Hive Power နှင့် ဝမ်းသာစရာ စိတ်မကောင်းစရာ ( Henry Aung )

in HIVE-MYANMAR2 years ago

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive platform နှင့် ပတ်သက်၍ ဝမ်းသာစရာများ တွေ့နေရသလို စိတ်မကောင်းစရာတွေလည်း တွေ့နေရပါသည်။ ဝမ်းသာစရာကတော့ ကျွန်တော်တို့ Hive Power စုရန် ယခင်ကလောက် မခက်ခဲတော့ ခြင်း ဖြစ်ပါသည်။

D.Buzz မှ ပုံ တင်လိုက် လျင်လည်း 1$ မရတောင် အနည်း ဆုံး ပြား ၅၀ လောက်တော့ရသည်သာ။ အခြားသော Community မှ post တင်လျင်လည်း အနည်းဆုံးဘဲဥတော့ ကွဲသည်သာ။

ထို့နောက် ဂိမ်းဆော့ သူများကတော့ မိမိတို့ ဆော့ သော ဂိမ်းအကြောင်း အင်္ဂလိပ် လိုရေးတင်လိုက်လျင် အနည်းဆုံးတော့ 3$ လောက်ရသည်သာ။ ဤသည်မှာ ဝမ်းသာစရာ ဖြစ်ပါသည်။

ယခင်က ကျွန်တော်တို့မှာ Hive Power စုရန် အတွက် Hive Platform တခုတည်းသာရှိခဲ့ပါသည်။ ယခုတော့ ရွေးစရာ အများအပြား။ အဲ စိတ်မကောင်းစရာ ကောင်းသည်က ယခင်က ကျွန်တော်တ်ု့သည် Hive Power စုရန် တခုတည်းကိုသာ အာရုံစိုက်ခဲ့ရပါသည်။

ယခုတော့ Hive Power အပြင် token များကလည်း များလိုက်ပါဘိခြင်း။ ထွက်လာသမျှ token များကလည်း မြန်မာကျပ်ငွေဖြင့် တွက်လျင်တော့ သူ့တန်ဖိုးနှင့်သူ ရှိနေသည်သာ ဖြစ်၍ ဟိုဟာလည်း လိုချင် ဒီဟာလည်း လိုချင်။

အဓိကအားဖြင့် ဤ Hive Engine token အတော်များများသည် ယခုနှစ်မှ စတင် ထွက်ပေါ်လာသည် ဖြစ်ရာ နောက် ၂ နှစ် ၃ နှစ် ဆိုလျင် အတော် ခရီးပေါက် တော့မည့် token များ ဖြစ်ပါသည်။ အထူးသဖြင့် Blogging token များဖြစ်ပါသည်။

အထူးသဖြင့် CCC နှင့် Archon တို့က အတော်လေးပြင်ဆင်နေကြသည်ကို တွေ့ရပါသည်။ ဆိုတော့ ကျွန်တော်တို့ကလည်း ရလာသည့် Hive နှင့် လိုချင်နေသော token များအား မကာမိပါ။ ဤကြားထဲ Hive power ကလည်း စုရအုံးမည်ဆိုတော့။ ဤသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။

ယခုတလော Ecency လေးအားကိုကာ Post များ မပြတ်ရလေအောင် တင်နေပါသည် ဆိုကာမှ သူ့မျက်နှာကြည့်နေရသေးသည်။ သူ့ Platform မှ post မတင်လျင် vote မပေးပါ။ သူ့ Platform ကတင်ပြန်တော့လည်း လာပေးချင် ပေးသည် မပေးချင်ပြန်တော့လည်း ၂ ရက် ၃ ရက် စောင့်ပေရော့။

Ecency အားကိုးရသည်ကလည်း ယောက္ခမ အိမ်ရောက် သော သမက်ကဲ့သို့ ဘယ်သွားသွား ဘာလုပ်လုပ် သူ့မျက်နှာကြည့်နေရသည်။ မည်သို့ပင် ဆိုစေ Hive platform ကတော့ဖြင့် အရှိအဟုတ်ဖြင့် ဆက်သွားနေပါသည်။

၂၀၂၂ တွင် ထွက်လာမည့် Project အများအပြားကလည်း စောင့်နေကြပါသည်။ ဤ တွင် မိတ်ဆွေများအား တခုသတိပေးလိုပါသည်။ ယခု ကျွန်တော်တို့ စုနေကြသော Blogging token ဖြစ်စေ / Gaming token ဖြစ်စေ Hive Blockchain အား အမှီပြုကာ ထုတ်လုပ်ထားကြသော token များ ဖြစ်ပါသည်။

မိမိက Gaming မှ reward ရသည်ဆိုကာ သာယာမနေပဲ Hive Power အား မဖြစ်မနေစုစေလိုပါသည်။ Gaming ဆိုသော နည်းပညာမှာ အမြဲတမ်း အသစ်အသစ် တို့သာ ထွက်လာကြသည် ဖြစ်ရာ ပိုကောင်းတယ်ဟေ့ reward ပိုရတယ်ဟေ့ ဆိုသော games အသစ်များ ထွက်လာလျင် အားလုံး စုပြုံတိုးကြမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် Hive Blockchain တွင် အမှီပြုနေသမျှကာလပတ်လုံး မိမိထံတွင် လုံလောက်သော Hive Power ရှိထားရန် လိုပါလိမ့်မည်။ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့သည့် အတိုင်း Hive Blockchain ၏ အသက်သည် Hive Power သာ ဖြစ်ပါသည်။ Hive Power သည် ပင်မ ကြီးသာ ဖြစ်၍ ကျွန်တော်တို့ ဆွတ်ယူ စားသုံးရမည်မှာ သူ့ထံမှ ထွက်လာ သော အစွယ် အပွား များဖြစ်ပါသည်။

Henry Aung ( Kachin )

29/10/2021 - Friday - 17 ; 40 Pm

Sort:  

ဟုတ်တယ်အကိုရေ ရွေးရခက်နေတယ်
airdrop လေးပေးနေတော့ token ကဝယ်စုချင်နေရော
game ထဲလဲပြန်ထည့်ရဆိုတော့ မလောက်ဘူး
!PIZZA

အသစ်ထွက်လာတဲ့ token တွေကလည်း လိုချင်စရာ တွေကြီးပဲကိုး...လို့။ !PIZZA

Thank you for your advice.

You are Welcome... !PIZZA

စာရေး ပိုစ့်တင်ယုံပဲလုပ်တတ်တယ်။

အဲဒါ အကောင်းဆုံး .... ခေါင်းမစားဘူး...!PIZZA

ခုချိန်မှာတော့ ပါဝါကိုသာ အဓိကထားနေရတာပါ အကောင့်သေးလေးဆိုတော့ ဂိန်းလိုင်းကို မရင်းနှီးနိုင်သေးဘူးဗျ။😁

Power ကိုသာ စုပါလေ....အချိန်တော့ ပေးရမှာပေါ့။ !PIZZA

ဟုတ်တယ်ဗျို့ ကိုဟင်ပြောမှ သတိထားမိတယ် အဓိက HPကိုတတ်နိုင်သလောက်စု ဂိန်းကရတာကိုလဲ hp ချိန်းစုလို့ရတာပဲ။ !PIZZA

သေချာ တွေးကြည့်ရင်... Game တွေက သူ့ဆီက ရတဲ့ reward တွေကို သူ့ Game ဆီပဲ ပြန်ရောက်အောင် လုပ်ထားကြတာ များတယ်။ မက်လုံးပေးထားတာပေါ့။ !PIZZA

Power ပဲ အဓိက ထားတယ်။ ဂိမ်းက စာရေး ပိုစ့်တင် ဖို့အတွက် ဆော့တာကြီး။
!PIZZA

သိပါတယ်။ မပူနဲ့ ၂၀၂၂ မှာ Dcrops လို game တွေ အများကြီး ထွက်လာအုံးမှာ....!PIZZA

အစွယ်အပွားတွေကတော့ ရသလောက်လေးယူနေရပါတယ်။
Power up တာကတော့သီးသန့်မလုပ်ဖြစ်သေးပါ။
လောလောရသမျှ Reward လေးကိုတော့ ဂိမ်းထဲမှာ
ရင်းနှီးနေပါတယ်။ ဂိမ်းကရတဲ့အမြတ်ကိုမှပဲ Hive Power up
ရတော့မယ် ဆာဟင်ရေ.... !PIZZA

အဆင်ပြေပါစေ ညီလေးရေ... !PIZZA

ဟုတ်ပါ့အကို ခုတလော အဲ့အတွေးတွေနဲ့ ဗျာများနေရတယ် အဟုတ်ကို...။!PIZZA

အတူတူပဲ... ဟိုဟာလိုချင် ဒီဟာလိုချင်... အရူးလင်လုပ်ရသလိုပေါ့။ !PIZZA

Hive power သာ စုနေပါတယ်ဗျာ။
!PIZZA

Hive Power သာ အရေးကြီးဆုံးပါ။ !PIZZA

ရတာနဲ့ ရဂ်းမလောက် ဖြစ်နေတာ

အတူတူပဲ... ဟိုဟာလိုချင် ဒီဟာလိုချင်... အရူးလင်လုပ်ရသလိုပေါ့။ !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)

Learn more at https://hive.pizza.

Downvoted due to @hakeemshah96's insincere copy-paste spam compliments.

Downvoted due to @hakeemshah96's insincere copy-paste spam compliments.