PAL နှင့် ကျွန်တော်ထင်သမျှ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယခုတလော ကျွန်တော် Hive platform ပေါ်သို့ post တင်ရာတွင် မတူညီသော tag များတွဲ၍ အခြားသော token များရယူနိုင်ကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤ tag များတွင် ကျွန်တော်တို့ အစောဆုံး အသုံးပြုခဲ့သော tag မှာ PAL ဖြစ်ပါသည်။ PAL token ရရှိနိုင်သော Palnet.Io project မှာ Hive platform ပေါ်သို့ အသစ်ရောက်ရှိလာသော တနည်းအားဖြင့် Hive power လောက်လောက်လားလား မရှိသူများအတွက် Support ပေးသော Project ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင် ယခင်က ကျွန်တော် post တင်၍ PAL tag တွဲရာတွင် Vote တခုတွင် အနည်းဆုံး 5 PAL ခန့် ရရှိခဲ့ပါသည်။ လွန်ခဲ့သော တပတ်ခန့်မှ စပြီး PAL vote တခုအတွက် ရရှိသော reward မှာ 0.1 PAL အထိ ကျသွားသည်ကို တွေ့ခဲ့ရပါသည်။ အစကတော့ ၃ လ ခန့် Post မတင်ပဲ ပြစ်ထားသည့် အတွက် Vote value မတက်သည်ဟု ထင်ထားခဲ့ရာမှ ၅ ရက်ခန့်ကြာသော အချိန်တွင်လည်း ထူးခြားမလာခဲ့ပါ။

ဘာများ မှားနေသနည်း အဖြေရှာရပါတော့သည်။ ကျွန်တော်တို့ အင်တာနက်လိုင်းများပြတ်တောက်ပြီး Hive နှင့် ခဏတာ ဝေးနေသော အချိန်တွင် PAL လည်း အတော်ကို ပြောင်းလည်းသွားပါသည်။ January 27 ရက်နေ့ Palnet ၏ ကြေညာချက်တွင် Rewards များရယူ၍ PAL token ထုတ်လုပ်ခြင်းထက် PAL mining လုပ်ခြင်းကို ပို၍ ဦးစားပေးမည့် အကြောင်း ဖေါ်ပြထားပါသည်။ ကြေညာချက် အပြည့်အစုံအား မဖေါ်ပြတော့ပါ။

အကျဉ်းချုပ်အနေဖြင့် PAL staking လုပ်ထားသူတို့၏ Rewards အား ၇၅ % လျှော့ချပြစ်လိုက်၍ mining လုပ်သူတို့ Reward အား ၆၀ % အထိတိုးပေးလိုက်ပါသည်။ ဤ တွင် PAL mining လုပ်ခြင်းအား နားမလည် ၍ မဖေါ်ပြပေးနိုင်သည်ကို ခွင့်လွတ်စေချင်ပါသည်။ Hive Engine ၏ token များ mining လုပ်ခြင်း အကြောင်း လေ့လာရပါအုံမည်။

အကြမ်းဖျင်းဆိုရလျင် PAL သည် Rewards ပေးခြင်းထက် Mining လုပ်၍ token ထုတ်ယူခြင်းကို ပိုအားပေးမည့်သဘောဖြစ်ပါသည်။ ဤတွင် PAL mining လုပ်ရာ၌ PALM နှင့် PALMM ဟူ၍ နှစ်မျိုးတွေ့ရပါသည်။ Hive Engine ဈေးကွက် တွင် 1 PALM မှာ 17 Hive ခန့်ဈေးပေါက် ကာ 1 PALMM အတွက် ပေါက်ဈေးမှာ 20 Hive ခန့်ဈေးပေါက်လျက်ရှိပါသည်။ အတော်ဈေးကြီးသည့် သဘောဖြစ်ပါသည်။ သို့သော် နှစ်ခုစလုံး အတွက် ဝယ်လိုအား ရောင်းလိုအား အနည်းငယ်သာ ရှိ၍ အရောင်း အဝယ်မရှိကြပါ။ ဆိုရလျင် ဈေးကွက် မအောင်မြင်သည့် သဘော ဖြစ်ပါသည်။

ထို့အပြင် PAL က duplup.io ဟူသော Platform တခုအားလည်း February လတွင် လွင့်တင်ထားခဲ့ပါသည်။ ထို Platform မှာ အနီးစပ်ဆုံး ဥပမာပေးရလျင် Revie Hunt နှင့် ခပ်ဆင်ဆင်တူပါသည်။ ဥပမာတခု ပေးရလျင် မိမိတွင် PAL 100 ရှိသည်။ မိမိက မေးခွန်းတခု ထုတ်လိုက်သည်။ မှန်လျင်စား မှားလျင် လျော် ။

ဥပမာ ဆိုလျင် နက်ဖြန် ၁၂ နာရီ ကျော်လျင် BTC ဈေး ၆၀၀၀၀ အထက်ရှိလိမ့်မည်။ Yes / No ဖြေယုံသာ။ နက်ဖြန် BTC 60000 ကျော်သွားလျင် Yes ဖြေသူ များကို လျော်ပေး ၊ No ဖြေသူထံမှာ စား ။ Yes ဖြေသူ များလျင် တော့ မိမိ ရှုံးမည်။ ထိုကဲ့သို့ market ဖွင့်ကစားကြသည့် သဘောဖြစ်ပါသည်။

လက်ဝှေ့ပွဲ ရှိသည် မည်သူနိုင်မည်။ Yes / No ။ အသေးစိတ်အား Dublup.io တွင် သွားရောက်လေ့လာကြည့်ပါ။ ဆိုတော့ PAL အကြောင်းကို ဆက်ကြပါအုံးစို့ ။ PAL သည် Leofinance အား အတုယူကာ ဤသို့ ပြောင်းလည်းမှုလုပ်ဆောင်လိုက်သည်ဟု ထင်ပါသည်။ ကျွန်တော့အထင်သာ ဖြစ်ပါသည်။

ဤသို့ ပြောင်းလည်းမှု လုပ်ဆောင်လိုက်ခြင်းသည် PAL အား စိတ်ဝင်စားမှု တန့်သွားကြသည်ဟု ထင်ပါသည်။ အပြောင်း အလည်း တွင် PAL များ ထိုးတက် သွားသော်လည်း Mining တွင် လူအများ စိတ်ဝင်စားမှု နည်းခြင်း dublup တွင်လည်း တဖြည်းဖြည်း စိတ်ဝင်စားလာမှု နည်းသွားခြင်းကြောင့် PAL ဈေးများ ထိုးကျလာပါတော့သည်။

ယခင်က PAL သည် Hive Engine ၏ ဈေးကွက် ထိပ်တန်း အဆင့် ၁၀ ဝင်ခဲ့သော်လည်း ယခု အဆင့် ၁၅ နေရာသို့ကျဆင်းကာ ၂၄ နာရီ ဝယ်ရောင်း ဒေါ်လာ ၂၅၀ ခန့်သာ ရှိပါတော့သည်။ ဝယ်လိုအား ထက်ရောင်းလို အား ပိုများကာ 1 PAL = 0.0172 Hive အထိ ကျဆင်းနေခဲ့ပြီဖြစ်ပါသည်။

PAL နှင့် Leo အပြောင်းအလည်း မှာ မတူညီပါ။ Leo က ပြင်ပသို့ ထွက်ကာ မိမိ token အား ပြင်ပရှိ token များ ဖြင့် ဝယ်ရောင်းနိုင်ရန် ကြိုးစား ခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ပြင်ပ ရင်နှီးမြုပ်နှံမှုအား ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။ PAL က Hive အတွင်း၌ သာ ပြောင်းလည်း ခြင်း ဖြစ်ပြီး လည်ပတ်နေသော Hive များ PAL သို့ ဝင်လာစေရန် ဆွဲဆောင်ခြင်း ဖြစ်ပါသည်။

မည်သို့ ပင်ဆိုစေ PAL စီစဉ် သူများက မိမိ တို့ Project အောင်မြင်စေရန် ဆောင်ရွက် ကြသည် ဖြစ်ရာ ဤ တနည်းဖြင့် မရလျင် နောက်တနည်း ဖြင့် ကြံဆ ကြပါလိမ့်မည်။ လောလော ဆယ်တော့ PAL stacking လုပ်ထားရခြင်းက အကျိုးအမြတ်နည်းသည်တော့ အမှန်ပင် ဖြစ်ပါသည်။

Henry Aung ( Kachin )

11/05/2021 - Tuesday - 12;13 Pm

Sort:  

ယခင် Steemit မှာတုန်းက 1PALMM ကို 100 Steem ဖြင့် ဝယ်ပြီး Mining လုပ်ခဲ့ဖူးတယ်။
Mining က ပုံမှန်မဟုတ်ဘဲ ကံစမ်းသည့်သဘော ပြန်ပေးနေ၍ အာရုံမရခဲ့ပါ။
ဒါနဲ့ unstake လုပ်ကာ ရောင်းဖို့ ကြံခဲ့ရာ 0.5 PALMM ကို 25Steem ဖြင့်ပြန်ရောင်းနိုင်ခဲ့သည်။ အရှုံးပြတာပေါ့။
ကျန်တဲ့ 0.5 ထွက်မလာခင် HIVE ဘက်ပြောင်းလာကြသောအခါ 0.5 PALMM ကို 50 HIVE ဖြင့် ရောင်းထုတ်နိုင်ခဲ့ပါတယ်။
သို့ဖြစ်၍ Hive-engine မှ Mining များကို အာရုံမကျတော့ပါ။

Mining token တွေ ဈေးကြီးလှချည်လား.... ဒါကြောင့်လည်း စိတ်ဝင်စားမှူ နည်းလာတာ ဖြစ်မယ်။ PAL က ပြင်ပ ဈေးကွက် ဖေါက်နိုင်ရင်တော့ တမျိုးပေါ့။

Pal စျေးက စစခြင်းပြောင်းလဲတုန်းက အတော်ထောင်တက်သွားခဲ့တာ။
Pal 9000 ကို 400 US ထိတက်ဖူးတယ်။ Token အားလုံးက Stake
ထားခဲ့တာဆိုတော့ မရောင်းစားနိုင်ခဲ့ဘူး😁...
Pal နှင့် ကံလွဲခဲ့ခြင်းပေါ့...

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza

ဒီလိုပဲပေါ့.... ဈေးအတက်အကျ ဆိုတာ။ ကိုယ်တေက Stack လုပ်ပြီး Reward ယူတာ ပိုသဘောကျတာကိုး၊

အင်း ဘယ်လိုပင်ဆိုသော်ညား ပိုစ်တင် တက်တွဲယုံဖြင့်
သူ့ တိုကင်များရနေသည် မှာ နည်းသည် များသည် ရရှိနေသည်ပင်။

လုံးဝမရတာထက်စာ ရင်တော့ နည်းသည် များသည် မရွေးပေါ့။ ဒါပေသိ စိတ်ကသိကအောက်တော့ ဖြစ်ရတာပါ့။