Hive Platform နှင့် ဈေးအတက် / အကျ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ၏ Cryptocurrency များကတော့ ၂ ပတ်ခန့် အစိမ်ရောင် ပြပြီးနောက်တော့ ရဲရဲနီရန် ပြင်ဆင်နေကြပြီထင်ပါသည်။ BTC က​တော့ ၅၂၀၀၀ လောက်အထိ အတက်ပြကာ အဆင်းတွင်တော့ ၄၅၀၀၀ အထိ ခုန်ဆင်းပြသွားခဲ့ပါသည်။

BTC နည်းတူ အခြားသော Cryptocurrency များကလည်း ဘာခံနိုင်မည်နည်း။ ဟုတ်ကဲ့ ခုန်ဆင်းကုန်ကြပါသည်။ ကျွန်တော်တို့ ဇတ်လိုက်ကျော် Hive ကလည်း 1$ ကျော်အထိ အတက်ပြပြီးနောက် ပြား ၈၀ တွင် ငြိမ်နေတော့မည်ဟု ထင်ထားသော်လည်း ၇၀ ကျော်သို့ ဆင်းချရန် ပြင်ဆင်နေသည်ကိုတွေ့နေရပါသည်။

Cryptocurrency လောကတွင် ငါ့ Token ကတော့ ဈေးတက်ပြီဟ.. ဈေးတက်ပြီဟ နှင့် ပျော်ရသလောက် ဈေးထိုးကျလာလျင် နင့် token ကတော့ကျပဟ ဟူ၍ လုပ်မရတော့။ အတူတူ ကျလာကြသည်သာ။ ရာခိုင်နှုန်း နည်းသည်နှင့် များသည်သာ ကွာပါသည်။

Hive ၏ ဤတခေါက်ဈေးအကျတွင် မည်သည့် ကိန်းကဏန်း တွင် တင်ကျန်နေလိမ့်မည်ဟူသည်မှာ စိတ်ဝင်စားစရာကောင်းနေပါသည်။ မည်သို့ပင် ဆိုစေ Hive သည် Steemit မှ စတင်ခွဲထွက်လာပြီးနောက် Hive ဈေးသည် Steem ဈေး၏ အောက်တွင်သာ ရှိနေခဲ့ပါသည်။

သို့သော် ယနေ့ အချိန်တွင် Hive ဈေးက Steem အထက်တွင် ရပ်တည်နေပါသည်။ Hive သည် Splinterland ကြောင့် လူသိများလာသည်ပဲဆိုဆို ၊ Leofinance ကြောင့် Hive အားပိုသိလာကြသည်ပဲဆိုဆို လက်ရှိအချိန်တွင် Hive အား လူအများသတိထားမိလာသည်ကတော့သေချာပါသည်။

ဟိုယခင်ကလည်း ကျွန်တော်ရေးသားဘူးပါသည်။ အကယ်၍ Hive အောင်မြင်လာသည်ဆိုခြင်းမှာ သူ၏ Blogging ကြောင့် အောင်မြင်ခြင်း မဟုတ်ပဲ Hive Platform အား အခြေခံ၍ ထုတ်လုပ်ကြမည်ဖြစ်သော Token များ / Project များကြောင့် သာ Hive သည် အောင်မြင်လာမည် ဖြစ်ပါသည်။

ဆိုရလျင် Hive သည် သူ၏ မိခင် ဖြစ်သော Steemit မှ ခွဲထွက်လာပြီးနောက် SMTs ဟူသော စကားအား မပြောကြတော့သည်ကို သတိထားမိပါသည်။ Hive သည်လည်း ခေတ်ရေစီးကြောင်းအလိုက် NFT များဘက်သို့ ဦးတည်သွားပုံရပါသည်။

မည်သည့် လမ်းကြောင်းပင်သွားသည်ဖြစ်စေ Hive တွင် ခိုင်မာသော ဈေးကွက်တခု ရှိနေပါသည်။ ထိုအရာမှာ HBD ဖြစ်ပါသည်။ HBD သည် ဈေးတက်လျင်သာ တက်သွားမည် သို့သော် အကျတွင်ကာ USD 1$ တွင်သာ ရှိပါလိမ့်မည်။ ဤသည်က Hive ဈေးအား ထိန်းညှိပေးပါလိမ့်မည်။

ဤတွင် တခုမေးစရာရှိသည်မှာ HBD သည် USD 1$ အောက်ရောက်စရာ အကြောင်းမရှိဘူးလားဟု မေးစရာရှိပါသည်။ ရောက်ကောင်း ရောက်ပါလိမ့်မည်။ သို့သော် ၂၄ နာရီ မပြည့်ခင် HBD သည် USD 1$ သို့ ပြန်ရောက်သွားလိမ့်မည်ဖြစ်ပါသည်။

Cryptocurrency ၏ သဘောသဘာဝသည် ဈေးအတက်သို့ ဦးတည်ပြီးလျင် ပြန်ကျလာပါလိမ့်မည်။ ဈေးပြန်ကျပြီးလျင် နောက်တခါ ပြန်တက်လာပါလိမ့်မည်။

ဝယ်ရောင်း ကစားသူတို့ သတိထားရမည်မှာ ဤ တခါ ဈေးအတက်သည် မည်မျှ ခုန်တက်၍ ဈေးအကျတွင် မည်မျှ ထိုးကျသွားသည်ကို ကြည့်ရမည်ဖြစ်ပါသည်။ ဈေးတက်ခြင်း ကျခြင်းသည် Cryptocurrency ၏ သဘောသဘာဝဖြစ်ပါသည်။

ကျွန်တော်တို့အတွက်တော့ Hive ဈေးတက်ခြင်း ကျခြင်းသည် ပုံမှန်သာ ဖြစ်၍ မိမိ post တင်ခြင်း မတင်ခြင်းက သာ၍ အရေးကြီးပါသည်။ အဘယ့်ကြောင့် ဆိုသော် Hive ဈေး $100 ဖြစ်သွားလည်း မိမိ Post မတင်လျင် တပြားမှ ရမည် မဟုတ်သော ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့လည်း Hive ဈေးအတက်တွင် ပျော်ရွှင်ကြပါရန် နှင့် ဈေးအကျတွင် လည်း Post တင်မပျက်ကြစေရန် နှိုးဆော်လိုက်ရပါသည်။

Henry Aung ( Kachin )

08/09/2021 - Wednesday - 18;24 Pm

Sort:  

ဟုတ်ကဲ့ ကိုဟင်ရေ ယခင်နှစ်တွေတုန်းကနဲ့စာရင် အခု နှစ်တွေမှာ လူငယ် အတော်များများက Cryptocurrency ကို ကောင်းကောင်းနားလည် လေ့လာနိုင်နေကြတာကို တွေ့ရပီး နောက်သိပ်များမကြာခင် Hive Myanmar ကလည်း တခေတ်ဆန်းမည်လို့ ကြိုတင်ဟောကိန်း ထုတ်ထားလို့ရပါပီဗျာ။ ( ကျွန်တော့ အမြင်ပါ )။

ကြိုးစားနေဆဲပါ ကိုရွှေဘို... အောင်မြင်လာမယ်လို့ မျှော်လင့်ပါတယ်။ !PIZZA

@nyinyiwin! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (1/20)

စျေးတက်တာကျတာထက်ပိုစ့်တင်ဖို့ကိုပဲပိုစိတ်ဝင်စားနေပါတယ်...ပိုစ့်လှလှလေးတွေဘယ်လိုဖန်တီးရမယ်...ဒီလိုတွေဦးစားပေးတွေးဖြစ်တယ်...စျေးတက်တော့လည်းပျော်တာပေါ့....

Post လှလှ လေးတွေသာ ဖန်တီးပါ။ အားပေးမဲ့ သူတွေက အသင့်ပါပဲလို့။ !PIZZA

@asterkame! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can earn $VFT through the PIZZA farm? (2/20)

ဟုတ်ကဲ့နေ့စဥ် ပို့စ်တင်ဖြစ်အောင်ကျိုးစားနေတယ်အကို
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (1/10)

အကောင်းဆုံးပါ။ တနေ့တလံ ပုဂံဘယ်ရွေ့မလဲပေါ့။ !PIZZA

@naythan! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can now buy Rising Star packs with $PIZZA? (3/20)

Hive စျေးကျတုန်းကလည်း ကျနော်တို့ ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးပါပြီ။
သို့ဖြစ်ပါ၍ ဘယ်လောက်ကျကျ စိတ်မပျက်တော့ပါဘူး။
စာမှန်မှန်ရေး ပိုစ်မှန်မှန်တင်နေပါဦးမည်။

!PIZZA

အေးပေါ့။ အဆိုးဆုံးကိုလည်း ကြုံဖူးသွားတော့... ကျန်တဲ့ အခက်အခဲလောက်က သာမန်ဖြစ်သွားတာပေါ့။ !PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can spend $PIZZA on games in the $Pizza Store? (5/20)

ဒီတခါ hive ရဲ့ ဈေးကစားမူဟာ cryptocurrency သမိုင်းကို ငါစလာနေပီလို့ သတိပေးထားလိုက်တဲ့သဘော..😂။!PIZZA

Posted Using LeoFinance Beta

အဲဒီသဘော ဖြစ်လိမ့်မယ်။ Hive က ခုထိ ဈေးမာ နေတုန်းပဲ... !PIZZA

@sheinthu! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (6/20)

@kachinhenry! I sent you a slice of $PIZZA on behalf of @sheinthu.

Did you know PIZZA has a very active community Discord? (1/10)

ဈေးတက်သည်ဖြစ်စေ ကျသည်ဖြစ်စေ စာရေးပိုစ့်တင်နေရပါအုံးမည်။
Hive $100 ဖြစ်ရင်တော့ စာဆက်ရေးရပါအုံးမည်။
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can now buy Rising Star packs with $PIZZA? (8/10)

ဈေးတက်သည်ဖြစ်စေ ကျသည်ဖြစ်စေ စာရေးရမှာက ကိုယ့်တာဝန်ကိုး... စာရေးမှ hive ရမှာလေ... !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know PIZZA team has a curation trail with 29 followers? (7/20)

စျေးကောင်းလေ ပျော်ရလေ ၀မ်းသာလေပါပီ !PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @callmemaungthan.

Did you know you can earn $VFT through the PIZZA farm? (5/10)

ဈေးကောင်းရင်ပျော်ပါ... ဈေးကျရင် Post တင်မပျက်ပါစေနဲ့ ...!PIZZA

@callmemaungthan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (8/20)

မည်သို့ပင် ဆိုစေကာမူ ပြား၅၀ အထက်မှာ ရှိနေလျှင်ပင် HIVE platform ပေါ်မှာ ပျော်ပျော်ကြီး လျှောက်လှမ်းနေရပါသည်။
!PIZZA

ပြား ၅၀ ရောက်လာအောင်ကို အတော်ကြီး စောင့်စားခဲ့ရတာပါ။ အချိန် .... အချိန်က အရေးကြီးတာကိုး...!PIZZA

@tin.aung.soe! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (9/20)

မှန်ပါတယ် ခက်တာက ဈေးဟာအတက်ထက်ငြိမ်နေတာဟာ အားမရစရာတစ်ခုဖြစ်နေတာ
ပါ ဘဲ bro

cryptocurrency က အတက်လဲမရှိ အကျလဲမရှိ တန့်နေပြီဆိုရင် ... ပြသနာရှိနေပြီ။ ဘယ်သူမှ ဝယ်ရောင်း မလုပ်လို့ ဈေးတန့်နေတာ... အဲဒါ ကြောက်စရာ အကောင်းဆုံးပဲ.... Steem မှာ တခါ ကြုံဘူးခဲ့တယ်။ !PIZZA

@micrologic! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know PIZZA has a very active community Discord? (10/20)