Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၃ ) ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော Hive platform အကြောင်း ဆက်ကြပါအုံးစို့။ ကျွန်တော့ အနေဖြင့်လည်း ရေးသာ ရေးရပါသည်။ လူသစ် ဘယ်နှစ်ယောက်များ ကျွန်တော်ရေးသော Hive platform အကြောင်း တခုတ်တရ ဖတ်ကြမည် မသိ။

သို့သော်လည်း တယောက်တလေ များဖတ်ရ၍ Hive platform အကြောင်း အခြေခံမျှ ရသွားလျင်ပင် အကျိုးရှိလှပြီ ဖြစ်ပါသည်။ ယခင် ဆောင်းပါတွင် Community tag အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ယနေ့တွင် Social Media Tag များ အကြောင်း ဖေါ်ပြပေးပါမည်။

Social media tag ဆိုသည် မှာ Hive Blockchain တွင် Hive blog နည်းတူ အခြားသော Blogging site များစွာ ရှိပါသည်။ Palnet / Leofinance / Proofofbrain / Creativecoin / Neoxian / Archon စသည်ဖြင့် အများအပြား ရှိပါသည်။

ထို Blogging site များသည်လည် Hive ကဲ့သို့ ကိုယ်ပိုင် Token များ ထုတ်လုပ်ထားကြပါသည်။ ယခင်ကတော့ Hive platform တွင် Post တင်လျင် Reward အနေဖြင့် Hive နှင့် SBD အချိုးကျ ရပါသည်။ ယခုတော့ Hive အပြင် ထိုအခြားသော Social Media blogging site များမှ token များလည်း ရရှိနိုင်ပြီ ဖြစ်ပါသည်။

မိမိလုပ်ဆောင်ရန် လိုအပ်သည်မှာ Hive platform တွင် Post တင်လျင် ထို Blogging site များ၏ tag များ တွဲထည့်ပေးရန်ပင်ဖြစ်ပါသည်။ Palnet / Neoxian / CCC / POB အစရှိသဖြင့် Tag တွဲရုံသာ ဖြစ်ပါသည်။

ဆိုရလျင် Post တခုတည်းဖြင့် Token များစွာ Reward ရနိုင်သော အခွင့်အရေး ဖြစ်ပါသည်။ ဤ Social Media tag တွဲရာတွင်လည်း အနည်းငယ် ပြသနာရှိပါသည်။ Cryptocurrency အကြောင်း / ငွေကြေးအကြောင်း ရေးသားထားသည်မဟုတ်ပါက Leofinance tag မတွဲမိဖို့ အရေးကြီးပါသည်။

အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သော Social Media tag များမှာ ပမာဏ အဆင့်သာရှိပါသေးသည်။ အသေးစိတ်မဟုတ်ပါ။ Hive platform သို့ လူသစ်အနေဖြင့် ဝင်ရောက်လာသူတယောက်သည် သေချာပေါက် ပြုလုပ်ရမည့်အရာ၂ ခုမှာ ကြိုးစားလေ့လာခြင်းနှင့် စိတ်ရှည် ခြင်း ဖြစ်ပါသည်။

Cryptocurrency နှင့်ပတ်သက်သော အရာအားလုံးသည် နည်းပညာနှင့်ပတ်သက်သော အရာဖြစ်၍ တထိုင်တည်း / စာတပုဒ် တည်းဖြင့် ရှင်းပြရန် မလွယ်ကူလှပါ။

ထို့ကြောင့် လူသစ်များအား ကျွန်တော် အကြံပေးလိုသည်မှာ ၁ - Hive platform အား အမှန်တကယ်စိတ်ဝင်စားသူဖြစ်လျင် လေ့လာရန် မပျင်းပါနှင့် ။ ၂ - မိမိ ထက်ကြိုရောက်နေသော စီနီယာများ၏ အကောင့်များအား Follow မဖြစ်မနေလုပ်ထားပါ ။ ၃ - ထို စိနီယာများ၏ Post များတွင် မိမိသိလိုသည်များအား ကော်မန့်များဖြင့် မေးပါ ။

အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤသို့ အကြံပြုရပါသနည်းဆိုသော် လက်ရှိ Hive platform သည် လေ့လာစရာများလွန်းသောကြောင့် ဖြစ်ပါသည်။

အကယ်၍ လူသစ်ဖြစ်သော မိတ်ဆွေအနေဖြင့် ၂၀၁၇ အချိန် က Steemit သို့ ဝင်ရောက်ခဲ့ပါမည် Post တင်ခြင်း / ကော်မန့်ပေးခြင်း / Wallet အလုပ်လုပ်ပုံများ / Reward ရယူပုံများ စသည်တို့သာ သင်ယူရမည် ဖြစ်ပါသည်။

ယနေ့ Hive platform သည် များစွာကွာခြားသွားခဲ့ပြီဖြစ်ပါသည်။ ကျွန်တော် ဖေါ်ပြခဲ့သော အရာများသည် Social Media tag များ အကြောင်းသာ ရှိပါသေးသည်။ Hive Engine token များ အကြောင်း / Gaming NFT များ / Stacking reward အစရှိသည့် အကြောင်းအရာများ မပါဝင်သေးပါ။

အသစ်ရောက်လာသော လူငယ်များအား ခြေက်လှန့်နေခြင်းမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ပင် မကျွမ်းကျင်သော Gaming ပိုင်းတွင် အခြားသူများထံမှ သင်ယူနေရသည်ကို သတိပြုစေလိုရင်းဖြစ်ပါသည်။ ကျွမ်းကျင်ရာလိမ္မာဖြစ်ပါသည်။

မိတ်ဆွေအနေဖြင့် Computer/ internet/ Social media / Cryptocurrency ကျွမ်းကျင်သူဖြစ်လျင် Hive platform ပေါ်တွင် တလ လောက် ကျင်လည်လိုက်ရုံမျှဖြင့် ကျွန်တော်တို့အား ပြန်၍ သင်တန်းပေးနိုင်ပါလိမ့်မည်။

အဘယ့် ကြောင့်ဆိုသော် ကျွန်တော်သိသလောက် ဤ Hive platform ပေါ်တွင် စာ/ ဆောင်းပါးရေး၍ Cryptocurrency ရှာနေသူများသည် မူကြို အဆင့်သာရှိနေပါသေးသည်။

မည် သို့ပင်ဆိုစေ Hive platform ပေါ်သို့ မြန်မာစာရေး၍ ရောက်ရှိလာသော လူသစ်များအားလုံးအားကြိုဆိုပါသည်။ မိမိတို့သိလိုသည့် အကြောင်းအရာ အားလုံးအား ကျွန်တော့ Post များ၏ ကော်မန့်တွင် မေးမြန်နိုင်ပါသည်။

ကျွန်တော့တွင် Facebook နှင့် Messenger အကောင့်ရှိသော်လည်း အားလပ်ချိန်တွင် Hive အတွင်း၌သာ ရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်လည်း အသစ်အသစ်သော အရာများအား သင်ယူနေရသောကြောင့် ဖြစ်ပါသည်။

မနက်ဖြန်တွင် Hive platform အတွင်မှ လေ့လာစရာများအကြောင်းဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

02/09/2021 - Thursday - 2021 - 18;50 Pm

Sort:  

tag တွေအကြောင်း သိရတာ အများကြီး အကျိုးရှိပါတယ်
ကျေးဇူးပါ အကို
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @naythan.

Did you know you can trade $PIZZA on Hive-Engine, Tribaldex, or LeoDex? (1/10)

လေ့လာရင်းသင်ယူရင်းပေါ့ Bro… !PIZZA

@naythan! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (1/20)

လေ့လာဆဲပါ ။

အောင်မြင်ပါစေ... !PIZZA

@koshwe! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know PIZZA team has a curation trail with 29 followers? (2/20)

လူသစ်တွေမက လူဟောင်းကြီးပါ ဖတ်ပြီး လေ့လာနေရတာပါ။
လူသစ်တွေနဲ့ ကပ်ပြီး ထပ်ပြီးလေ့လာရပါအုံးမည်။
အခုလို အသေးစိတ်ရေးတင်ပေးတာ ကျေးဇူးပါ ကိုဟင်။
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know PIZZA has a very active community Discord? (4/10)

အမှန်တော့... မသိသေးရင် အသစ်ပါပဲလို့... ရေးရကျိုးနပ်တာပေါ့.... တစုံတယောက် တခုခု ရသွားလျင်ဖြင့်။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can spend $PIZZA on games in the $Pizza Store? (4/20)

ရေးပါဗျို့ ဒိုင်းခံဖတ်ပေးနေပါတယ်
အသိလည်းတိုးရပါတယ်။

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 7750 replies.
Your next target is to reach 8000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Feedback from the September 1st Hive Power Up Day
Introducing the Hive Power Up Month - Let's grow every day!

ဖတ်ဖြစ်ပါတယ် bro ဆက်သာရေးပါ အားတဲ့ချိန်တိုင်းဝင်ဖတ်ပါတယ်

လေ့လာစရာ အများကြီးရလိုက်လို့ ကျေးဇူးပါရှင့်