ကျွန်တော်ခရီးသွား - အပိုင်း ( ၁၄ ) ( Henry Aung )

မင်္ဂလာပါ။ ယနေ့ကတော့ ကွာလာလမ်ပူ မြို့လယ်ခေါင် တရုတ်တန်း အကြောင်း အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ တရုတ်တန်း ဆိုလိုက်သည်နှင့် အစားအသောက် များတွဲပါလာပြီ ဖြစ်ပါသည်။ အမှန်ဆိုရလျင် မလေးရှား အစားအစာမှာ ကျွန်တော့ အတွက်တော့ မက်လောက်စရာမရှိပါ။

စင်္ကပူ တွင်လည်း မလေးရှား အစားအစာ ရှိသော ကြောင့် မလေးရှား အစားစာ မှာ ကျွန်တော့ အတွက် အထူးအဆန်း မဟုတ်တော့ပါ။ ထို့ အပြင် မလေး အစားအစာ မှာ အဆီ အစိမ့် ဆီကြော် အစားအစာ များ ဖြစ်သဖြင့် ကျွန်တော် သိပ်ပြီးသဘောမကျပါ။

ကျွန်တော် မလေးရှား တွင် ရှိနေစဉ်တွင်း ထမင်းဟင်း ကိုယ်တိုင်သာ ချက်စားပါသည်။ အရွက်ကြော် / ငါးဟင်း / ကြက်ဥကြော် / ပဲဟင်း စသည်ဖြင့် ။ ထို့အပြင် ကျွန်တော့မဟေသီကလည်း အသားကြိုက်သူ မဟုတ်ရကာ ကြက်ဥကြော် နှင့်လည်း ကိစ္စပြီးပါသည်။

မဟေသီအား မလေးရှား အစားအစာ ကျွေးသောအခါ ( နာဆီလမတ် ) ဟူသော မလေး အုန်းထမင်းသာ အကြိုက်တွေ့ပါသည်။ ကျန်သည့် သားငါး ဟင်းများ တော့ မည်သို့ ကျွေးကျွေးမစားပါ။

(ထမင်းပူပူနှင့် ကြက်ဥ ကြော်။ မလေးရှားတွင် ထမင်းစားရာ၌ ဤကဲ့သို့သော ပလားစတစ်အကြည်လွာအုပ်ထားသည့် စက္ကူများ ခံ၍ စားကြပါသည်။ စားသောက်ပြီးလျင် စက္ကူယူ၍ လွှင့်ပစ် ရုံသာ ဖြစ်ကာ ပန်းကန် ခွက်ယောက် များ ဆေးစရာမလိုပါ။ ထိုစက္ကူအား Makan Paper ဟုခေါ်ပါသည်။ Makan ၏ အဓိပ္ပာယ်မှာ အစားအသောက် ဖြစ်ပါသည်။ အစားအသောက် ခံစားသည့် စာရွက် သို့မဟုတ် ဖက်ရွက်ပေါ့။)

(ငါးကြော်နှင့် Guinness Beer)

(မဟေသီကြိုက်သော နာဆီလမတ် ခေါ် မလေးရှား အုန်းထမင်း)

ဤ မလေးရှား တရုတ်တန်းမှာ KL Central Market ဟူသော ကွာလာလမ်ပူ မြို့လယ်ကောင်နားတွင် ရှိပါသည်။ ဤ KL Central ဈေးကြီး မှာ ၁၈၈၈ ခုနှစ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ပြောရမည်ဆိုလျင် မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါ်မင်း ပါတော်မူပြီး နောက် ၃ နှစ်တွင် တည်ထားသောကြောင့် နှစ်ပေါင်းရာချီ၍ သက်တမ်း ရှိပြီ ဖြစ်သော သမိုင်းဝင် အဆောက်အဦး ဈေးကြီး ဖြစ်ပါသည်။

ဈေးအထဲတွင်တော့ အထည်အလိပ် ဆိုင်များ ပါရှန် ကောဇောဆိုင် ရှားပါး ပစ္စည်းအဟောင်း အရောင်းဆိုင်များ ရတနာဆိုင် ပန်းချီကာ ချပ်များ ရောင်းသော ဆိုင် လျပ်စစ်ပစ္စည်း / နာရီ စသည်ဖြင့် ဆိုင်အများအပြားရှိပါသည်။

မလေးရှား ကွာလာလမ်ပူ ရောက်သူတိုင်း ဤ KL Central Market သို့ မဖြစ်မနေလာရောက်လည် ပတ်ကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနေရာ အနီးနား တဝိုက်မှာ Tourists Attractions နေရာများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ထို KL Central အနီးအနားရှိ တရုတ်တန်းတွင် ကွာလာလမ်ပူ၏ နာမည်ကြီး အမဲလုံးပြုတ် ခေါက်ဆွဲဆိုင်ရှိပါသည်။ မည်မျှ နာမည်ကြီးသနည်းဆိုသော် ဘယ်အချိန်ကြည့်ကြည့် လူအပြည့် ဖြစ်ကာ တန်းစီ စောင့်နေကြရပါသည်။

(မလေးရှား KL Central Market)

(နာမည်ကြီး အမဲလုံးခေါက်ဆွဲဆိုင် ဖွင့်ထားသော Lai Fong Restaurant)

(မီနူး ဆိုင်ဘုတ်)

ခေါက်ဆွဲဆိုင်အား ၁၉၅၆ ခုနှစ်မှ စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ကာ နှစ်ပေါင်း ၆၀ ကျော် သက်တမ်း ရှိပြီ ဖြစ်သော ခေါက်ဆွဲဆိုင် ဖြစ်ပါသည်။ နာမည် ကြီးသည်ဆိုတော့လည်း စားကြည့်ရသည်ပေါ့။

ခေါက်ဆွဲ ပုံမှန် ပွဲ နှင့် ပွဲကြီး ဟူ၍ ၂ မျိုးရှိကာ ပုံမှန်ပွဲ က 14 RM ပွဲကြီး 17 RM ပွဲကြီး အသားပိုထည့် ကတော့ 20 RM ဖြစ်ပါသည်။ ကျွန်တော်တို့ကတော့ သာမန် ပွဲသာ မှာ စားဖြစ်ပါသည်။ သာမန်ပွဲဆိုသော်လည်း အမဲလုံးများ အမဲသား ဖတ်များ အရွတ်များ မနည်းမနောပါ ပါသည်။

17 RM ဆိုတော့ ယနေ့ မလေးရှား ငွေပေါက်ဈေး ၆၅၀ ကျပ်ဖြင့် တွက်လျင် သာမန်အမဲလုံး ခေါက်ဆွဲ တပွဲ ၁၁၀၀၀ ကျပ် ပေးစားရသည့်သဘော ဖြစ်ပါသည်။ မဟေသီကတော့ နာမည်ကြီး၍သာ စမ်းစားကြည့်လိုရင်း ဖြစ်ကာ ခေါက်ဆွဲ တဝက် စားပြီးနောက် ဆက်မစားတော့ပါ။ နဂိုကတည်းက အသားမစားသူဆိုတော့ ကျွန်တော့မှာသာ ၂ ယောက်စာ စားရပါတော့သည်။

အရသာ အကြောင်း ရေးပြရလျင် ကျွန်တော့ အတွက်တော့ သာမန်သာ ဖြစ်ပါသည်။ ထူးထူးခြားခြား အရသာရှိနေခြင်း မဟုတ်ပါ။ မြန်မာပြည်တွင်လည်း အမဲသား ခေါက်ဆွဲ တပွဲ ၁၀၀၀၀ ကျပ်ပေး၍ စားလျင် ထိုမျှလောက် အရသာကောင်းအောင်တော့ လုပ်နိုင်ပါလိမ့်မည်။

(စားသောက်နေကြသူများ)

(အမဲလုံးခေါက်ဆွဲ ကြိတ်နေသော စုံတွဲ)

အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် အမဲသား အမဲလုံး ခေါက်ဆွဲ အား နေရာ အတော်များများ တွင်စားဘူးပါသည်။ သို့သော် ဗီယက်နမ်တို့ လုပ်သော အမဲသားခေါက်ဆွဲအား မမှီပါ။ ဗီယက်နမ် အမဲလုံးခေါက်ဆွဲမှာ အရွက်များများ ဖြင့် ထည့်စား ရပြီး နေ့တိုင်း ကျွေးလျင် နေ့တိုင်း စားနိုင်လောက်အောင် ကောင်းသော ခေါက်ဆွဲ ဖြစ်ပါသည်။

ဆိုတော့ မလေးရှား၏ နာမည်ကြီး အမဲလုံးခေါက်ဆွဲမှာ ကျွန်တော့ အတွက် တော့သာမန် အဆင့်မျှသာ ရှိပါသည်။ ကျွန်တော့ မိတ်ဆွေများလည်း ကွာလာလမ်ပူ ရောက်လျင် သွားစားကြည့်ကြပါရန် တိုက်တွန်း လိုက်ရပါသည်။

Henry Aung ( Kachin )

27/11/2022 - Sunday - 16;46 Pm ( KL )

Sort:  

အမဲလုံး တော့ မကြိုက်ဗျာ
ဝက်သားလုံး ဆိုရင်သာ တီးချင်တာ
!PIZZA

ဝက်သားလုံး ခေါက်ဆွဲတော့ မရှိဘူး... ဝက်နံရိုး ဘာကူတေး တော့ရှိတယ်။ !PIZZA

အမဲလုံးက ကိုဟင်က သာမန်ဆိုတော့ မစားတော့ပါဘူး။ ဗီယက်နမ် ရောက်မှ စားတော့မယ်ဗျာ 😁။
!LOL
!MEME


Credit: memehive
Earn Crypto for your Memes @ hiveme.me!

ဗီယက်နမ်တော့ တခေါက်လောက် အရောက်သွားစေချင်ပါသည်။ !PIZZA

!GIF GREAT

မြစ်ကြီးနားက ည​စျေးတန်းက အမဲလုံး​ခေါက်ဆွဲ အရမ်း​ကောင်းတယ် ကျွန်မတို့ ​ကျောင်းတက်တုန်းက​တော့ ၁ပွဲ ၇၀၀ အခု​တော့ မသိ​တော့ဘူး
!PGM
!LOLZ
!MEME

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444



Credit: cmmemes
Earn Crypto for your Memes @ hiveme.me!

မြစ်ကြီးနား ပြန်မရောက်တော့တာ ၁၉၉၆ ကတည်းကဆိုတော့...!PIZZA

🍕 PIZZA Party!

I gifted $PIZZA slices here:
kachinhenry tipped golden.future (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped suhlaing (x1)
golden.future tipped kachinhenry (x1)
@kachinhenry(5/10) tipped @uthantzin (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped htwegyi (x1)

Learn more at https://hive.pizza!