ကျွန်တော်ခရီးသွား - အပိုင်း ( ၁၂ ) ( Henry Aung )

in HIVE-MYANMARlast year (edited)

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် မလေးရှား ရောက်နေသည်မှာ ကြာလာပြီ ဖြစ်သဖြင့် မလေးရှား ကွာလာလမ်ပူရှိ နောက်ထပ် တောင်ပေါ်မြို့ကလေးဖြစ်သော Damansara ဟူသော မြို့ကလေးသို့ ပြောင်းနေဖြစ်ပါသည်။ ယခုနေရသည့် အခန်းကတော့ ကွန်ဒို မဟုတ်ပါ။ Studio Apartment ဖြစ်ပါသည်။

ဤ အခန်းအမျိုးအစာတွင်လည်း အိမ်သာ ရေချိုးခန်း / မီးဖိုဆောင် နှင့် အိပ်ယာ ကုတင် / ထမင်းစား စားပွဲတလုံး တီဗီကြည့်ရန် ဆိုဖာခုံရှည် နှင့် တီဗီ တလုံး စသည်တို့သာ ပါဝင်ပါသည်။ အနည်းငယ်ကျဉ်းသော အခန်းဖြစ်ကာလေဝင်လေထွက်တော့ အတော်လေး ကောင်းပါသည်။

ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျင် စိမ်းစိုသော တောင်တန်းကြီးအား အနီးကပ်မြင်နေရပါသည်။ ယခုတခေါက် နေရသည့် အထပ်မြင့် အဆောက်အဦး ကတော့ အထပ် ၄၀ ကျော်မြင့်ကာ ကျွန်တော်တို့ အခန်းကတော့ ၁၃ လွှာတွင်ရှိပါသည်။

(Studio Apartment / လူ နှစ်ယောက် သုံးယောက် နေရန် အတွက် အလွန်သင့်လျော်ပါသည်။)

(ပြတင်းပေါက်မှ မြင်ရသော တောင်ပေါ်ကားလမ်းနှင့် တောတန်းကြီး)

( အဝတ်လျှော်စက်များ )

အခန်းအတွင်း တွင် အဝတ်လျှော်စက်မထားပေးပါ။ တိုက်အောက် တွင် အကြွေစေ့ ထည့် အဝတ်လျှော်စက်များ ထားထားပေးပါသည်။ ယခင် ကနေရာ ထက်စာလျင် အဝတ်လျှောက်စက်မှာ အနည်းငယ် ဈေးကြီးသည်ဟုထင်ပါသည်။

တကယ်တော့ ဤကဲ့သို့သော Studio Apartments များမှာ အခြားနိုင်ငံများမှ ကျောင်းလာတက် / တက္ကသိုလ် လာတက်သည့် ကျောင်းသူကျောင်းသား များအား ငှားစားသော အခန်းမျိုး ဖြစ်ပါသည်။ တခန်းတွင် ၂ ယောက်နေရလျင် ကုန်ကျစိတ်သက်သာ သလို အတော်လေး အဆင်ပြေပါသည်။

တိုးတက်သည့် နိုင်ငံများကတော့ ပညာရေးတိုးတက်အောင်လုပ်ရင်း ထိုပညာရေးအား စီးပွားရေး တခုကဲ့သို့ လုပ်ဆောင်နေကြသည်မှာအားကျစရာ။ ဤ မလေးရှားရှိ မတူညီသော တက္ကသိုလ် များတွင်လည်း မြန်မာလူငယ် အများအပြား ပညာသင်နေကြသည်ကို လည်းသိရှိရပါသည်။စင်္ကပူ ထက်စာလျင် မလေးရှား တက္ကသိုလ် များက အနည်းငယ် သက်သာ ဟန်တူပါသည်။
ဤ ပညာရေးအကြောင်းနှင့် ပတ်သက်၍ သီးသန့် ဆောင်းပါ တပုဒ် ရေးပါအုံးမည်။

(တောင်တန်း နှင့် မြို့ပြတိုက်ကြီးများ)

(တောင်တန်း နှင့် မြို့ပြတိုက်ကြီးများ)

(တောင်ပတ်လမ်းများ နှင့် တိုက်တာကြီးများ)

ယခုတော့ Damansara မြို့ငယ်လေး အကြောင်း ဆက်ကြပါအုံးစို့။ ဤ မြို့သည် တောင်ပေါ်မြို့ကလေး ဖြစ်သည့် အလျောက် သစ်ပင်ကြီးများ မြက်ခင်း စိမ်းများ ဖြင့် အလွန် လှပနေသော မြို့ ဖြစ်ပါသည်။ မိတ်ဆွေ အနေဖြင့် တောင်ပေါ်မြို့ဟူ၍ အိမ်ပုကလေးများ တထပ်တိုက်များသာ တွေ့ရမည်ဟု ယူဆကောင်း ယူဆနေပါလိမ့်မည်။ ဟုတ်ပါသည်။

ဤ မြို့ကလေးတွင် သီးသန့် တိုက်တာများ ကိုယ်ပိုင် ခြံဝန်းများ ရှိသလို တောင်တန်းများ ကြားတွင် အထပ်မြင့် အဆောက် အဦးလည်း အများ အပြားတွေ့ရပါသည်။ ကျွန်တော်သဘောကျသော အရာတခုမှာ လမ်းလျှောက်ရန် / ခပ်ဖွဖွ ပြေးရန် အတွက် လူသွားလမ်းနီကလေးများ ဖေါက်ထားခြင်း ပင် ဖြစ်ပါသည်။

ကျွန်တော့ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း မလေးရှားတွင် မည်သူမျှ အပြင်းပြေ လမ်းမလျှောက်ကြပါ။ အားလုံး ကားစီး၍ လိုရာခရီးသွားကြပါသည်။ ထို့ကြောင့် ဘယ်အချိန်ကြည့်ကြည့် လူသွားလမ်း များမှာ လူသူ ကင်းရှင်းနေကြပါသည်။

သစ်ပင်ကြီးများရှိ သစ်ကိုင်းခြောက်များအား စည်ပင်ဝန်ထမ်းများက ရှင်းလင်းကာ ပင်စည်ခြေရင်းတွင် ပုံထားပေးပါသည်။ အမှိုက်သိမ်းကားက နောက်မှ လိုက်သိမ်းယုံသာ။ ဤသို့ အပင်ပေါ်ရှိ သစ်ကိုင်း ခြောက်များအား ကြိုတင် ရှင်းလင်း ခြင်းသည် အတော်လေး ကောင်းမွန်သော စနစ်ဖြစ်ပါသည်။

( သစ်ကိုင်းခြောက်များ စုပုံထား )


( သစ်ကိုင်းခြောက်များ စုပုံထား )

(သပ်ရပ်သော လူသွားလမ်းကလေး )

( ထန်းပင် နှင့် မြက်ခင်းပြင်ကျယ် )

( ထန်းပင် နှင့် မြက်ခင်းပြင်ကျယ် )

( သပ်ရပ်သော တောင်ပေါ်လမ်း )

ဤ သို့ရှင်းလိုက်သော ကြောင့် ကားများ / ဆိုင်ကယ်များ / လူများ အပေါ်သို့ သစ်ကိုင်းခြောက် ကျိုးကျမည့် ဘေးမှ ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါသည်။ ကျွန်တော်လည်း လမ်းလျှောက်ရင်း ထိုသစ်ကိုင်းခြောက်များအား ကြည့်ကာ မြန်မာပြည်တွင် ဆိုလျင်တော့ လု၍ ကောက်ကြမည့် သစ်ကိုင်းခြောက်များ ဖြစ်ကြောင်း တွေးမိပါသည်။ မီးက မလာတရက် ပျက်တရက် ဆိုတော့ မီးသွေး ဖိုး တရက်သက်သာ နည်းသလား။

နောက်ထပ်ကျွန်တော်သတိထားမိသော အရာတခုမှာ လျပ်စစ် စကူတာ များဖြစ်ပါသည်။ လမ်းဘေးတွင် လျပ်စစ်စကူတာ များ ရပ်ထားပေးပါသည်။ လိုအပ်၍ လမ်းလျှောက်ရသည့်တိုင် လမ်းလျှောက်စရာ မလိုပဲ စကူတာ ကောက်စီး၍ လိုရာခရီး သို့ လမ်းလျှောက်စရာ မလိုပဲ သွားနိုင်ပါသည်။

ကျွန်တော်လည်း စပ်စုလို၍ Scooter စီးသော ခရီးသည်တယောက်အား မည်သို့မည်ပုံ စီးရကြောင်း မေးကြည့်ပါသည်။ မိမိ ဖုန်း တွင် App သွင်းထားကာ စကူတာလက်ကိုင်ရှိ ဘားကုတ်အား စကင်ဖတ်၍ စီးရပါသည်။ မိမိလိုရာ ခရီးရောက်လျင် ရပ်ထား၍ ကျသလောက် ပေးလိုက်ရုံသာ။

ပြောရမည်ဆိုလျင်တော့ Touch & Go ဟူသော Mobile Wallet ဖြင့် စီးကြရခြင်း ဖြစ်ပါသည်။ လိုရာခရီးရောက်လျင် လမ်းဘေးတွင် ထိုအတိုင်း ထောင်ထားခဲ့ရုံသာ။ အဆင်ပြေလိုက်သည် ဖြစ်ခြင်း။

( လမ်းဘေး ရပ်ထားသော Scooter များ )

( Scan ဖတ်ရန် ဘားကုဒ် နှင့် Google Map အသုံးပြုရန် အတွက် ဖုန်း ထည့်ထားရန် casing )

( လမ်းဘေး ရပ်ထားသော Scooter များ )

( လမ်းဘေး ရပ်ထားသော Scooter များ )

ကျွန်တော်က လမ်းလျှောက်ခြင်းကို သဘောကျသူ ဖြစ်သော ကြောင့် စကူတာ စီးရန် စိတ်ကူးမရှိပါ။ သို့သော် ဤကဲ့သို့သော လျပ်စစ်စကူတာများအား လမ်းဘေးတွင် ချထားပေးကာ စီးပွားရေး လုပ်နေသူများအား အားကျမိပါသည်။

လမ်းဘေးတွင် ရပ်ထားသော်လည်း မည်သူမျှခိုးယူ မသွားကြခြင်းကို မအံ့ဩတော့ပါ။ အဘယ်ကြောင့် ဆိုတော် မိမိမကြိုက်သော ကားအား လမ်းဘေးတွင် ထိုးရပ် ပြစ်ထားနိုင်သော နိုင်ငံတွင် စကူတာ တစီးအတွက် မည်သူမျှ နာမည်ပျက်ခံမည် မဟုတ်ပါ။ ထိုစကူတာများအား ဝန်ထမ်းတယောက်က ဆိုင်ကယ်တစီးဖြင့် တပတ်တခါ ဘက်ထရီ လိုက်လဲပေးသည်ကို တွေ့ရပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

25 / 11/ 2022 - Friday - 16;04 Pm ( KL )

Sort:  

လာခဲ့ လိုက်ရမလားဗျ။
😅
!PIZZA

လာခဲ့လိုက် ကဒွန် ... အမြင်တွေ ကျယ်သွားပြီး မပြန်ချင် ဖြစ်သွားမယ်။ !PIZZA

ဗဟုသုတ တိုးပွားရပါတယ်.
!LUV !MEME !PIZZA !hiqvote


Credit: memess
Earn Crypto for your Memes @ hiveme.me!

အခုလိုအားပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ !PIZZA

သူများနိုင်ငံအကြောင်းများ အားကျစရာပဲ။
ကိုဟင် မလေးမှာ လချီ လည်ပတ်နေနိုင်တာလဲ အားကျစရာပဲ။
!PIZZA

ရှိတဲ့ Crypto တွေထုတ်ရောင်းစားတာလည်း ကုန်တော့မယ်လေ...!PIZZA

🍕 PIZZA Party!

I gifted $PIZZA slices here:
donjaun tipped kachinhenry (x1)
kachinhenry tipped donjaun (x1)
princekham tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
walarhein tipped kachinhenry (x1)
@kachinhenry(4/10) tipped @walarhein (x1)
kachinhenry tipped princekham (x1)

Send $PIZZA tips in Discord via tip.cc!

@princekham, the HiQ Smart Bot has recognized your request (2/3) and will start the voting trail.

In addition, @kachinhenry gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

!lol

Why does Humpty Dumpty love autumn?
Because he always has a great fall!

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @johndieo

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)

အားကျဖွယ်ရာ ဗဟုသုတလည်းရ တယ်ဗျာ။
!LOL
!MEME

Lotrimin should make NFTs
They are good at making things non-fungible.

Credit: theabsolute
@kachinhenry, I sent you an $LOLZ on behalf of @htwegyi

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)


Credit: crazyphantombr
Earn Crypto for your Memes @ hiveme.me!