Hive Platform တွင်ကြိုရောက်နေကြသူများ ( Henry Aung )

in HIVE-MYANMAR2 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကျော် Hive ကတော့ $1 ကျော်ဈေးအား ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါသည်။ ဤသို့ ဆိုလျင် ယခုတခေါက် Hive ဈေးအတက်သည် ဘူဘောင်း မဟုတ်သည်ကတော့သေချာပါသည်။ ကျွန်တော့ အထင် ဈေးကွက်အတွင်းရှိ Hive များအား တဖြည်းဖြည်းချင်း နှဲ့နှဲ့ကာ ဝယ်ယူနေသည့် သဘော ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ Hive ကတော့ သူ့တန်ဖိုးနှင့်သူ တက်လာနေပြီ ဖြစ်ပါသည်။ ယခင်က ပြား ၂၀ ဆိုသော ဈေးမှ ယခု 1$ အထိရောက်ရန် Hive သည်လည်း အနိမ့်အမြှင့် များစွာ ဖြတ်သန်းခဲ့ရပါသည်။ အစောပိုင်းကာလများတွင် Hive အား အတော်များများက ဒီအတိုင်း တဖြည်းဖြည်း ပျောက်ကွယ်သွားမည့် Cryptocurrency ဟူ၍ ထင်ကြေးပေးခဲ့ကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ဦးဆောင်သူ မရှိ သောကြောင့် ဖြစ်ပါသည်။

မှန်ပါသည် Hive တွင် မည်သူက CEO / မည်သူက Manager စသည်ဖြင့် မရှိပါ။ Hive Platform ကြီး တိုးတက် လာစေရန် မတူညီသော အဖွဲ့အစည်း ( Community) များက ဝိုင်းဝန်းလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ Hive Platform ၏ ကောင်းခြင်းတခုဖြစ်ပါသည်။ မည်သူကမျှ ခိုင်းစရာမလိုပါ ။ ဤ Platform ကြီးကောင်းမွန်လာစေရန် အားလုံးက တတ်စွမ်းသမျှ ကြိုးစားနေကြခြင်း ဖြစ်ပါသည်။

မိတ်ဆွေ အနေဖြင့် ဤသို့ဆိုလျင် မိမိတို့ကတော့ အခွင့်အရေးသမား များဟု ထင်ကောင်းထင်နေပါလိမ့်မည်။ မဟုတ်ပါ။ မိတ်ဆွေ အနေဖြင့် နေ့စဉ် post ပုံမှန် တင်နေခြင်း / Comment များအား ပြန်ကြားခြင်း / အခြားသော Community များမှ post တင်ခြင်း ( ဥပမာ Dbuzz / Hive Gaming ) ဤအရာအားလုံးသည် Hive Platform ကောင်းမွန်စွာလည်ပတ်နိုင်ရန် မိတ်ဆွေအနေဖြင့် Block Transition များပြုလုပ်ပေးနေခြင်းပင်ဖြစ်ပါသည်။

အကယ်၍ ဤ Hive Blockchain တွင် မည်သူမျှ post မတင်ကြတော့ လျင်ဖြင့် Block Transition မရှိလျင် ဤ Blockchain သည် သေသွားပြီ ဖြစ်ပါသည်။ ဤသို့ Blockchain သေသွားလျင် သူ့အားအမှီပြု၍ ထုတ်ထားသော Cryptocurrency သည်လည်း တန်ဖိုး သုညသို့ ရောက်ရှိသွားသည်နှင့် အတူတူသာ ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့အနေဖြင့် ဤ Platform ပေါ်တွင် Post တင်နေသမျှ ( copy ဆိုလျင်တော့ DownVote လာပါလိမ့်မည် ) ဤ Blockchain ကြီးအား အကျိုးပြုနေသူ ဖြစ်ပါသည်။ ယခုနောက်ပိုင်း ပြောင်းလည်လာသော နည်းပညာ များတွင် Gaming နည်းပညာသည် ထိပ်ဆုံးမှ ပြေးနေပါသည်။

NFT များ အောင်မြင်ခေတ်စားလာသည်နှင့် အညီ Gaming Company များမှ မိမိတို့ ထုတ်ကုန် Game များမှ NFTများ ထုတ်လုပ်ဖြန့်ဖြူးရန် စိတ်ဝင်စားနေကြပြီ ဖြစ်ပါသည်။

Cryptocurrency အစောပိုင်းကာလများတွင် ရေပန်းစားသည်မှာ Mining ဖြစ်ပါသည်။ ထို့နောက် ICO ( Initial Coin Offering ) ခေါ်ကာ project fund ရှာသည့် ကာလ ခေတ်စားခဲ့ပါသည်။ ထို့နောက်တော့ ပို၍ လွယ်ကူလျင်မြန်သော IEO ( initial Exchange offering ) များခေတ်စားလာပါသည်။ Exchange site များမှ တခါတည်း coin / token ထုတ်ကာ ထို exchange တွင် ပင် ဈေးကွက် တင်ခြင်း ဖြစ်ပါသည်။

ယခုအချိန်ကတော့ NFT ခေတ်စားနေချိန်ဟု ယူဆရမည် ဖြစ်ပါသည်။ Cryptocurrency Exchange များတွင် NFT အတွက် သီးသန့် ဈေးကွက်ဖွင့်ပေးနေရပြီ ဖြစ်ပါသည်။ Cryptocurrency တွင် မည်သို့ပင် ပြောင်းလည်းလာနေပါစေ အရာအားလုံးသည် မူရင်း Blockchain ကို မှီခိုအားထားနေရသည်သာ ဖြစ်ပါသည်။

နောက်သုံး လေး ငါးနှစ်တွင် Blockchain မှ မည်သည့် နည်းပညာများ ထွက်လာအုံးမည်မသိသေးပါ။ ဥပမာ ဆိုရလျင် Hive Platform မှ Social App ထွက်လာသည် / Gaming ထွက်လာသည် / Commerce App ထွက်လာမည် ထိုအရာများ အသုံးပြုသူများအတွက် NFT ရနိုင်သည် ဆိုလည်း မူရင်း မိခင်ဖြစ်သော Hive Blockchain အား မှီခိုနေရအုံးမည်သာ ဖြစ်ပါသည်။

ကျွန်တော် ယခင်က ပြောသကဲ့သို့သာ ဖြစ်ပါသည်။ ကျွန်တော်တို့ HP စုကြသည်။ Power မျာလာအောင်ကြိုးစားကြပါသည်။ တချိန်တွင် Hive များဈေးကောင်းလာလျင် Power Down ၍ထုတ်ယူ ရောင်းစားရန် မဟုတ်ပါ။ ဤသို့ ထုတ်ယူ ရောင်းစားလိုက်လျင် တကြိမ်သာ စား၍ ရပါလိမ့်မည်။

မိမိ အားကြီးလာသော Hive Power အားအသုံပြုကာ ယခုကဲ့သို့ Hive Platform မှ ထွက်လာသော အစွယ်အပွားများအား ခူးစားရန် ဖြစ်ပါသည်။ ကျွန်တော်တို့သည် Hive Power ဖြင့် မချမ်းသာ နိုင်သော်လည်း Hive ၏ အစွယ်အပွားဖြင့်တော့ ချမ်းသာရန် အခွင့်အရေး ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့သည် အခြားသူများထက် ကြိုရောက်နေကြသူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

Henry Aung ( Kachin )

21/11/2021 - Sunday - 18;17 Pm

Sort:  

ငွေပျက်နေလို့ power up မလုပ်နိုင်ပဲ ထုတ်ရောင်းလိုက်ရတယ် တစ်ဝတ်လောက် !PIZZA

@nayhlaingsoe, sorry! You need more to stake more $PIZZA to use this command.

The minimum requirement is 20.0 PIZZA staked.

More $PIZZA is available from Hive-Engine or Tribaldex

လိုအပ်နေတဲ့အချိန် ငွေဖေါ်ယူနိုင်တာက ဝမ်းသာစရာပါ။ နောက်ထပ်ကြိုးစားစု ကြတာပေါ့။ !LOL. !PIZZA. !LUV

Without geometry...
Life is pointless.

@nayhlaingsoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

နောက်ဆို ဒီလိုတောင် ရလောက်ပြီ
" ညနေခင်းလေး ဘော်ဒါတွေနဲ့ ဘီယာလေး သောက်ချင်လို့ ခု post လေးကို vote ပေးပါဦး "
လာထား၊ ဒါပဲ။
!PIZZA

အယ်လဲ့... beer သောက်ဖို့ Vote လေးမစပါပေါ့.... ပီဇာ စားချင်လို့ vote လေးတချက်လောက်....!PIZZA. !LOL. !LUV

Introspection sucks
If you think about it.

@donjaun, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

ကြိုးစားနေတုန်း အကိုရေ
!PIZZA
!LOLZ

Frankenstein lost a body building competition
He misunderstood the objective.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

အောင်မြင်ပါစေ !LOL. !PIZZA. !LUV

I wish I could clean mirrors for a living.
It's just something I can see myself doing.

@naythan, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

ဖတ်ရတာအားရှိလိုက်တာ။ တစ်နေ့တစ်ပုဒ်တော့ မှန်မှန်တင်နိုင်အောင် ကြိုးစားနေပါတယ်။

အောင်မြင်ပါစေ. !LOL. !PIZZA. !LUV

Yesterday a clown held a door open for me.
I thought it was a nice jester.

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

ကြိုးစားနေဆဲပါပဲ !PIZZA

အောင်မြင်ပါစေ. !PIZZA. !LUV. !LOL

ကိုဒွန်ပြောသလို ပါဝါများများနဲ့ vote ပေးဖို့ HP လေးတွေစုကြစို့ 😀။

ခုချိန်တော့ အားမလို အားမရ ဖြစ်နေလိမ့်မယ်။ အရှိန်မပျက်သာ သွားပါ။ အချိန်က စကားပြောပါလိမ့်မယ်။ !LOL. !PIZZA. !LUV

ကိုယ်တွေကတော့ ဖြည်းဖြည်းမှန်မှန်ချီတက်နေလျှက်ပါ။
!PIZZA
!LOLZ

I've just written a song about a tortilla.
Well, it is more of a rap really.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

အရေးကြီးတာ ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့ပဲ... !LOL. !PIZZA. !LUV

မြန်မာတွေထဲမှာတော့ ကြိုရောက်နေသူ ဖြစ်သလို အကျိုးအမြတ်လည်း ရနေပါပြီ။
HIVE နှင့်အတူ ဆက်လက်ရှင်သန်ကြပါစို့
!PIZZA

ဝမ်းသာရပါ၏။ Hive On.... !PIZZA. !LOL. !LUV

တကယ်ကို အားရစရာပါပဲ လိုက်မမှီသေးပေမယ့် ကျန်မနေခဲ့စေရဘူး ကြိုးစားလျက်ပါဗျာ။ !LOLZ ပီဇာမရှိလို့ပါဗျာ။

Why didn’t the teddy bear want dessert?
He was stuffed.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped ong.aye.myat.mon (x1)
kachinhenry tipped nweoomon (x1)
naythan tipped kachinhenry (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped naythan (x1)
@nyinyiwin(6/10) tipped @kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped princekham (x1)
kachinhenry tipped golden.future (x1)
kachinhenry tipped nayhlaingsoe (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped donjaun (x1)

Learn more at https://hive.pizza.

ကြိုရောက်နေနှင့်သူတွေဆီက နည်းလမ်းများ ဆင့်ပွားရရှိပီးသကာလ !PIZZA