
HP ရှိထားဖို့က အရေးကြီးတယ်။ !PIZZA
ဘာလာလာ ဒေါင်းနိုင်ဖို့ ကြိုးစားနေတာပဲ 😊
ဂျိုကာ တကဒ်သာ ဆောင်ထားပေတော့။😁😁😁
Ragnarok Game လေး ထွက်တဲ့ အချိန် အရင်ဆုံး ဆော့ကြည့်ရတာပေါ့ဗျာ။ !LUV !BEER
Ragnarok ကတော့ ဆော့သင့်တယ် ထင်ပါတယ်။ Early Bird ဆိုတော့။ !LUV
(1/1) gave you LUV.
@kachinhenry
!PIZZA
!PIZZA
လာထား အာဘွားလို့ပဲ ပြောလိုက်တော့မယ်။ ဒီကစောင့်နေသူပါဗျ။ !PIZZA
Ragnarok game ကတော့ ဆော့ကို ဆော့သင့်တယ်။ Chess ကစားတတ်သူတွေ အတွက်တော့ အကွက်ချရတာ လွယ်ပါလိမ့်မယ်။ !PIZZA
Ragnarok Game လေးကိုစောင့်နေတာ အကို
!PIZZA
!LOLZ
lolztoken.com
Outlaws are wanted.
Credit: lofone
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)@kachinhenry, I sent you an on behalf of @naythan
Ragnarok game ကတော့ ဆော့ကို ဆော့သင့်တယ်။ Chess ကစားတတ်သူတွေ အတွက်တော့ အကွက်ချရတာ လွယ်ပါလိမ့်မယ်။ !LUV !PIZA
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @kachinhenry.