ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၁ -၂ ) ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ ယခု တလော Covid-19 ၏ ဂယက်များနှင့်အတူ ကျွန်တော်တို့ cryptocurrency များကလည်း အတော်အတန် ငြိမ်သက်နေသည်ဟု ပြော၍ ရပါသည်။ Cryptocurrency လောကတွင် ကြီးကြီးမားမား ဂယက်ထခြင်း မရှိသေးပါ။ အားလုံး ရေလိုက်ငါးလိုက်ဖြင့် စီးမျှော နေကြသည်ဟု ထင်ပါသည်။

ကျွန်တော်တို့ ၏ Hive ကလည်း ငြိမ်ချက်သား ကောင်း နေဆဲ။ မည်သို့ပင် ဖြစ်စေ Cryptocurrency များက သူတို့ အလုပ် သူတို့ လုပ်ကြမည် ဖြစ်သလို ကျွန်တော်တို့ကလည်း မိမိတို့ အလုပ် မိမိတို့ လုပ်နေရန်သာ လိုပါသည်။ အချိန်တန်လျင် အကျိုးထူးလာပါလိမ့်မည်။ ကဲ.... ယခု တဖန် ကျွန်တော် အခန်းဆက်ရေးသားခဲ့သော Freemason တို့ အကြောင်း ဆက်လိုက်ကြပါအုံးစို့။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၁ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော် ဤ ရှေ့ခေတ် အကြောင်းအရာတို့အား ရေးသားရန် စိတ်ကူးမိကတည်းက ဤအရာ သည် လေ့လာ၍ မဆုံးနိုင်သော ၊ မြစ်ကို အလျားလိုက် ကူးရသကဲ့ သို့ရှိမည်ကို သိပြီး ဖြစ်ပါသည်။ ကျွန်တော်၏ ဗီဇ အတိုင်း တခုခုကို သိချင်ပြီဆိုလျင် စိတ်ကျေနပ်မှုမရမခြင်း ရေဆုံရေဖျား လိုက်လေ့ရှိရာ ယခုလည်း လေ့လာ၍ မဆုံး နိုင်သေးပါ။

အသစ်အသစ်သော လေ့လာစရာများသာ ထပ်တွေ့နေရပါသည်။ ကျွန်တော်ရေးသားသော ဤဆောင်းပါးပါ အကြောင်းအရာများ သည် ကိုယ်တိုင်ကွင်းဆင်းလေ့လာထားချက်များ မဟုတ်ပါ။ အခြားသူငှာများ ရေးသားထားသော ဆောင်းပါး၊ စာအုပ်စာတမ်းများ ၊ documentary များကြည့်၍ မိမိအမြင်ဖြင့် ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါသည်။

မိမိအနေဖြင့် သမိုင်းသုတေသီလည်း မဟုတ်သလို ကျွမ်းကျင်သော သိပ္ပံပညာရှင်လည်းမဟုတ်သော ကြောင့် မိမိလေ့လာနေသော ဗဟုသုတအား သာမန်အမြင်ဖြင့်သာ မျှဝေလိုရင်းဖြစ်ပါသည်။ ယုံကြည်သည် မယုံကြည်သည်ကတော့ စါဖတ်သူတို့ ၏ အမြင်နှင့် အတွေးတွင်မူတည်ပါသည်။

ဤ လျို့ဝှက်သော အသင်းအဖွဲ့ အကြောင်းရေးသားရာတွင် ဦးစွာ ဘေဘီလုံ မှစရမည်ဟု ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤလျို့ဝှက်သော အသင်း Freemason ဟု မဖြစ်ခင် " လျို့ဝှက်သော ဘေဘီလုံ ညီအစ်ကိုများ အဖွဲ့ " ဟူ၍ ခေါ်ဝေါ်ခဲ့ကြ၍ ဖြစ်ပါသည်။

Babylon ဟု ခေါ်လိုက်သည်နှင့် ကျွန်တော်တို့ ရင်းနှီးသော စကားလုံးမှာ " ဟမ်မူရာဘီ ကိုဒ ဥပဒေ " ဖြစ်ပါလိမ့်မည် ။ ဤတွင် လက်ရှိ မြေပုံဖြင့် ပြရလျင် ဘေဘီလုံမြို့ မှာ အီရတ်နိုင်ငံ ဘက်ဂဒက် မြို့ ၏ တောင်ဘက် တွင် ရှိ၍ တချိန်က အလွန် ကြီးကျယ်ခမ်းနားခဲ့သော မြို့ပြတခု ဖြစ်ကြောင်း သမိုင်းသုတေသီတို့ကပြဆိုခဲ့ပါသည်။

Babylon Hanging City ဆိုသည်မှာ အဆောက်အဦးများတွင် သစ်ပင်ပန်းမံများ နှင့် မြို့ အတွင်းသို့ မြစ်ချောင်း တူးမြောင်းများ သွယ်တန်းယူကာ လှပသော ၊ စနစ်ကျသော မြို့ပြတခုဖြစ်ခဲ့ကြောင်း သမိုင်းသုတေသီတို့က ဆိုခဲ့ပါသည်။ ဤသည်ကာ ဘေဘီလုံမြို့။ လက်ရှိအနေဖြင့် ဘေဘီလုံ မြို့ဟူ၍ ပြစရာမရှိတော့သော်လည်း ကြီးကျယ်ခမ်းနားသော ထိုမြို့ရှိခဲ့သည်ကတော့ သေချာပါသည်။

BC 2300 ခန့်က တည်ဆောက်ခဲ့သော ထိုမြို့ပြ အကြောင်းကို ပြောရလျင် ဘေဘီလုံ မြို့အား ဦးစွာ တည်ထောင်သူ Nimrod ဟူသော ဘုရင်မှ စရမည်ထင်ပါသည်။ သူ့ကိုယ်သူ နတ်ဘုရား အဖြစ်ကြေညာ၍ Babylon မြို့အား အုပ်ချုပ်ခဲ့သူ ဖြစ်သည့် အပြင် နှောင်ကာလတွင် ဖြစ်ပေါ်လတ္တံ့သော ဘေဘီလုံ ညီအစ်ကိုများ၏ အစဦးဟုလည်း ထင်ပါသည်။

ဤအကြောင်းအရာများ ရေးသားရလျင် ခရစ်ယာန် သမ္မာကျမ်းစာများနှင့် နှိုင်းယျှဉ်ရေးသားရမည် ဖြစ်သဖြင့် ဤဘေဘီလုံ အကြောင်းအရာတခုတည်းကပင် စာအုပ်တအုပ်ရလောက်ပါသည်။ ထားပါ။ ဆိုခဲ့သည့် အတိုင်း Nimrod သည် ဘုရားအားဆန့်ကျင်၍ သူကိုယ်တိုင် ဘုရားအဖြစ်ကြေညာလိုက်ကတည်းက ထာဝရဘုရားအား ဆန့်ကျင်ဘက် ဖြစ်သွားသည်ကိုမှတ်သားထားစေချင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် နှောင်ဖေါ်ပြရမည် ဖြစ်သော ဤ Freemason တို့၏ ကိုယ်းကွယ်ရာ ယုံကြည်ရာတို့ နှင့် ဆက်စပ်သွားရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘေဘီလုံအား ဤမျှနှင့်သာ ရပ်ထားပါမည်။ နောက် ဘေဘီလုံ ထက်စော သော အီဂျစ် ဖာရိုမင်းဆက်များ ။ အီဂျစ် တို့ အကြောင်းပြောရလျင် Giza Pyramid အကြောင်းမပါ၍ မပြီးပါ။ ဤ အီဂျစ် တို့ကလည်း နတ်ဘုရား များအားသာ ကိုးကွယ်ကြပါသည်။

အကြမ်းအားဖြင့် နတ်ဘုရားဟုသာ ဆိုပါသည်။ သမ္မာကျမ်းစာနှင့် ယှဉ်ရေးသားလျင် စာလေးမည် စိုးသောကြောင့် ချန်လှပ်ထားခဲ့ပါမည်။ အီဂျစ်တို့ ပြုလုပ်ခဲ့ကြသော မြို့ပြများ ခမ်းနားမှုတွင် ပီးရမစ် များ တခုအပါအဝင် ဖြစ်ပါသည်။ ထုထည်ကြီးမားသော စကျင်ကျောက်များအား ခုတ်ထွင်း ဖြတ်တောက်၍ လူအင်အားသုံးကာတည်ဆောက်ကြကြောင်း သမိုင်းသုတေသီတို့က ဆိုကြပါသည်။

ဤ BC 4700 ခန့်ကတည်ဆောက်ခဲ့သော ပီးရမစ်များ မှာ ကျောက်တုံး တတုံးလျင် ၂.၅ တန်လေး ၍ ပီရမစ်ကြီးတခုအား အနည်းဆုံး ကျောက်တုံး ၂.၅ သန်း အသုံးပြုခဲ့ကြောင်း သိရပါသည်။ ဤသည်က အီဂျစ် ရှိ ပီးရမစ်။ ကျွန်တော် ပြောလိုသည်က ယခုမှ လာပါမည်။ နည်းပညာ။

ခရစ်တော်မပေါ်မှီ လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်က အဆောက်အဦး တည်ဆောက်ပုံ မြေနေရာယူပုံ ၊ မြို့ပြ တည်ဆောက်ပုံ ၊ စကြာဝဋ္ဌာ နှင့် ဆိုင်သော ဂြိုလ်သွားဂြိုလ်လာများ တွက်ချက်ပုံ ၊ သင်္ချာ နည်းပညာ ၊ တြိဂံ စက်ဝန်း စက်လုံးတို့၏ တိုင်းထွာတွက်ချက်ပုံ ၊ ကျောက်တုံး ကျောက်ခဲများအား မိမိတို့လိုချင်သော ပုံပန်း ရရှိအောင် ထုထွင်းယူတတ်သော ကျောက်ဆစ်ပညာ စသည် စသည် တို့သော နည်းပညာများ အဘယ်ကရရှိကြပါသနည်း။

မိမိတို့ လက်ရှိသုံးနေသော သင်္ချပညာများမှာ ဂရိတို့ တီထွင်ထားသော နည်းပညာဖြစ်ပါသည်။ ဘေဘီလုံ နှင့် အီဂျစ်တို့ထက် များစွာ နောက်ကျပါသည်။ အံ့သြဖွယ်ကောင်းလောက်အောင် ခမ်းနားသော မြို့ပြတည်ဆောက်ရာတွင် ဤသို့သော တွက်ချက် ထုဆစ်သည့် နည်းပညာမပါလျင် မဖြစ်နိုင်ပါ။

ထို့ အတူ ယနေ့ခေတ် ဆေးသိပ္ပံပညာက အီဂျစ်တို့ ၏ အလောင်းကောင်အား မပုပ်မပွအောင်ထားသော မံမ္မီ အတတ်အား မဖြေရှင်းနိုင်သေးပါ။ ယနေ့ခေတ် မပုပ်စေရန် ဆေးစိမ်ရပါသည်။ အီဂျစ်တို့ ဆေးစိမ်စရာမလိုပါ။ ထို့ အတူ တည်ဆောက်ခြင်း အတတ်ပညာတွင်လည်း ယနေ့ခေတ်ပညာရှင်တို့ အဖြေရှာ မရနိုင်သေးသည်မှာ အီဂျစ်တို့ စကျင်ကျောက်တုံးများအား စနစ်တကျ စီထားရုံဖြင့် နှစ်ပေါင်း သုံးလေးထောင် တည်တံ့နိုင်စေရန် စီမံထားပုံအား အဖြေရှာမရသေးပါ။

သုတေသီတို့ အဆိုအရပီးရမစ်တည် ဆောက်ထားပုံးမှာ အတွင်းပိုင်းရှိ ခန်းမများအတွက် အပူချိန် ထိန်းညှိထားယုံမက ၊ မိုးလုံ လေလုံ ဖြစ်သည့် အပြင် ငလျင်ဒါဏ် ခံနိုင်ရည် ရှိအောင် ဆောက်လုပ်ထားသည့် အပြင် စကြဝဋ္ဌာ အတွင်းရှိ ဂြိုလ် နတ်ခတ်များဖြင့် ဆက်စပ်၍ တည်ဆောက်ထားကြောင်း ဆိုကြပါသည်။

ကျွန်တော်လည်း ထိုထက်ပို၍ မရေးပြတတ်။ ယနေ့ခေတ် ကျွန်တော်တို့ သုံးသော အလွန်ခိုင်မာပါသည်ဟူသော သံ ၊ သံမဏိ ၊ ကွန်ကရစ်တို့ မှာ နှစ်တထောင် အာမမခံပါ။ ဆိုခဲ့သည့် အတိုင်း ထိုခေတ်ထိုအခါကသုံးသော နည်းပညာများ အဘယ်က ရလာပါသနည်း။ ဤ တွင် ဂြိုလ်သားများ ထံမှ အကူအညီ ရသည်၊ ဂြိုလ်သားများက လူယောင်ဆောင်၍ လူတို့နှင့် အတူ နေထိုင်ကြသည်ဟူသော ဝေါဟာရများ ပေါ်ပေါက်လာပါတော့သည်။ ဂြိုလ်သားများ ရှိမရှိ ကျွန်တော်မသိပါ။

ဤ နည်းပညာများ တတ်မြောက်ကြသူများ စည်းလုံး၍ လျို့ဝှက် အသင်း ဖွဲ့ထားခဲ့ကြပါသည်။ ထိုအသင်းသည် သူတို့ နည်းပညာများအား အသင်းသားများကိုသာ လက်ဆင့်ကမ်းကြသော အထူးလျို့ဝှက်သော အသင်း ဖြစ်၍ ယနေ့ ခေတ် Freemason ဟုခေါ်သော အသင်း၏ အစဦးကာလများ၏ အံ့ဖွယ်သော အကြောင်းအရာများ ဖြစ်ပါသည်။

အစဦးတွင် Babylon Brotherhood ဟု ခေါ်၍ အလယ်ခေတ်တွင် Knight Templar ( ဆော်လမွန် ဘုရင်၏ ဘုရားကျောင်းအား စောင့်လျှောက်သူ ) ထို့ နောက် ယနေ့ခေတ်တွင် Freemason ( လွတ်လပ်စွာ တည်ဆောက်ကြသူများ ) အဖြစ်ရပ်တည်ကြပါသည်။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၂ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော်ရေးသားနေသော Freemason ဂိုဏ်းဝင်များအကြောင်း ဆက်ပါအုံးမည်။ Freemason ဟူ၍ မဖြစ်မှီက ဘေဘီလုံမြို့တွင် အစပြု၍ Babylon Brotherhood ဟု ခေါ်သော ဤ လျို့ဝှက်သော အဖွဲ့အစည်းသည် ဂြိုလ်သားများ၏ အခိုင်းအစေများဟု သမိုင်းသုတေသီ အချို့က ဆိုကြပါသည်။

ရာစု နှစ် ၊ ထောင်စု နှစ် ခေတ်အဆက်ဆက် တိုင်းနိုင်ငံ မြို့ပြများတွင် အုပ်ချုပ်သူ ( အခွင့်ထူးခံလူတန်းစား ) စီမံခန့်ခွဲသူ ( မူးမတ် ၊ သူကြွယ် ၊ ပညာရှင်များ ) အုပ်ချုပ်ခံ ( သာမန်လူတန်းစား ၊ ကျွန်များ ) ဟူ၍ ရှိကြရာ ဤ ဂြိုလ်သား များသည် ဒုတိယ စီမံ ခန့်ခွဲသူ လူတန်းစား များတွင် မထင်မရှား ဖြင့် လူအသွင်ယူကာ နေထိုင်ကြကြောင်း ထင်မြင်ယူဆသူ အများအပြားရှိပါသည်။

တခါတရံ ဤ ဒုတိယ လူတန်းစားတို့ အင်အား ကြီးလာလျင် ပထမ အုပ်ချုပ်သူ ဘုရင်အား ချုပ်ကိုင်နိုင်ပါသည်။ ယနေ့ခေတ် သမိုင်းသုတေသီတို့ ပုံဖေါ်သော ဂြိုလ်သားများမှာ ရုပ်ရှင် များတွင် မြင်တွေ့ကြရသော ခေါင်းကြီး ကိုယ်သေး မျက်လုံးပြူးပြူး ပုံစံမဟုတ်ပါ။ Reptile ဟုခေါ်သော ပုတ်တင်ညို ၊ ဖွတ်၊ ပတပ် ကဲ့သို့သော ခေါင်းရှိ၍ ကိုယ်ခန္ဓာမှာ လူ၏ အသွင်အပြင် အတိုင်းပင်ဖြစ်ပါသည်။

အချို့ သော သူများက နဂါး မျိုးနွယ် များဟု ခေါ်ကြသော်လည်း ကျွန်တော်ကတော့ ဂြိုလ်သားဟု သုံးနှုန်းရသည်ကို ပိုသဘောကျပါသည်။ နဂါးဟု ဆိုရာတွင် ကျွန်တော်တို့ အာရှ နဂါး ဖြစ်သော မြွေကဲ့သို့ ရှည်လျားသော ကိုယ်ရှိသည့် အကောင် မဟုတ်ပါ။

အာရှနဂါးသည် မြွေ နှင့်ပါတ်သက်၍ ရေတွင်နေပါသည်။ အနောက်တိုင်းသားတို့ ၏ နဂါးမှာ အတောင်ပံ ပါသော ဖွတ်ကြီးတကောင် နှင့်ပိုတူသည်ကို သတိထားမိစေလိုပါသည်။ နှောင်တွင် ဤလူယောင်ဆောင်သော ဂြိုလ်သား ၊ တနည်းအားဖြင့် နဂါး တို့အကြောင်း အကျယ်တဝင့် ဖေါ်ပြပေးပါမည်။

ဆိုခဲ့သည့် အတိုင်း ထိုဂြိုလ်သားများမှာ စီမံခန့်ခွဲသူ လူတန်းစားတွင် မထင်မရှားနေ၍ မိမိတို့ လူသားများအား ချုပ်ကိုယ်ချယ်လှယ်နေကြပါသည်။ ဤသို့ ချယ်လှယ်ရာတွင် ဤ Freemason ( ဝါ ) Babylon Brotherhood အဖွဲ့အား အသုံးချ ကြသည် ဟူ၍ အချို့သော သမိုင်း ပညာရှင်များက ယုံကြည်ကြပါသည်။

ဤသို့ အသုံးချရတွင် ထိုလျို့ဝှက်သော အသင်းအဖွဲ့အား ဂြိုလ်သားများ၏ နည်းပညာ အချို့ကို မျှဝေ၍ ထို အသင်းအဖွဲ့မှာ အံ့သြဖွယ်သော အရာများကို ပြုလုပ်နိုင်ကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော် ၏ ယခင် ဆောင်းပါးတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်မှ ဘေဘီလုံ ၊ အီဂျစ် စသည်တို့၏ နည်းပညာ အံ့သြဖွယ် အကြောင်းဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ဤဂြိုလ်သား များ လူသားများနှင့် အတူ ရှိနေကြောင်း သက်သေ အထောက်အထားများ ရှိပါသေးသည်။ ဘေဘီလုံ ၊ အီဂျစ် ၊ ပါရှား ၊ ရောမ စသည်တို့မှာ ခရစ်ယန် သမ္မာကျမ်းစာ နှင့် တွဲဖက်၍ မှတ်တမ်းတင်ထားသဖြင့် သမိုင်းကြောင်း ရှိခဲ့သော်လည်း ဌင်းတို့နှင့် ခေတ်ပြိုင် ဖြစ်သော မာယန် အင်ပါယာ တွင်လည်း ဂြိုလ်သားတို့ ရှိခဲ့ကြောင်း သမိုင်းသုတေသီတို့ ယူဆလျက်ရှိပါသည်။

ဤ တောင်အမေရိကတိုက်၏ မုတ်သုံ တောနက်အတွင်း ထွန်းကားခဲ့သော မာယန် အင်ပါယာတွင်လည်း အီဂျစ် ကဲ့သို့ ပီးရမစ် အဆောက်အဦးများ တွေ့ရသလို ကျောက်ဆစ် အတတ်ပညာ ၊ Astrology ခေါ် နတ်ခတ် အတတ်ပညာ ၊ နာရီ ၊အချိန် တို့အား တိုင်းထွာ သတ်မှတ် သောပညာ စသည်ဖြင့် နှောင် သိပ္ပံပညာ ရှင်တို့ အံ့သြရသော အတတ်တို့ပညာ နည်းပညာ တို့မှာ အဘယ်ကရရှိပါသနည်း။

ဘေဘီလုံ ၊ အီဂျစ် ၊ ပါရှား ၊ ရောမ ၊ ဂရိ ၊ ဘိုင်ဇင်တိုင်း ၊ ထို့နောက် အင်္ဂလန် ၊ အမေရိက ၊ စသည်ဖြင့် ခေတ်များ ဆက်သွား၍ နည်းပညာများ လက်ဆင့်ကမ်းလာခဲ့ကြသည်ဟု ပြောဆိုနိုင်သော်လည်း မာယန် တို့မှာ မည်သူနှင့် မျှ ပါတ်သက်ခဲ့ခြင်း မရှိပါ။ အနှစ် ၂၀၀၀ တွင် ကုန်ဆုံးမည်ဟု ဆိုသော မာယန် တို့၏ ကျောက်ပြားတွင်ထုဆစ်ထားသော ပြက္ခဒိန်သည် နာမည်ကြီးပါသည်။

ဤ မာယန် အင်ပါယာ ပျောက်ကွယ်သွားခြင်း နှင့် ပါတ်သက်၍ မည်သူမျှ အဖြေမရှာနိုင်သေးပါ။ သမိုင်းသုတေသီတို့က ရောဂါဘယ တမျိုးမျိုကျ ရောက်၍ သော်လည်းကောင်း ၊ အစာရေစာ ရှားပါး ပြတ်လတ်၍ သော်လည်ကောင်း တဖြည်း ဖြည်း အင်အားနည်းသွားကာ ပျောက်ကွယ်ခဲ့ရသည်ဟု မှတ်ယူကြပါသည်။

အချို့ကလည်း ဂြိုလ်သားတို့၏ နည်းပညာဖြင့် အာကာသ ယျဉ်များ တီထွင်ကာ အခြားဂြိုလ် ပေါ်သို့ ပြောင်းရွှေ့သွားကြောင်း ထင်မြင်ချက်ပေးကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်ရှိနေခဲ့သော မာယန်တို့၏ အဆောက် အဦးများတွင် ယျဉ်ပျံ အမျိုးမျိုးတို့၏ ပုံများ ထုဆစ်ထားခဲ့ကြ၍ ဖြစ်ပါသည်။ နှောင် အလျင်သင့်လျင် မာယန်တို့ ၏ အံ့သြဖွယ်ရာ မြို့ပြအကြောင်း ဖေါ်ပြပေးပါမည်။

ဆိုခဲ့သည့် အတိုင်း Babylon Brotherhood ခေါ် လျို့ဝှက်သော အဖွဲ့ အစည်း ဖြစ်သည့် ဤအဖွဲ့သည် ဂြိုလ်သားများ၏ နည်းပညာရရှိသူများ ဟုတ်မဟုတ်တော့ မိမိလည်း မသိနိုင်ပါ။ ဤ Babylon brotherhood အဖွဲ့သည် ခေတ်များ အမျိုးမျိုး ပြောင်းသွားသော်လည်း ဤ အဖွဲ့မှာ ပျက်စီးပျောက်ကွယ် သွား ခြင်း မရှိပါ။ အီဂျစ် ၊ ဘေဘီလုံတို့မှာ သမ္မာကျမ်းစာခေါ် ဂျူးလူမျိုးတို့ ၏ သမိုင်းကြောင်း နှင့် ဆက်စပ်လျက်ရှိရာ ထိုခေတ်ထိုအခါ၏ ကိုယ်ကွယ် ယုံကြည်ရာအား အနည်းငယ်သိထားရန် လိုအပ်မည်ဟု ထင်ပါသည်။

ဂျူးတို့၏ သမ္မာကျမ်းစာ အရ ထာဝရဘုရား တပါးတည်းရှိပါသည်။ ဂျူးတို့၏ ထာဝရဘုရားသည် အာဒမ်နှင့် ဧဝဟူသော လူယောကျားနှင့် လူမိန်းမတို့ ဖန်းဆင်းသည်မှ စ၍ နတ်ဆိုးစတင် ပေါ်လာပါသည်။ တားမြစ်ထားသော အသီးအား စားရန် သွေးဆောင်သူမှာ Satan ခေါ် နတ်ဆိုး ဖြစ်ပါသည်။

နတ်ဆိုးက အဘယ်ကဲ့သို့ သွေးဆောင်ပါသနည်း။ ထို တားမြစ်ထားသော အသီးကို စားလျင် ညာဏ်အလင်းပွင့်လာမည် ၊ ကိုယ်တိုင် ထာဝရအသက်ကိုရ၍ ဘုရားကဲ့သို့ ဖြစ်လာမည်။ အဘယ့်ကြောင့် ထာဝရဘုရားက လူတို့အား ဖန်ဆင်းစဉ် နတ်ဆိုးရှိနေရပါသနည်း။ ဤတွင် သမ္မာကျမ်းစာ အား အကျယ်ချဲ့၍ ရေးသားရမည် ဖြစ်၍ Freemason နှင့် မဆိုင်သော အကြောင်းအရာများ ဖြစ်သွားပါလိမ့်မည်။

ကျွန်တော်၏ တထွာတမိုက်ခန့်သာရှိသော ညာဏ်နှင့် အတိုခံျု့၍ ရှင်းပြပါမည်။ အစဦးတွင် ထာဝရဘုရားသခင်နှင့် ကောင်ကင်တမန်တို့သာ ကောင်းကင်ဘုံဟုခေါ်သောနေရာတွင် ရှိနေကြပါသည်။ ထို ထာဝရဘုရားတွင် ညာလက်ရုံး Michael ( မိုက်ကဲလ်) နှင့် ဘယ်လက်ရုံး Lucifer ( လူစီဖာ ) ဟူ၍ ရှိပါသည်။

နှစ်ဦး စလုံး ကောင်းကင်တမန်များ ဖြစ်၍ ထာဝရဘုရားအား ခစားရပါသည်။ Lucifer သည် ထာဝရဘုရားအား တုပြိုင်လာသဖြင့် Michael နှင့် စစ်ပြိုင်ရပါသည်။ Michael ဘက်တွင် ထာဝရဘုရားရှိသဖြင့် Lucifer စစ်ရှုံး ပါသည်။ ထို့နောက် ထာဝရဘုရားက Lucifer အား ငရဲပြည်သို့ ပို့လိုက်ပါတော့သည်။ ဆက်ပါဦးမည်။ လူသား အစတွင် ဧဝအား တားမြစ်ထားသော အသီးအားစားရန် သွေးဆောင်သူမှာ ဤ Lucifer ခေါ် Satan ဖြစ်ပါသည်။

လူသား အထီးနှင့် အမ တို့သည် ထာဝရဘုရား ထံတွင် အပြစ်ပြုလုပ်မိပြီ ဖြစ်သဖြင့် ဧဒင် ဥယျဉ်မှ နှင်ထုတ်ခံရပါသည်။ သို့သော် အပြီးအပိုင် စွန့်ပြစ်လိုက်သည်တော့ မဟုတ်ပါ။ ထာဝရဘုရားအား ယုံကြည်ပါ။ ကိုးကွယ်ပါ။ အသက်သာကုန်ဆုံးခြင်း၏ အခြားမဲ့၌ ကောင်ကင်ဘုံသို့ ခေါ်ယူပါမည် ဟု ကတိပြုပါသည်။

သို့သော် ပွားများလာသော လူသားတို့သည် အားလုံး ထာဝရဘုရားအား ယုံကြည်ပါသလော။ မယုံပါ။ အချို့က Satan ခေါ် Lucifer အား ကိုးကွယ်ကြ၍ အချို့က ထာဝရဘုရားအား ကိုးကွယ်ပါသည်။ ထို့ကြောင့် ဤသက်ရှိလောက လူသားများ စသည်နှင့် ဘုရားက ကောင်ကင်ဘုံတွင် လူများအောင် လုပ်ဆောင်ရသလို Lucifer ကလည်း ငရဲပြည်တွင် စည်ကားစေရန် သွေးဆောင်ပါသည်။

ဤလောက သည် ဘုရား နှင့် နတ်ဆိုး အားပြိုင်ရာနေရာဖြစ်ပါသည်။ ဤတွင်စကားကတ်၍ ထာဝရဘုရားက အဘယ့်ကြောင် Lucifer အား ကိစ္စတုံးအောင် တခါတည်း မစီရင် လိုက်သနည်းဟု မမေးပါနှင့် ။ ဘုရားနှင့် ဆိုင်သော ကိစ္စဖြစ်၍ ကျွန်တော်လည်း မသိပါ။

ဂျူးတို့၏ ဓမ္မဟောင်း ဟုခေါ်သော ကျမ်းစာအား ဖတ်ကြည့်လျင် ထာဝရဘုရားက ဂျူးတို့အား ဆုံးမပုံ ၊ စကားနားမထောင်၍ ဒါဏ်ခတ်ပုံ ၊ ဂျူးတို့ကလည်း ခေါင်းမာ၍ Satan နတ်ဘုရားအားသာ ကိုးကွယ်ကြပုံ ၊ ခေတ်အဆက် ထာဝရဘုရားက ပရောဖက်ဟု ခေါ်သော တမန်တော်များ စေလွတ်၍ ဆုံးမပုံ စသည်တို့ သာ အများဆုံး ဖတ်ရပါလိမ့်မည်။

သမ္မာကျမ်းစာမှာ စိတ်ဝင်စားစရာအပြည့် ဖြစ်ပါသည်။ ဂျုးတို့၏ ထာဝရဘုရား မှစ၍ ပရောဖက် အသီးသီး မိန့်ဆိုခဲ့သော အကြောင်းအရာတို့သည် ယနေ့ခေတ် ဂျူးတို့၏ အစ္စရေး နိုင်ငံ ပေါ်ပေါက် လာသည်အထိ ပြီးပြည့်စုံသလို အနာဂါတ် ဟောကိန်းဖြစ်သော ယနေ့ခေတ် အင်္ဂလန်နှင့် ဥရောပ ၊ အမေရိကန် နိုင်ငံတို့ ပေါ်ပေါက်လာပုံအထိ ကျမ်းစာ ခန့်မှန်းချက် မှန်ကန်လျက်ရှိပါသည်။

ဤ ဆောင်းပါးမှာ သမ္မာကျမ်းစာ အကြောင်း ရေးသားရန် မဟုတ်သော်လည်း ဤ Freemason ဟု ခေါ်သော လျို့ဝှက်သော အသင်းအဖွဲ့သည် Satanic ( ဝါ ) Luciferian ဟု ခေါ်သော နတ်ဆိုး ကိုယ်ကွယ်သူများ နှင့် အများ ကြီးပါတ်သက်နေ၍ ဖြစ်ပါသည်။

ကျွန်တော့အား အဘယ့်ကြောင့်ဤ Freemason အဖွဲ့ အား မတရား စိတ်ဝင်စားရပါသနည်း ဟု မေးလျင် ဤ အဖွဲ့သည် ဘုရား၏ ဆန့်ကျင်ဘက် ဖြစ်သော နတ်ဆိုးကိုးကွယ်သူများ ဖြင့် ပါတ်သက်နေသလို ဂြိုလ်သား များ နှင့်လည်း ပါတ်သက်နေသည့် အပြင် ယနေ့ မျက်မှောက်ခေတ် သူတို့ ပုံဖေါ်နေသော လောကတခု ၊ ငွေကြေးတခု ၊ ကိုးကွယ်ရာတခု ၊ အုပ်ချုပ်သူ တခု ၊ မီဒီယာ တခု ဟူသော New World Order များနှင့် ဆက်စပ်တွေးမိသောကြောင့် ကျွန်တော့ အနေဖြင့် စိတ်ဝင်စားရကြောင်း ပြန်ဖြေပါမည်။ ကိုးကွယ်ရာ ဟု ဆိုရာတွင် သူတို့ ပုံဖေါ်နေသော ကိုယ်းကွယ်ရာ သည် စိတ်ဝင်စားစရာကောင်းလှပါသည်။

Henry Aung ( Kachin )

H1.jpeg

Sort:  

တစ်ကယ်တော့ ကျွန်တော်တို့လည်း ငွေကြေးခေတ်သစ်တည်ဆောက်ရာမှာ ပါဝင်နေကြသူများ မဟုတ်ပါလား

အမှန်ပါပဲ ကိုဟိန်းရေ.... ခေတ်သစ် ငွေကြေး ကို ဖန်တီးကြသူများပေါ့။

မင်းသိင်္ခ ဝတ္ထုတွေမှာ ဖရီးမေဆင်ဂိုဏ်းနဲ့ ပတ်သက်တာလေးတွေတော့ ဖတ်ဖူးတယ်အစ်ကိုရေ..
ခုလိုတစ်ဝကြီးဖတ်ရလို့ ကျေးဇူးပါဗျာ

ကျေးဇူး အများကြီး တင်ပါတယ်။ အပိုင်းလိုက် ထပ်တင်ပေးပါ့မယ်။

သူတို့အကြောင်းအရာတွေက စိတ်ဝင်စားစရာကောင်းတယ်။
မံမီတို့ ပိရမစ်အကြောင်းတွေ ရုပ်ရှင်ရိုက်ထားတာကိုကြည့်ရတာလဲ
စိတ်ဝင်စားစရာ။

အမှန်တော့ New World Order ကို အပြည့် အစုံ ရေးရမှာ တဝက်တပျက်နဲ့ ထားခဲ့ရတာ။