METAMASK နှင့် သတိထားစရာ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ မနေ့က METAMASK အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်၍ ယနေ့တော့ METAMASK တွင် မှတ်သားစရာ အချို့အား ဖေါ်ပြပေးချင်ပါသည်။ ယခု နောက်ပိုင်း ထွက်ပေါ်လာသော De-Fi project များ အားလုံး လိုလိုသည် METAMASK နှင့်ချိတ်ဆက်ထားသည် ဖြစ်ရာ Cryptocurrency ကစားသူတို့ ယခင်ကလို Exchange site များအား မှီခိုရန် မလိုအပ်တော့ပါ။

ဆိုလ်ုသည်မှာ METAMASK တခုအသုံးပြုရုံမျှဖြင့် မိမိ ကြိုက်သည့် Coin / Token များအား အခြားသော Coin / Token များဖြင့် စိတ်ကြိုက် လှဲလှယ် နိုင်ပြီဖြစ်ပါသည်။ ထို့အပြင် Airdrop များရယူရာတွင်လည်း ယခင်ကကဲ့သို့ Etherscan တွင် ရှုပ်ထွေးသော စနစ်များအား ဖြတ်သန်းစရာမလိုပဲ METAMASK တခုရှိရုံမျှဖြင့် အားလုံး အဆင်ပြေနေပြီ ဖြစ်ပါသည်။

တခုသတိထားရမည်မှာ Ethereum Mainnet ကို အသုံးပြုသည် ဖြစ်စေ Binance Smart Chain ကို အသုံးပြုသည် ဖြစ်စေ မိမိ wallet တွင် ငွေသား လက်ကျန် ရှိနေရမည် ဖြစ်ပါသည်။ Ethereum တွင် Eth အနည်းဆုံး 10$ ဖိုးခန့်နှင့် BSC တွင် BNB 10$ ဖိုးခန့် ရှိထားရမည် ဖြစ်ပါသည်။

မိမိ token များအား Swap လုပ်ရာတွင် ၎င်း Airdrop ယူရာတွင် ၎င်း Gas fee များ လိုအပ်ပါသည်။ ဤ တွင် Gas fee မရှိပဲ Token များအား အကြိမ်ကြိမ် Swap လုပ်ခြင်း Airdrop claim လုပ်ရာတွင် Error များ ပေါ်လာမည် ဖြစ်ပါသည်။ Error ပေါ်လာ၍မျှ မရပ်တန့်ပဲ ဆက်၍ ကြိုးစားလုပ်ဆောင်လျင် မိမိ METAMASK တခုလုံး Shutdown ဖြစ်ကာ Error အကြီးစားပေါ်လာလိမ့်မည် ဖြစ်ပါသည်။

ဤသို့ METAMASK shutdown ဖြစ်သွားလျင် မိမိ METAMASK အား Uninstall လုပ်ကာ အစမှ ပြန်လုပ်ယူရမည် ဖြစ်ပါသည်။ ၁၂ လုံး Key များ Password များ ဖြင့် ပြန်ဆယ်ယူ ရမည် ဖြစ်ပါသည်။ အခန့်မသင့်လျင် ယခင်က မိမိ ရရှိထားသော token များ ပျောက်သွားတတ်ပါသည်။

ဤသို့ Error တက်၍ token ပျောက်သွားလျင် အလှုပ်ရှုပ် ပေရော့။ Etherscan တွင် Contract address များ ပြန်ရှာထည့်ရမည် ဖြစ်သလို အခန့်မသင့်လျင် မိမိ token claim ပြီးကြောင်း ပေါ်လာပါက " နိဗ္ဗာန်န ပစ္စယောဟောတု " ဟုဆိုယုံသာ ရှိပါတော့သည်။

ဤသို့ Token ပျောက်သွားလျင် METAMASK သို့ email ပို့၍ အကြောင်းကြားနိုင်ပါသည်။ သို့သော် အလုပ်အင်မတန် ရှုပ်ပါသည်။ မိမိ ပျောက်သွားသော token ၏ နောက်ဆုံး Transition Hash အား ပြန်ရှာရမည် ဖြစ်သလို METAMASK ကလည်း အကြောင်း ပြန်ချင်မှ ပြန်ပါသည်။ ထို့ကြောင့် မိတ်ဆွေ အနေဖြင့် မိမိ METAMASK အား ဂရုတစိုက် အသုံးပြုစေချင်ပါသည်။

Henry Aung ( Kachin )

10/06/2021 - Thursday - 14;45 Pm

Sort:  

ဗဟုသုတ အသိတွေ တိုးရပါသည်
ကျေးဇူးပါ ကိုဟင်။

Coin Token NFT တွေရဲ့ contract address and decibelဂဏန်းတွေ ရှာထည့်နည်း ပြောပြပေးပါဦးဗျ။
!PIZZA and !WINE လေး မြည်းလိုက်ပါဦး။

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (4/10)

အဲဒါတွေက ကိုယ်ယူတဲ့ Airdrop ပေါ်မူတည်တယ်။

အဲ ယခု 15မိနစ်လုပ်သည့် axo2moon ကို bscမှာ ငွေလက်ကျန်မရှိပဲထုတ်ရပါသလား။ ယခု metamask ငွေလက်ကျန်တစ်ပြားမှ မရှိပါ။

Metamask မှာ ETH or BNB မရှိဘဲ withdraw swap unwrap ဘာမှ လုပ်မရပါ။

ETH or BNB ငွေလက်ကျန်ရှိထားရမည့်သဘောလား။
တခုသတိထားရမည်မှာ Ethereum Mainnet ကို အသုံးပြုသည် ဖြစ်စေ Binance Smart Chain ကို အသုံးပြုသည် ဖြစ်စေ မိမိ wallet တွင် ငွေသား လက်ကျန် ရှိနေရမည် ဖြစ်ပါသည်။ Ethereum တွင် Eth အနည်းဆုံး 10$ ဖိုးခန့်နှင့် BSC တွင် BNB 10$ ဖိုးခန့် ရှိထားရမည် ဖြစ်ပါသည်။

မိမိ token များအား Swap လုပ်ရာတွင် ၎င်း Airdrop ယူရာတွင် ၎င်း Gas fee များ လိုအပ်ပါသည်။ ဤ တွင် Gas fee မရှိပဲ Token များအား အကြိမ်ကြိမ် Swap လုပ်ခြင်း Airdrop claim လုပ်ရာတွင် Error များ ပေါ်လာမည် ဖြစ်ပါသည်။ Error ပေါ်လာ၍မျှ မရပ်တန့်ပဲ ဆက်၍ ကြိုးစားလုပ်ဆောင်လျင် မိမိ METAMASK တခုလုံး Shutdown ဖြစ်ကာ Error အကြီးစားပေါ်လာလိမ့်မည် ဖြစ်ပါသည်။

အဲ ၁၅ မိနစ်က ဒေါ်လာ ၅၀၀ ပြည့်တဲ့ အထိ လုပ်ရမှာ ..... post တင်ပေးပါ့မယ်။

500ပြည့်လို့ ထုတ်တဲ့အခါ ကိုယ့်ဝေါ်လ်မှာ ငွေလက်ကျန်ရှိမှ ထုတ်လို့ရတာလား။ မရှိလဲ အဲ့ 500$ က ထုတ်ရသလား ကိုဟင်။