ကျွန်တော်ခရီးသွား - အပိုင်း ( ၁၅ ) ( Henry Aung )

မင်္ဂလာပါ။ ယနေ့ကတော့ ဤ တောင်ပေါ်မြို့ကလေးရှိ Shopping Center များ အကြောင်း အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ မလေးရှားတွင် ဘယ်မြို့ရောက်ရောက် Shopping Mall ကြီးများ တွေ့ရပါသည်။ ဈေးဝယ် စင်တာများ များသလောက် လာရောက်ဝယ်ယူကြသူများကလည်း ကားကြီးကားငယ်ဖြင့် နေ့စဉ် ဈေးဝယ်ထွက်နေကြပါသည်။

အချို့ Shopping Mall များရှိ ဆိုင်ခန်းများမှာ ဝယ်သူမရှိ ရောင်းသူ ငုတ်တုတ် သာရှိကြသော်လည်း ရောင်းနေမြဲ ရောင်းနေကြဆဲ ဖြစ်ပါသည်။ ယခု ဖေါ်ပြပေးမည့် Shopping Mall မှာ Lotus နှင့် IKEA အမည်ရှိ ဈေးဝယ်စင်တာကြီးများ ဖြစ်ပါသည်။ မည်မျှ ကြီးသနည်းဆိုသော် ကားအစီးရေ ၂၀၀၀ ကျော် တပြိုင်တည်း ပါကင်ထိုးနိုင် လောက်အောင်ကျယ်ပါသည်။

(ကြီးမားကျယ်ပြန့်သော မြေအောက်ကားပါကင်)

Lotus တွင် အိမ်တွင်းပြစ္စည်း အသုံးအဆောင်များ အဝတ်အစား အသုံအဆောင် ကိကိကွကွ မှ စားစရာ အသီးအရွက် သားငါး အကုန် ရနိုင်ပါသည်။ Lotus ဈေးကြီး၏ ဘေးတွင် Home Pro ဈေးကြီး ဖြစ်ပါသည်။ အိမ်ဆောက်ပစ္စည်း အိမ်တွင်ပစ္စည်း အပ်တိုမှ စပြီး ဘိလပ်မြေအဆုံး အကုန်ရနိုင်ပါသည်။

မြန်မာပြည်ရှိ Pro-1 ကဲ့သို့သာ။ ကျွန်တော် တို့ကတော့ "ပစ္စည်းများ မဝယ်နိုင်သည့်တိုင် ဈေးနှုန်းတော့ကြည့်ခွင့်ရှိသည် " ဆိုသည့် အတိုင်း Window Shopping သာ လုပ်ဖြစ်ကြပါသည်။

စက်ပစ္စည်းများ / လျပ်စစ်ပစ္စည်းများ / အိမ်သုံးပစ္စည်းများ ကြည့်ရာတွင် မြန်မာပြည်တွင်တော့ Made in China နှင့် Made in Thailand သာ အကောင်း ထား၍ အသုံးပြုကြရမည် ဖြစ်ပါသည်။ မလေးရှားတွင်တော့ Made in England / Made in Germany အစရှိသော ပစ္စည်းများကို တွေ့ရမည် ဖြစ်ပါသည်။

ဤ Lotus ဈေးကြီးတွင် ကျွန်တော် ယခင်က ရှာမတွေ့ခဲ့သော ဝက်သား ရောင်းသည့် ဆိုင်ခန်းအား ရှာတွေ့ခဲ့ပါသည်။ Non-Halal ဟူသော ဆိုင်းဘုတ် တပ်ထားသော ဆိုင်တွင် ဝက်သား / ဝက်ပေါင် ခြောက် / ဝက်သာ စည်သွပ်ဘူး နှင့် အရက်ပုလင်း များ ဝိုင် ပုလင်းများအား တွေ့ခဲ့ရပါသည်။

ဝက်အူချို တစုံလျင် 3.2 RM / ဝက်လျှာ တတောင့်လျင် 3.5 RM / ဝက်နှလုံး တလုံး လျင် 4 RM စသည်ဖြင့် တွေ့ရပါသည်။ မြန်မာငွေ ၆၀၀ ကျပ်ဖြင့် တွက်လျင် ဝက်အူချို တစုံလျင် ၁၉၀၀/ ၂၀၀၀ ကျပ် ဝန်းကျင်သာ ရှိပါသည်။ ဝက် နှလုံးကတော့ တလုံးလျင် ၂၅၀၀ ခန့်ရှိမည် ထင်ပါသည်။ ဝက်သားဈေးပေါသည်ဆိုရပါမည်။

သို့သော် ဤ မလေးရှားတွင် ရောင်းသော ဝက်သားမှာ စားမကောင်းပါ။ ကျွန်တော် ဝယ်ချက်စားကြည့်ပါသည်။ မြန်မာပြည်တွင် ရောင်းသော ဝက်သားကဲ့သို့ အချို လေးလေးပင်ပင် မရှိပါ။ မွေးမြူရေး ဝက်ဖြစ်သော ကြောင့် ဖြစ်ဟန်တူပါသည်။

( မြန်မာစာတန်းပင် ထိုးထားပေးပါသည်။ )

မလေးရှားတွင် အရက်ကတော့ ရှယ် ဈေးကြီးပါသည်။ ဈေးအပေါဆုံး ဘရန်ဒီ ၈ ပက်ပြား တပြားလျင် မြန်မာငွေ တစ်သောင်းကျော် ပေးသောက်ရမည် ဖြစ်ပါသည်။ မလေးရှားတွင် ဈေးဝယ်ရသည်က အဆင်ပြေပါသည်။ မြန်မာပြည်တွင် K Pay အသုံးတွင်ကျယ်သကဲ့သို့ မလေးရှားတွင်လည်း Touch & Go / Grab Pay စသည်ဖြင့် Mobile Wallet သုံး၍ ပေးနိုင်ပါသည်။

ဈေးဝယ်လျင် ပစ္စည်းထည့်ရန် အိတ်မပေးပါ။ ကြွတ်ကြွတ်အိတ် တလုံး ပြား ၅၀ ပေးရပါသည်။ မပေးလိုလျင် အိမ်မှ ထည့်စရာ ယူလာ။ အခြား Shopping Mall တခုဖြစ်သော IKEA ကတော့ နာမည်ကြီး ဖြစ်ပါသည်။ IKEA သည် နိုင်ငံပေါင်းစုံတွင် ရှိသော်လည်း အဘယ့်ကြောင့် မြန်မာပြည်သို့ IKEA ဝင်မလာသည်ကို နားမလည်နိုင်ခဲ့ပါ။

ယခုတော့ ဝင်လာဖို့ မဆိုထားနှင့် ရှိပြီးသား တောင် ထွက်ကုန်ကြပြီ ဆိုတော့ ပြောစရာ မလိုတော့ပါ။ IKEA သည် အိမ်တွင်း အလှဆင် ခြင်းနှင့် မီးဖိုဆောင် ပစ္စည်း အိမ်တွင်းပစ္စည်း မိမိကိုယ်တိုင် တပ်နိုင် ဆင်နိုင် သော ပစ္စည်းများ ရောင်းသော ကုန်တိုက်ဖြစ်ပါသည်။

အများအားဖြင့် ဧည့်ခန်းအား မည်သို့ အလှဆင်မည် / အိမ်ကျဉ်းပါက မီးဖိုဆောင် / အိပ်ခန်း / ရေချိုးခန်း စသည်ဖြင့် မည်သို့ ပြင်ဆင်နိုင်ကြောင်း ပုံစံနှင့်တကွ ပြသထားပေးပါသည်။ ခလေး အခန်း / စာကြည့်ခန်း စသည်ဖြင့် အသုံးပြုသော ပစ္စည်းများအား ဈေးနှုန်းများ ကပ်ထားပေးသဖြင့် မိမိအခန်း/ ဧည့်ခန်း အလှဆင်ရန် မည်မျှ ကုန်ကျမည်ကိုလည်း ခန့်မှန်း၍ ရစေပါသည်။

များသော အားဖြင့် ကြင်စဦး ဇနီးမောင်နှံ များ / အိမ်ဆောက်နေ အခန်းပြင်နေသော မိသားစုများ / ချစ်သူစုံတွဲများ လာ၍ ကြည့်ကြကာ မိမိအိမ် / အခန်း အားမည်သို့ ပြင်ဆင်ကြမည် ကို စိတ်ကူးယဉ် ၍ ကောင်းစေပါသည်။

လိုအပ်သည့် ပစ္စည်းများကလည်း IKEA တွင် အကုန်ဝယ်၍ ရပါသည်။ အချို့ စုံတွဲများကတော့ ပေကြိုးများ ယူလာကြကာ ဗီရို အမြင့် / စားပွဲ အမြင့် / ထမင်းဟင်းချက်ရန် အကျယ်အဝန်း စသည်ဖြင့် တိုင်းတာယူကြပါသည်။ ဓါတ်ပုံရိုက်ယူ၍လည်း ရပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

28/11/2022 - Monday - 17;08 Pm ( KL )

Sort:  

ဟော့ တွေ့ပြီလေ ဝက်သား စားမကောင်းဘူးတဲ့လား။
ကြွတ်ကြွတ်အိတ် ကို ပိုက်ဆံပေးဝယ်ရတာ
ကောင်းသဗျို့ ဒါမှ ထဲ့စရာ အိတ်ယူလာကြမှာ။
မြန်မာပြည်မှာ အဲ့သလို လုပ်သင့်တယ်။
!LOLZ
!MEME
!PIZZA

They’re selling pre-sliced fruit at Whole Foods
Hey, that's false advertising!

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @htwegyi

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)


Credit: memess.curator
Earn Crypto for your Memes @ hiveme.me!

ဝက်သား စားမကောင်းဘူး။ ဆိုင်က ချက်တဲ့ ဝက်နံရိုး ဘာကူတေး တော့ စားကောင်းတယ်။ !PIZZA

ရှယ်ပါပဲဗျာ !lolz !meme !pizza !hiqvote

What do you call moving from the west coast to the east coast?
A depression.

Credit: theabsolute
@kachinhenry, I sent you an $LOLZ on behalf of @callmemaungthan

Use the !LOL or !LOLZ command to share a joke and an $LOLZ
(5/6)


Credit: arthursiq5
Earn Crypto for your Memes @ hiveme.me!

တကယ့်ကို ရှယ်ပါပဲ !PIZZA

အသား အစိုတွေ ပါကင်ပိတ်ထားတော့ ရေခဲခန်းထဲမှာလား။ ဒီအတိုင်း လပ်ဆပ်ရဲ့လား။
ရေခဲရိုက်မလတ်ဆပ်ရင်တော့ အရသာ ပေါ့ပျက်တာပေါ့။
!PIZZA

အဲဒီအသား ပေါ်မှာ Expire Date တဆိပ် ပါပြီသား။ ရေခဲခန်း မဟုတ်မေမယ့် အတော်လေးတော့ အေးတယ်။!PIZZA

🍕 PIZZA Party!

I gifted $PIZZA slices here:
kachinhenry tipped uthantzin (x1)
@kachinhenry(4/10) tipped @htwegyi (x1)
kachinhenry tipped walarhein (x1)
kachinhenry tipped callmemaungthan (x1)
walarhein tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)

Join us in Discord!

@callmemaungthan, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @kachinhenry gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻